New York Sour ကော့လ်တေး ဟာ စွဲမက်ဖွယ်အရသာရှိပြီး ဖျော်စပ်ရတာရိုးရှင်းတဲ့အပြင် အရောင်အဆင်း လှပတဲ့ ကော့တေးလ်တစ်ခွက် ဖြစ်ပါတယ်။ ဒီ ဂန္တဝင် ကော့လ်တေးမှာ ကောက်ဝီစကီကို အဓိက အသုံးပြုပြီး နောက်ထပ် ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဝိုင်နီကလည်း မည့်သည့် ဝိုင်နီအမျိုးအစားမဆို သုံးလို့ရပါတယ်။ ဒီကော့လ်တေးမှာ စွဲမက်ဖွယ်အရောင်အဆင်းနဲ့ အလွှာနှစ်လွှာပါဝင်တဲ့အတွက် လူကြိုက်များတဲ့ ကော့လ်တေး လည်းဖြစ်ပါတယ်။ ဒီလို ကော့လ်တေးတစ်ခွက်ကို ကွီးတို့ ကိုယ်တိုင်အိမ်မှာပဲ လွယ်လွယ်ကူကူ ဖျော်စပ်လို့ပါတယ်။ ဒါကြောင့် ရိုးရှင်းလွယ်ကူတဲ့ New York Sour ကော့လ်တေး တစ်ခွက်ဖျော်စပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

New York Sourကော့လ်တေး တစ်ခွက် ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့………………

York Sour ကော့လ်တေး

Photo : The Spruce Eats

(၁) ဝီစကီ ၂ အောင်စ
(၂) ဝိုင်နီ ၁/၂ အောင်စ
(၃) လတ်ဆတ်တဲ့ သံပုရာရည် စားပွဲဇွန်း ၂ ဇွန်းစာ
(၄) Simple Syrup ၁/၂ အောင်စ
(၅) ရေခဲများ နှင့်
(၆) အလှဆင်ရန်အတွက် သံပုရာသီးစိပ်လေးများ စသည်တို့ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေ အကုန် ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ New York Sourကော့လ်တေး ဖျော်စပ်ဖို့ အသင့် ဖြစ်ပါပြီ။

ဖျော်စပ်ပုံကတော့……

(၁) ပထမဦးစွာ ကော့လ်တေး Shaker ထဲကို ရေခဲများဖြင့် ဖြည့်ပါ။ ပြီးနောက် ဝီစကီနဲ့ သံပုရာရည်နဲ့ Simple Syrup ကို လောင်းထည့်ပါ။
(၂) ထို့နောက် Shaker အဖုံးကို ပိတ်ပြီး ၁၅ မီနစ်ခန့် သေချာ လှုပ်ပါ။

York Sour ကော့လ်တေး

Photo : 2foodtrippers

(၃) Shaker ထဲမှ အရည်များကို ကွီးတို့ ကြိုက်နှစ်သက်ရာ ဖန်ခွက်ထဲသို လောင်းထည့်ပါ။ ထို့နောက် ဝိုင်နီကို ဖန်ခွက်ထဲမှ ကော့လ်တေး မျက်နှာပြင်ပေါ်သို့ ဇွန်းကို ပြောင်းပြန်မှောက် လျက်ဖြေးညင်းစွာ ထည့်ပါ။

(၄) ပြီးနောက် ကော့လ်တေးပေါ်သို့ သံပုရာရည် အနည်းငယ် ညှစ်ပြီး၊ သံပုရာသီးစိပ်လေးများနဲ့ အလှဆင်လိုက်ပါ။

cocktails

Photo : Restaurant Clicks

ဒါဆိုရင်တော့ လှပတဲ့ အရောင်အဆင်းနဲ့ New York Sour ကော့လ်တေး လေးတစ်ခွက် အဆင်သင့်ဖြစ်ပါပြီး။ လုပ်ရတာရိုးရှင်းလွယ်ကူတဲ့ ဒီကော့လ်တေးလေးကို ကွီးတို့ သူငယ်ချင်းတွေနဲ့အတူ ဖျော်စပ်သုံးဆောင်လို့ရသလို ကွီးတို့ ရဲ့အိမ်တွင်းပါတီမှာလည်း ဧည့်သည်တွေအတွက် ထည့်သွင်းဧည့်ခံလို့ကောင်းတဲ့ ကော့လ်တေး လေးပါပဲ။

Source : The Spruce Eats

Featured Photo : The Nosey Chef