အမျိုးသားအများစုဟာ ညဘက်အိပ်ယာဝင်ချိန် နောက်ကျတတ်ကြပါတယ်။ သူငယ်ချင်းတွေကြောင့်၊ ဂိမ်းတွေကြောင့်၊ ဘောလုံးပွဲတွေကြောင့် စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ ညနက်မှအိပ်တတ်တဲ့အကျင့်တွေ စွဲနေတတ်ကြပါတယ်။ တကယ်တော့ ညနောက်ကျမှအိပ်စက်ခြင်းဟာ ဆိုးကျိုးတွေနဲ့ပြည့်နှက်နေတယ်ဆိုတာ သတိပြုသင့်ပါတယ်။

ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်သလဲ

Source: sayidy

လေ့လာမှုတစ်ခုရဲ့ဖော်ပြချက်အရ ညနက်မှအိပ်ယာဝင်တတ်သူများဟာ အသက်ငယ်ငယ်နဲ့ သေဆုံးနိုင်ချေများတဲ့သူများဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ဆီးချိုရောဂါဖြစ်ပွားမှုမြင့်မားနေပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုများကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။

ဇီးကွက်မျက်လုံးပိုင်ရှင်များ

Source: Huffington Post

ဇီးကွက်တွေဟာ ညဘက်မှာအိပ်စက်လေ့မရှိကြပါဘူး။ ထိုနည်းတူစွာ ညဘက်တွေမှာအိပ်စက်ဖို့ ဝန်လေးတတ်သူများရှိကြပါတယ်။ ညဦးပိုင်းမှာ မှားယွင်းတဲ့အပြုအမူတွေကြောင့် ညနက်တဲ့အခါမှာ မျက်လုံးဟာအိပ်စက်ဖို့ခဲယဉ်းသွားပြီး မျက်စိကြောင်သွားတတ်ပါတယ်။ ဒီလိုမှားယွင်းတဲ့ နေထိုင်ပြုမူခြင်းတွေဟာ နောက်ပိုင်းမှာအကျင့်တစ်ခုသဖွယ် စွဲသွားတတ်ပြီး ညဘက်တွေမှာ နှစ်ခြိုက်စွာအိပ်စက်ခြင်းတွေနဲ့ တဖြည်းဖြည်းဝေးကွာသွားနိုင်ပါတယ်။

ပြန်ပြောင်းဖို့ကြိုးစားကြမယ်

Source: Eat This, Not That!

သင်ဟာဇီးကွက်တစ်ကောင်လို မျက်လုံးမျိုးအသွင်ပြောင်းနေပြီလား။ ဒါဟာကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ကိစ္စတစ်ရပ်ပါပဲ။ သာမာန်လူတွေကို ကောင်းမွန်စွာအိပ်စက်ခြင်းတွေ ပြန်ရနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲဖို့လိုတာပေ့ါ။ သိပ်တော့မခက်ခဲပါဘူး။

ဘယ်လိုပြောင်းလဲကြမလဲ

Source: The Cheat Sheet

စစချင်း အသေးမွှားဆုံးအပြုအမူလေးတစ်ခုကို စတင်ပြောင်းလဲကြည့်လိုက်ပါ။ သင့်အိပ်ယာဝင်ချိန်ကို မိနစ်-၃၀ စောလိုက်နိုင်ဖို့ပါပဲ။ အစားအသောက်စားချိန်ကို မှန်ကန်စေဖို့ကြိုးစားပါ။ နေ့စဉ်သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ပေးပါ။ ညဦးပိုင်းတွေမှာ ဖုန်း၊ကွန်ပြူတာတွေနဲ့ ဝေးဝေးနေလိုက်ပါ။ ဘောလုံးပွဲတွေအပေါ်မှာလည်း အစွဲအလမ်းသိပ်မထားဖို့ လိုအပ်ပါတယ်။ ဒီလိုသာစနစ်တကျပြုပြင်ပြောင်းလဲနိုင်ခဲ့ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်ခြင်းကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။