Xiaomi ရဲ့ Audio Devices တွေထဲက နောက်ဆုံးထွက် Earbuds အမျိုးအစား တစ်ခုဖြစ်တဲ့ Redmi Buds 7S ကို ကြေညာလိုက်ပါပြီ။ ဒီ Earbuds က ဆီလီကွန်အစွပ်မပါပဲ နားထဲမှာ အံဝင်ခွင်ကျဖြစ်စေမယ့် Open Ear Semi-in-ear ဒီဇိုင်းနဲ့ ထုတ်ပေးလာပြီး Dual Drivers နဲ့ ဘက်ထရီ သက်တမ်းကတော့ ၃၂ နာရီအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Redmi Buds 7S

Photo : GSMArena.com

Redmi Buds 7S မှာ ၁၂.၄ မီလီမီတာ တိုက်တေနီယမ်နဲ့ ပြုလုပ်ထားတဲ့ Main Drivers နဲ့ ၅.၅ မီလီမီတာ Micro-piezoelectric Ceramic-coated Tweeters တွေ ပါရှိပါတယ်။ နားကြပ် ၂ ဖက်လုံးက Bluetooth 5.4 ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပြီး 360 ဒီဂရီ အသံစနစ်ကို ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် ANC (Active Noise Cancellation) ထောက်ပံ့ပေးထားပြီး နားကြပ်တစ်ဖက်စီမှာ မိုက်ခရိုဖုန်း ၂ ခုလည်း ထည့်သွင်းပေးထားပါတယ်။

Redmi Buds 7S နားကြပ်ဟာ ဖုန်ဒဏ်ရေဒဏ်ခံ IP54 အဆင့်သတ်မှတ်ချက် ပါရှိပြီး Xiaomi ဘက်က ကြေညာထားတာကတော့ နားကြပ်တွေကို ၆ နာရီခွဲခန့် ဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ကာ Case ထဲမှာ အားပြန်သွင်းပြီး သုံးမယ်ဆိုရင် စုစုပေါင်း နာရီပေါင်း ၃၂ နာရီအထိ အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။

Redmi Buds 7S
Photo : GSMArena.com

Redmi Buds 7S ရဲ့ အရောင်တွေ အနေနဲ့ကတော့ Clear Snow White ၊ Light Lake Green နဲ့ Midnight Black ဆိုပြီး ၃ ရောင်ထုတ်ထားပြီး ဈေးနှုန်းကတော့ ယွမ် ၂၀၀ (ဒေါ်လာ ၂၇) ခန့် သတ်မှတ်ထားကာ လာမယ့် ဧပြီလ ၁၁ ရက်နေ့ကစပြီး တရုတ်နိုင်ငံမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com