ဘာစီလိုနာနဲ့ မန်ချက်စတာစီးတီးဂန္တဝင်ကွင်းလယ်ကစားသမား ယာယာ တိုရေးဟာ လာလီဂါအမှတ်ပေးဇယား အဆင့် ၉ နေရာမှာ အံ့အားသင့်ဖွယ်ရပ်တည်နေရတဲ့ အသင်းဟောင်းရဲ့ အဖြစ်ကို မချိတင်ကဲဖြစ်ပြီး ပြန်ကစားပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ရော်နယ် ကိုးမန်းရဲ့ အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အနိုင်ယူခြင်းကို ထပ်မံ ခံခဲ့ရတာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ နောက်ထပ်ဖိအားတွေ ဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တဲ့ တိုရေးက တွစ်တာလူမှုကွန်ရက်ကနေတဆင့် အသင်းကို ကူညီဖို့အတွက် အဆင်သင့်ရှိနေတယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။

Toure Yaya at Barcelona

Photo: 90Mins

“ဘာစီလိုနာအသင်းမှာ ရှိခဲ့ရတဲ့ ကျွန်တော့်အချိန်တွေက ဘောလုံးကစားခဲ့တဲ့ သက်တမ်းတလျှောက်လုံးက အကောင်းဆုံး အမှတ်တရတွေထဲက တစ်ခုပါ။ အသင်းက ထိပ်တန်းလိဂ်တွေမှာ သက်သေမပြသနိုင်သေးတဲ့ လူငယ်ကစားသမားပဲ ရှိသေးတဲ့ ကျွန်တော့်ကို ယုံကြည်မှုပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော့်အတွက် အသင်းက လုပ်ပေးခဲ့တာတွေအတွက် တသက်လုံး ကျေးဇူးတင်နေမှာပါ”

“အသင်းအတွက် ခက်ခဲတဲ့အချိန်တွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းအတွက် ကျွန်တော့်ရဲ့ ယုံကြည်မှုက အားကောင်းပါတယ်။ ကျွန်တော်က အသင်းက လိုအပ်ရင် အချိန်မရွေး အသင်းအတွက် ရှိနေပေးမှာပါ။ ကျွန်တော့် နှလုံးသားက အသင်းနဲ့၊ ပရိသတ်တွေနဲ့အတူ ထာဝရရှိနေမှာပါ”လို့ ရေးသားခဲ့ပါတယ်။

ဘဏ္ဍာရေးအခြေအနေအကြပ်ရိုက်မှုနဲ့ ကွင်းတွင်း၊ ကွင်းပြင် အကောင်းမြင်စရာ အနည်းငယ်သာ ရှိနေတဲ့အချိန်မှာ တိုရေးက အသင်းဟောင်း ဘာစီလိုနာအသင်းအတွက် မဖြစ်မနေလိုအပ်နေတဲ့ လမ်းကြောင်းပေါ် သွတ်သွင်းပြီး စတင်ပြီး ရှေ့ဆက်သွားနိုင်အောင် ကူညီသွားချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဥက္ကဌ လာပေါ်တာက နည်းပြ အပြောင်းအလဲ ပြုလုပ်သွားဖို့ ဆန္ဒရှိနေပုံမပေါ်ဘဲ အက်သလက်တီကို မက်ဒရစ်အသင်းအိမ်ကွင်းကို သွားရောက်မယှဉ်ပြိုင်မီ စနေနေ့မှာ ကိုးမန်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Featured Photo: fcbarcelonanoticias