ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးနေမာဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ကာတာအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာထပ်မံရရှိသွားခဲ့ပါတယ်။

ဘရာဇီးအသင်းခေါင်းဆောင် နေမာဟာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ငိုကြွေးပြီး အဝတ်လဲခန်းထဲကို တိုက်ရိုက်ဝင်သွားခဲ့ပါတယ်။

Source: Pinterest

ဘရာဇီးဘောလုံးအသင်း တာဝန်ရှိသူတွေကတော့ နေမာဟာ ဒဏ်ရာကြောင့် ဇွန်လ ၁၄ ၂၀၁၉ ရက်နေ့မှ ဇွန်လိုင်လ ၇ ရက်နေ့ထိ ကျင်းပမဲ့ ၂၀၁၉ Copa America ပြိုင်ပွဲတွင် ဝင်ရောက်ကစားပေးနိုင်ဖို့ အခြေအနေမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဘရာဇီးကစားသမားဟာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရိုသန်း ၂၂၂ သန်းနဲ့ ၂၀၁၇ သြဂုတ်လမှာ ပြောင်းရွှေ့ခဲ့ပါတယ်။ ပြောင်းရွှေ့ပြီးနောက်ပိုင်း ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ၃ လကြာပြိုင်ပွဲတွေနဲ့ လွဲချော်ခဲ့ရတဲ့ မှတ်တမ်းများလည်း ရှိခဲ့ပါတယ်။

Source: Hindustan Times

ဘရာဇီးလ်အသင်းက တိုက်စစ်ပိုင်းမှာ ရစ်ချာလီဆင်၊ ဂါဘရီရယ်ဂျီးဆပ်စ်၊ နေမာတို့ ၃ ဦးကို အထောင်ထားပြီး ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိတိုက်စစ်မှူးနေမာဟာ ဒဏ်ရာရရှိခဲ့တာကြောင့်၂၀၀၇ နောက်ပိုင်း တောင်အမေရိက ပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိဖို့ ရည်မှန်းထားတဲ့ ဘရာဇီးလ် အသင်းတာဝန်ရှိသူတွေအတွက် ခေါင်းခဲစရာကိစ္စတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘရာဇီးအသင်းဟာ အသင်းခေါင်းဆောင်ရာထူးကို အသင်းဖော်တဦးဖြစ်တဲ့ ဒန်နီအဲ့ဗက်စ်ကို လွှဲပြောင်းတာဝန်ပေးထားပါတယ်။