Xiaomi ဟာ အသစ်ထွက်ရှိလာတဲ့ Xiaomi 13 စီးရီး ဖုန်းတွေအတွက် မိတ်ဆက်မယ့် ရက်ကို အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ Xiaomi 13 စီးရီးအသစ် မိတ်ဆက်ပွဲကို လာမယ့် ဒီဇင်ဘာ ၁ ရက် ကြာသပတေးနေ့ ဘေဂျင်းစံတော်ချိန် ည ၇ နာရီမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီပွဲမှာ Xiaomi 13 နဲ့ 13 Pro ဖုန်းတွေနဲ့အတူ MIUI 14 ကိုလည်း ကြေညာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo : FoneArena.com

Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကတော့ အပေါ်ဘက် ၁.၆၁ မီလီမီတာအထူနဲ့ အောက်ဘက် ၁.၈၁ မီလီမီတာအထူရှိတဲ့ ဘေးဘောင်တွေနဲ့ ပါးလွှာတဲ့ OLED မျက်နှာပြင်သုံး Xiaomi 13 စီးရီးရဲ့ တရားဝင် Render တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Xiaomi 13 စီးရီး ဖုန်းတွေရဲ့ Screen အကျယ်ဟာ ၇၁.၅ မီလီမီတာ ရှိမှာဖြစ်ပြီး လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်ရလွယ်ကူစေမှာ ဖြစ်ပါတယ်။ Xiaomi 13 စီးရီးဖုန်းတွေ အားလုံးဟာ IP68 ပါရှိပြီး ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ခံတွေကို ကောင်းကောင်းခံနိုင်မယ်လို့လည်း အတည်ပြုထားပါတယ်။

Photo : FoneArena.com

ဒါ့အပြင် Xiaomi ဟာ ၎င်းတို့ရဲ့ Watch S2 စမတ်နာရီနဲ့ Xiaomi Buds 4 TWS နားကြပ်တွေ အပါအဝင် Xiaomi ရဲ့ ပထမဆုံး Desktop ကွန်ပျူတာ ၊ အသစ်ထပ်မံ ထုတ်ထားတဲ့ Wi-Fi Router နဲ့ ပရိုဂျက်တာတွေကိုလည်း ကြာသပတေးနေ့မှာ ကျင်းပမယ့် မိတ်ဆက်ပွဲမှာ တစ်ခါတည်း ထည့်သွင်းမိတ်ဆက်သွားမယ်လို့ ကြေညာထားပါတယ်။

Featured Photo : GSMArena.com