Photo Credit : SEScoops
Photo Credit : Youtube
WrestleMania 35 မှာတော့ ခါးပတ်လုပွဲမဟုတ်ဘဲ ရိုးရိုး Single Matches တွေအဖြစ် အေဂျေစတိုင် နဲ့ ရန်ဒီအော်တန် ၊ ရိုမန်ရိမ်းစ် နဲ့ ဒရူးမက်အင်တိုင်း The Miz နဲ့ ရှိန်းမစ်မန်းတို့ပွဲတွေ ပါဝင်နေပြီး ကတ်အန်ဂယ်နဲ့ ဘယ်ရန်ကော်ဘင်တို့ပွဲကတော့ ကတ်အန်ဂယ်ရဲ့ နှုတ်ဆက်ပွဲဖြစ်ပါတယ်။ WWE ရဲ့ COO ထရစ်ပယ်အိတ်ခ်ျ နဲ့ ရုပ်ရှင်မင်းသားတောင်ဖြစ်နေတဲ့ ဘတစ္စတာတို့ပွဲကတော့ ထရစ်ပယ်အိတ်ခ်ျသာ ရှုံးမယ်ဆိုရင် WWE ကနေ အပြီးတိုင်ထွက်ခွာရမယ့်ပွဲဖြစ်ပါတယ်ဗျ။
Photo Credit : WON/F4W
(Unicode)
နပမ်းပွဲတွေကို နှစ်သက်ကြတဲ့ ကွီးတွေအတွက် သတင်းကောင်းတစ်ခုပါးချင်ပါတယ်ဗျ။ လာမယ့် တနင်္ဂနွေနေ့မှာဆိုရင်တော့ WWE ပြိုင်ပွဲရဲ့ အခမ်းနားအကြီးကျယ်ဆုံးသော နပမ်းပွဲကြီး WrestleMania 35 ကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ဒီနှစ်မှာ ကျင်းပမယ့် WrestleMania 35 ရဲ့ ပွဲစဉ်တွေကလည်း တကယ့်ကို စိတ်ဝင်စားစရာတွေပါ။ ဒါကြောင့်မို့ ကျွန်တော်ဒီနေ့မှာ ဒီအကြောင်းအရာလေးကို ပြောပြသွားဖို့ ရွေးချယ်ထားပါတယ်ခင်ဗျာ။
Photo Credit : SEScoops
၃၅နှစ်ပြည့် WrestleMania 35 ကိုတော့ အမေရိကန်နိုင်ငံ နယူးဂျာစီမြို့မှာရှိတဲ့ MetLife Stadium ထဲကြီးမှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အဓိကနပမ်းပွဲပေါင်း ၁၆ပွဲအထိကို တဝကြီး ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ နောက်ပြီး တစ်ခုထူးခြားနေတာက ဒီနှစ် WrestleMania 35 ရဲ့ Main Event နောက်ဆုံးပွဲက အမျိုးသမီး(၃)ယောက်ရဲ့ (၃)ယောက်ပတ်လည် တိုက်ခိုက်ရမယ့် ခါးပတ်လုပွဲဖြစ်ပြီး ဒါဟာ WrestleMania သမိုင်းတလျှောက် ပထမဆုံး အမျိုးသမီးတွေပါဝင်တဲ့ Main Event ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Youtube
WrestleMania 35 မှာတော့ ခါးပတ်လုပွဲမဟုတ်ပဲ ရိုးရိုး Single Matches တွေအဖြစ် အေဂျေစတိုင် နဲ့ ရန်ဒီအော်တန် ၊ ရိုမန်ရိမ်းစ် နဲ့ ဒရူးမက်အင်တိုင်း The Miz နဲ့ ရှိန်းမစ်မန်းတို့ပွဲတွေ ပါဝင်နေပြီး ကတ်အန်ဂယ်နဲ့ ဘယ်ရန်ကော်ဘင်တို့ပွဲကတော့ ကတ်အန်ဂယ်ရဲ့ နှုတ်ဆက်ပွဲဖြစ်ပါတယ်။ WWE ရဲ့ COO ထရစ်ပယ်အိတ်ခ်ျ နဲ့ ရုပ်ရှင်မင်းသားတောင်ဖြစ်နေတဲ့ ဘတစ္စတာတို့ပွဲကတော့ ထရစ်ပယ်အိတ်ခ်ျသာ ရှုံးမယ်ဆိုရင် WWE ကနေ အပြီးတိုင်ထွက်ခွာရမယ့်ပွဲဖြစ်ပါတယ်ဗျ။
Photo Credit : WON/F4W
ဒီနှစ်မှာလည်း အရင်နှစ်တွေလို André the Giant Memorial Battle Royal ဆိုတဲ့ ကြိုးဝိုင်းကနေ ပစ်ချတဲ့ပွဲလည်း ဆက်လက်ပါဝင်နေသေးသလို အမျိုးသမီးနပန်းမယ်တွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ WrestleMania Women’s Battle Royal ပွဲလည်း ပါဝင်နေပါသေးတယ်။ နောက်ပြီး အမျိုးသမီးနှစ်ယောက်တွဲ ခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ဘေလီနဲ့ဆာရှာဘန်တို့က ဘတ်ချ်ဖီးနပ်စ်နဲ့နာတယ်လီယာအဖွဲ့ အိုင်ကောနစ်အဖွဲ့ နိုင်ရာဂျက်စ်နဲ့တာမီနာအဖွဲ့တွေနဲ့ (၄)ဖွဲ့ပတ်လည်ပွဲကို ဆင်နွဲရမှာပါ။ ဒီလိုပါပဲ WWE Smack Down Tag Team ခါးပတ်လုပွဲကိုကလည်း (၄)ဖွဲ့ပတ်လည်ဖြစ်ပြီးတော့ လက်ရှိချန်ပီယံ အူဆိုအဖွဲ့က ရစ်ကိုရှက်နဲ့အလက်စတာဘလက်အဖွဲ့ The Bar အဖွဲ့ နာကာမူရာနဲ့ရူးဆပ်အဖွဲ့တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ WWE Raw Tag Team ခါးပတ်လုပွဲကတော့ ချန်ပီယံ The Revival အဖွဲ့က ကတ်ဟောကင်းစ်နဲ့ဇက်ရိုက်ဒါတို့အဖွဲ့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Photo Credit : TJRWrestling.net
တခြားခါးပတ်လုပွဲတွေအဖြစ် ဘော်ဘီလက်ရှ်လေနဲ့ ဖင်ဘဲလ်လာတို့က WWE Intercontinental Championship ပွဲကို ဆင်နွဲရမှာဖြစ်ပြီး စမိုအာဂျိုးနဲ့ 619 လို့ လူသိများတဲ့ ရေးမက်စတီယိုတို့ကတော့ WWE United States Championship ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ WWE Champion ခါးပတ်လုပွဲမှာတော့ လက်ရှိချန်ပီယံ ဒန်နီရယ်ဘရိုင်ယန်က ကိုဖီကင်စတန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး WWE Universal Champion ခါးပတ်လုပွဲမှာတော့ ချန်ပီယံကြီး ဘရော့လက်စနာက Shield အဖွဲ့သားဟောင်း ဇက်ရိုလင်းနဲ့ ဆုံတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆုံး Main Event အဖြစ်ကတော့ အမျိုးသမီး Raw နဲ့ Smack Down ချန်ပီယံ ခါးပတ်နှစ်ခုလုံးကို ဘက်ကီလင့်ချ် ရှာလက်ဖလဲယားနဲ့ ရွန်ဒါရောက်ဆီတို့က (၃)ယောက်ပတ်လည်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။