သားသမီးတွေနဲ့ပက်သတ်ပြီး အပြစ်ပေးဖို့အတွက် မိဘတိုင်းမှာ ကိုယ့်နည်းကိုယ်ဟန် ရှိကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကလေးတွေက မိဘစကားကို လုံးဝနားမထောင်တဲ့ အချိန်ရှိပါတယ်။ ဒါကတော့ မိဘတွေအနေနဲ့ ပြောဆိုဆုံးမ မှုပုံစံမှားယွင်းနေလို့ ဖြစ်ပါတယ်။ ဒီနေ့ kwee page က သားသမီးတွေကို ဆုံးမတဲ့နေရာမှာ မိဘတွေလုပ်မိတက်ကြတဲ့ အမှားလေးတွေကို ပြောပြပေးသွားမှာပါ။

အများရှေ့မှာ အော်ငေါက်တာ

Source: Herald-Mail

သင်က shopping center လိုနေရာမျိုးမှာ ရောက်နေတယ်ဆိုပါစို့။ သင့်ကလေးက ကြမ်းပြင်ပေါ်မှာ အချိုရည်ဘူးမှောက်ကျသွားတယ်။ သင်ဘာလုပ်မလဲ။ နောက်တခါမလုပ်ဖို့ သတိပေးရင်ပေးမယ်။သတိပေးတာကိုမှ ကလေးက ထပ်လုပ်မိနေရင်တော့ လူမြင်ကွင်းမှာအော်ငေါက်မိသွားမယ်။ လူမြင်ကွင်းမှာအော်ငေါက်မိတဲ့အခါ ကလေးတွေက မိဘပြောနေတာကို အာရုံမစိုက်မှာ မဟုတ်ပါဘူး။ ဆိုးကျိုးအနေနဲ့ လူမြင်ကွင်းမှာ အအော်ငေါက်ခံလိုက်ရတာကြောင့် ကလေးက စိတ်အတွင်းထဲမှာ ဒဏ်ရာရသွားတက်ပါတယ်။ ဒီလို လူမြင်ကွင်းမှာ အော်ငေါက်ပြီး ဆူမယ့်အစား ကလေးနဲ့ နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာ ကလေးရဲ့ အပြုအမူနဲ့ပက်သတ်ပြီး တိုင်ပင်ဆွေးနွေးလို့ရပါတယ်။

မုန့်ကြွေးပြီးချော့တာ

Source: Parents

ဒါကတော့ မိဘတွေ အများစုလုပ်နေကြတဲ့ လုပ်ရပ်တစ်ခုပါ။ ကလေးတွေကို ငြိမ်ငြိမ်လေးနေစေဖို့အတွက် မုန့်ပေးပြီး စားခိုင်းတာမျိုး (သို့) ငိုနေစဉ် အငိုတိတ်အောင် မုန့်ပေးချော့တာမျိုးတွေက ကလေးတွေရဲ့ အတွေးထဲမှာ မှားယွင်းတဲ့ အယူအဆတွေ သွတ်သွင်းနေတာနဲ့တူပါတယ်။ ကလေးတွေအနေနဲ့ ဆိုးသွမ်းတဲ့ အပြုအမူတွေကနေ ဆုလာဘ်ရရှိတယ်ဆိုတဲ့ အတွေးတွေ ဝင်သွားတက်ပြီး ကောင်းတဲ့အပြုအမူတွေကို ပြုမူတော့မှာမဟုတ်ပါဘူး။

ဗိုက်ဆာတာကို သတိမပြုမိတာ

Source: Smart Parents

သင်က သူငယ်ချင်းတွေနဲ့ ထိုင်ပြီးပျော်ရွှင်စွာ စကားပြောနေတယ်။ အဲ့ဒီအချိန်မှာ ကလေးက ပစ္စည်းတွေတစ်ခုပြီးတစ်ခု လွှတ်ပစ်နေတယ်။ အဲ့ဒါအခါမျိုးမှာ သင်ကကလေးငြိမ်အောင်လို့ ဖုန်းပေးထားလိုက်မှာပါ။ ဒါပေမယ့်ဒါက ကူညီရာမရောက်ပါဘူး။ ကလေးကို ဘယ်အချိန်နောက်ဆုံးထမင်းကျွေးခဲ့တာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ကလေးအငြိမ်မနေပဲ ပစ္စည်းတွေလွှတ်ပစ်နေတာက သူ ဗိုက်ဆာနေတာကြောင့်ပါ။ ဒါကို မိဘတွေက သတိမပြုမိဘဲ ကလေးတွေကို စိတ်မရှည်ဖြစ်နေတတ်ပါတယ်။

ဒေါသတကြီးတုံ့ပြန်ခြင်း

Source: Kiddocare

ကိုယ့်ကလေးက ပစ္စည်းတစ်ခုခု ပျက်စီးသွားအောင်လုပ်လိုက်မိတဲ့အခါမျိုးမှာ ပြင်းပြင်းထန်ထန်အော်မိတတ်ကြပါတယ်။ မိဘက အော်လိုက်လို့ ကလေးကသင်ခန်းစာရပြီး နားလည်သဘောမပေါက်သွားနိုင်ဘူးဆိုတာသိရင် အဲဒီလိုမျိုးမလုပ်သင့်ပါဘူး။ ပြင်းပြင်းထန်ထန်အော်လိုက်လို့ သူလုပ်မိတဲ့အမှားကို ကလေးက နားလည်သဘောပေါက်မှာမဟုတ်ပါဘူး။ အဲဒီလိုအော်မဲ့အစား ကလေးကို နောက်ထပ်မလုပ်အောင် ချိုချိုသာသာလေး သတိပေးဖို့ ကြိုးစားကြည့်ပါ။