၂၀၁၉ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားကောင်းတွေ အများကြီးထွက်ရှိခဲ့ကြတယ်။ ပရိသတ်တွေတော်တော်များများက Avengers: Endgame, Aladdin စတဲ့နာမည်ကြီး ဇာတ်ကားတွေကိုပဲ ကြည့်ကြတာများပါတယ်။ ဒါပေမဲ့ အဲ့နှစ်ထဲမှာပဲ တခြားဇာတ်ကားကောင်းများစွာထွက်ရှိခဲ့ပါသေးတယ်။

တစ်ချို့ဇာတ်ကားတွေဟာဆိုရင် ဆုတွေတောင်ရရှိခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေ သိတာနည်းကြတယ်။ ဒီဇာတ်ကားတွေအကြောင်းကို ဒီနေ့ kwee ကပြောပြပေးသွားမှာပါ။

The Highwaymen

Source: The Cinema Files

ရုပ်ရှင်တွေ မီဒီယာတွေက Bonnie Parker နှင့် Clyde Barrow တို့ကို နှစ်ပေါင်းအတော်ကြာ ရိုဆန်တဲ့အတွဲတွေအဖြစ် အသိအမှတ်ပြုပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သူတို့နှစ်ယောက်ဟာ ဘဏ်ဓားပြ၊ သွေးအေးလူသက်သမား တွေဖြစ်နေပြီးတော့ လူတော်တော်များများရဲ့ ဘဝကို ဖျတ်စီးခဲ့ကြတဲ့သူတွေပါ။

The Highwaymen ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက တရားမျှတမူကို ပြန်လည်ရှာဖွေပေးတဲ့ဇာတ်ကားပါ။ Texas ပြည်နယ်ရဲ့ ရဲတွေဖြစ်တဲ့ Frank Hamer နှင့် Maney Gault တို့က အဆိုပါ လူသက်သမားအတွဲ လိုက်လန် ဖမ်းဆီးတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ အမေရီကန် မူခင်းဒရာမာ ရုပ်ရှင်အမျိုးအစားမှာ အကောင်းဆုံးလိုတောင် ပြောလို့ရပါတယ်။

The Irishman

Source: YouTube

အဖိုးကြီး Frank Sheeran ဟာ ရာဇဝတ်သမား Russell Bufalino နှင့်တွေ့ပြီးကတည်း သူ့ဘဝကြီး လုံးဝပြောင်းလဲသွားတာကို သတိထားမိလာခဲ့တယ်။ Frank ဟာ Irishman ဆိုတဲ့နာမည်ပြောင်နဲ့ ဂန်းစတား လူဆိုးဘဝကို ရောက်သွားတဲ့အချိန်မှာ တော့သူ့ရဲ့ဘဝဟာ စိတ်ဝင်စရာ ကောင်းလာပါတော့တယ်။

ဒါရိုက်တာ Martin Scorsese က Robert De Niro နှင့် Al Pacino ခေါင်းဆောင်နေရာမှာထားပြီး ဒီ crime drama ဇာတ်ကားအမျိုးအစားကို ရုက်ကူးထားပါတယ်။ ရုပ်ရှင်ကျွမ်းကျင်သူတွေရဲ့ မှတ်ချက်ကောင်းတွေရရှိထားတဲ့ The Irishman ဟာ IMDb score — 8.1 အထိတောင်ရရှိထားတာကြောင့် ကြည့်သင့်တဲ့ ထဲမှာပါပါတယ်။

Cold Pursuit

Source: The Hollywood news

ဒီဇာတ်ကားမှာတော့ Taken ဇာတ်ကားမှာ မင်းသားကြီး Liam Neeson က အဓိကဇာတ်ကောင် Nels Coxman အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျည်းလေးကတော့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ Nels Coxman ရဲ့သားကို သက်မိသွားတဲ့အချိန်ကစပြီး မိသားစုဝင်ရဲ့စံပြ အဖေဖြစ်တဲ့ Nels ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

သူ့သားအတွက် လက်စားချေဖို့ရာ နိူင်ငံရဲ့မြောက်ဘက်မှာရှိတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေများကြီး နေတဲ့ မြို့လေးကို သွားရောက်ပြီး စုံးစမ်းပါတော့တယ်။ ဒီဇာတ်ကိုတော့ ဒါရိုက်တာ Hans Petter Moland ကရိုက်ကူးထားတာပါ။

The Two Popes

Source: Qobuz

Pope Benedict (Anthony Hopkins) ဟာ Pope Francis (Jonathan Pryce) နေရာမှာ အစားထိုးတာဝန်ယူရဖို့ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားဟာ မတူညီတဲ့လူနှစ်ယောက် ကမ္ဘာတစ်လွှား လူပေါင်းသန်းချီစောင့်ကြည့်ခံနေရတဲ့ လူနှစ်ယောက် ရဲ့အခတ်အခဲတွေကို ရိုက်ကူးပုံဖော်ထားတာပါ။

ဒီဇာတ်ကားဟာ ၂၀၂၀ မှာ Oscar ၂၄ ဆုအတွက် ဆန်ကာတင် စာရင်းမှာပါဝင်ခဲ့ပြီး ၂ ဆု ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ထွက် ရုပ်ရှင်တွေထဲမှာ ကြည့်ရှုဖို့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆိုလည်းး မမှားပါဘူး။