လူတစ်ယောက်ချင်းစီတိုင်းမှာ မနက်ခင်းအိပ်ရာနိုးတာနဲ့ ပြုလုပ်လေ့ရှိတဲ့ လုပ်ရိုးလုပ်စဉ်အလေ့အကျင့်တွေ ရှိကြပါတယ်။ ဥပမာ ရေသောက်ခြင်း သတင်းစာဖတ်ခြင်း ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း စသည်ဖြင့်ပေါ့။ ဒီအလေ့အထတွေက ကောင်းမွန်တဲ့အလေ့အကျင့်တွေဖြစ်ပေမယ့် တချို့သော အလေ့အထအမှားတွေကိုလည်း လူအများစုလုပ်မိနေတက်ကြပါတယ်။ ဒီတစ်ခေါက်မှာ လူတိုင်းဆင်ခြင်သင့်တဲ့ မနက်ခင်းအလေ့အထ အမှားများအကြောင်းမျှဝေပေးချင်ပါတယ်။

(၁) နိုးစက်ပိတ်ပြီးပြန်အိပ်ခြင်း


Source : Evening Standard

နိုးစက်ပိတ်ပြီး ပြန်အိပ်တဲ့အလေ့အထကို လူအများစုလုပ်မိတက်ကြပါတယ်။ နိုးစက်ပိတ်ပြီး ပြန်အိပ်တာက သင့်ကိုအိပ်ရေးဝပြီး လန်းဆန်းနေစေမယ့်အစား တနေ့ တာလုံးမှာ မူးဝေနေပြီး စိတ်မလန်းမဆန်းပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာနိုးစက်ပိတ်ပြန်းပြန်အိပ်တက်တဲ့အလေ့အထမျိုးလုပ်နေမိရင်ချက်ချင်းရပ်တန့်လိုက်ပါ။

(၂) ဖုန်းကိုင်ခြင်း

Source : Medium

လေ့လာမှုစစ်တမ်းတွေအရ အသက် ၁၈ မှ ၂၉ နှစ်ကြားလူတွေရဲ့ ၆၃ ရာခိုင်းနှုန်းဟာ အိပ်ရာနိုးတာနဲ့ သူတို့ရဲ့ ဖုန်းတွေကို စစ်လေ့ရှိကြပါတယ်။ တကယ်တော့ အိပ်ရာနိုးချင်းဖုန်းကိုင်တာဟာ ကောင်းမွန်တဲ့အလေ့အထတစ်ခုမဟုတ်သလို ကျန်းမာရေးကိုလည်းဆိုးရွှားစွာထိခိုက်စေနိုင်ပါတယ်။

(၃) ကော်ဖီသောက်ခြင်း

Source : Freepik

ကော်ဖီကြိုက်သူတွေအတွက်တော့ အိပ်ရာနိုးတာနဲ့ ကော်ဖီတစ်ခွက်သောက်လိုက်မှ နေသာထိုင်သာရှိတယ်လို့ဆိုကြပါတယ်။ အမှန်တော့ မနက် ၉ နာရီမတိုင်ခင် ကော်ဖီသောက်တာက စိတ်ဖိစီးမှုကိုပိုဖြစ်စေပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုရှုပ်ထွေးသွားစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနိုးချိန်မှာ ကော်ဖီအစား ရေတစ်ခွက်သောက်သုံးတာကပိုပြီးသင့်တော်ပါတယ်။

(၄) ရေပူနှင့်ရေချိုးခြင်း

Source : OhMyApartment

ခန္ဓာကိုယ်ကြွက်သားများပြေလျော့စေရန်နှင့် အညောင်းညာပြေစေရန် မနက်ခင်းမှာရေပူနှင့်ရေချိုးတက်ကြပါတယ်။ တကယ်တော့ မနက်ခင်းရေပူချိုးတာဟာ လန်းဆန်းမှုတွေပျောက်ဆုံးသွားစေပြီး အိပ်ချင်တဲ့စိတ်ကိုပိုဖြစ်စေပါတယ်။ မနက်ခင်းမှာရေချိုးမယ်ဆိုရင် ရေအေးနှင့်ရေချိုးခြင်းကသာအသင့်တော်ဆုံးဖြစ်ပြီး စိတ်ရောခန္ဓာကိုယ်ပါလန်းဆန်းစေမှာဖြစ်ပါတယ်။