လူတိုင်းလူတိုင်း ဘဝမှာအောင်မြင်ချင်ကြသူတွေချည်းပါပဲ။ သို့သော် အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့တော့မရနိုင်ပါဘူး။ ကိုယ်လိုချင်တဲ့အောင်မြင်မှုပန်းတိုင်ကိုရောက်နိုင်ဖို့ ကြိုးစားမှု ၊ ဇွဲလုံ့လရှိမှုတွေနဲ့ တစိုက်မတ်မတ် လုပ်ဆောင်ဖို့လိုသလို တချို့သောအလေ့အကျင့်ဆိုးတွေကိုလည်း သင့်ဘဝထဲကအပြီးတိုင် ဖျောက်ဖျက်ပစ်ဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အောင်မြင်ချင်ရင် စွန့်လွတ်ဖို့လိုတဲ့ အလေ့အကျင့်တွေအကြောင်းပြောပြပေးသွားမှာပါ။
(၁) ကျရှုံးမှာကြောက်ခြင်း

Source : Freepik
အောင်မြင်မှုကိုလူတိုင်းလိုချင်ပေမယ့် ကျရှုံးမှုကိုတော့ ဘယ်သူမှမလိုချင်ကြပါဘူး။ သို့သော် ကျရှုံးမှာကြောက်ပြီး ဘာမှမလုပ်ရင်လည်း အောင်မြင်မှုဆိုတာ ရှိမလာနိုင်ပါဘူး။ အောင်မြင်နေတဲ့သူတွေရဲ့ ဘဝမှာလည်း အကြိမ်ကြိမ်ကျရှုံးမှုတွေနဲ့ ရင်းနှီးခဲ့ကြရတာပါ။ ကျရှုံးမှုတွေကြုံလာတိုင်းမှာ အကောင်းဆုံးသင်ခန်းစာယူပြီး ရှေ့ဆက်နိုင်ဖို့ပဲလိုတာဖြစ်ပါတယ်။
(၂) အချိန်ဖြုန်းခြင်း

Source : Freepik
ခေတ်သစ်လူနေမှုပုံစံထဲမှာ အချိန်ကုန်စေမယ့် အရာတွေအများကြီးရှိနေပါတယ်။ ဆိုရှယ်မီဒီယာတွေ ၊ ဂိမ်းတွေ ၊ ဖျော်ဖြေရေးကဏ္ဍတွေက ယနေ့ခေတ်လူငယ်တွေနဲ့ မကင်းနိုင်ဘူးဆိုပေမယ့်လည်း ဒီအရာတွေထဲမှာပဲ အချိန်တွေကုန်ဆုံးနေလို့မရပါဘူး။ အားလပ်ချိန်တွေမှာ ဗဟုသုတတိုးစေဖို့ စာဖတ်တာ ၊ အွန်လိုင်းသင်တန်းတွေတက်ပြီး ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံတာမျိုးတွေလုပ်သင့်ပါတယ်။
(၃) ကျန်းမာရေးဂရုမစိုက်ခြင်း

Source : Freepik
လူတစ်ယောက်ဟာ အလုပ်တွေပဲဖိလုပ်ပြီး ကျန်းမာရေးကိုဂရုမစိုက်လို့လည်း မရပါဘူး။ ကျန်းမာမှ ဖြစ်ချင်စိတ်ကူးအိပ်မက်တွေ ရည်ရွယ်ချက်ပန်းတိုင်တွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ အလုပ်နဲ့ဘဝဟန်ချက်ညီအောင်ထိန်းနိုင်မှလည်း အောင်မြင်ဖို့အတွက်များစွာအထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။
(၄) ပေါင်းသင်းဆက်ဆံရေးမကောင်းခြင်း

Source : Freepik
ပေါင်းသင်းဆက်ဆံရေးက အောင်မြင်ဖို့အတွက် အစိတ်တစ်ပိုင်းအရေးပါပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းကြောင့် အခွင့်အလမ်းကောင်းတွေ ရလာနိုင်ပါတယ်။ ဒါကြောင့် လူတွေနဲ့ များများပေါင်းသင်းဆက်ဆံပါ။ မိတ်ဆွေဖွဲ့ပါ။
