ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အထွန်းတောက်ဆုံး အနုပညာကြယ်တစ်ပွင့်ဖြစ်တဲ့ Aamir Khan ကတော့ မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ မစိမ်းတဲ့သူတစ်ယောက်ဖြစ်မယ်ထင်ပါတယ်။ Aamir Khan ဟာ Every Child Is Special ၊ 3 Idiots ၊ PK စတဲ့ ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်တွေကြားမှာ တဟုန်ထိုးနာမည်ကျော်ကြားခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာလည်း ဟောလိဝုဒ်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Forrest Gump ဇာတ်ကားကို ပြန်လည်ရိုက်ကူးသွားမယ်လို့သိရပါတယ်။

Source: Pinterest

၁၉၉၄ ခုနှစ်ကပြသခဲ့တဲ့ Forrest Gump ဇာတ်ကားကိုတော့ ကမ္ဘာကျော်မင်းသားကြီး Tom Hanks ကရိုက်ကူးခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာနဲ့အတူ အော်စကာဆု (၆) ဆုတိတိ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ အခုလိုကမ္ဘာတစ်ဝှမ်းအောင်မြင်ကျော်ကြားခဲ့တဲ့ Forrest Gump ဇာတ်ကားကို Aamir Khan တစ်ယောက်ဘယ်လိုပုံစံမျိုးတွေနဲ့ ပြန်လည်ရိုက်ကူးသွားမလဲဆိုတာ အရမ်းကိုစိတ်ဝင်စားနေ ကြပါတယ်။

Source: Filmfare

Forrest Gump ဇာတ်လမ်းကို Aamir Khan နဲ့ပြန်လည်ရိုက်ကူးဖို့အတွက် ကမ္ဘာကျော်ရုပ်ရှင် Production တစ်ခုဖြစ်တဲ့ Paramount ရုပ်ရှင်ထုတ်လုပ်ရေးက ဝယ်ယူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဇာတ်ကားကိုတော့ မကြာခင်အချိန်အတွင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး လာမယ့်၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ မင်းသားကြီး Tom Hanks နဲ့ Aamir Khanတို့ဟာ ရုပ်ချင်းဆင်တဲ့အပြင် Aamir Khan အနေနဲ့ မင်းသားကြီးTom Hanks နဲ့ မတူညီတဲ့ပုံစံတွေကို ဘယ်လိုအကောင်းဆုံးသရုပ်ဆောင်သွားမလဲဆိုတာ တကယ့်ကိုရင်ခုန်စရာပါပဲ။

Source: www.thenews.com.pk