သင့်လက်တွဲဖော်က ဖောက်ပြန်နေပြီလို့ သံသယဝင်နေပြီလား။ ဒါကိုဘယ်လို ဖော်ထုတ်မလဲ။ ဖောက်ပြန်မှု တော်တော်များများမှာ တူညီတဲ့ အချက်လေးတွေရှိပါတယ်။ Relationship တစ်ခုမှာ ဖောက်ပြန်နေတဲ့သူဆီမှာ အောက်ဖော်ပြပါ အပြုအမူလေးတွေကို တွေ့ရနိုင်ပါတယ်။

(၁) အရင်ကထက် ပိုလှအောင် နေလာမယ်

Source: Love Panky

ဒါကတော့သိသာပါတယ်။ အရင်ကနဲ့ မတူ ထူးထူးခြားခြား အလှတွေပြင်လာမယ်၊ ဝတ်ပုံစားပုံတွေ ပြောင်းလဲလာတယ်ဆိုတာက မိမိ အပြင် တခြားတယောက်ကို ဆွဲဆောင်ဖို့ပါပဲ။ ဒါပေမဲ့ ပွဲလမ်းသဘင်နဲ့ အလုပ်အတွက် ပြင်ဆင်တာကိုတော့ တခြားတယောက်အတွက် အလှတွေပြင်နေပါတယ်လို့ သွားပြောလို့ မရပါဘူး။ ပိုပြီးသေချာအောင် အောက်ကအချက်တွေ ထပ်ဖတ်ကြည့်လိုက်ပါ။

(၂) ဖုန်းတွေ၊ ကွန်ပြူတာတွေ လျှို့ဝှက်စွာ သုံးလာမယ်

Source: Dailymail.co.uk

Relationship တစ်ခုမှာ ဖောက်ပြန်နေတဲ့သူတွေက ဖုန်း၊ ကွန်ပြူတာနဲ့ လူမူကွန်ရက်တွေ အရင်ကထက်ပိုပြီး အသုံးပြုလာတတ်ပါတယ်။ အရင်က Password မခံထားတဲ့ဖုန်းတွေဟာ နောက်ပိုင်း Password တွေသုံးလာပါမယ်။ ဒါကတော့ အရမ်းထင်ရှားတဲ့ အချက်မဟုတ်သေးပါဘူး။ ရေချိုးတဲ့အချိန် (သို့) အိမ်သာသွားတဲ့အချိန်မှာတောင် ဖုန်းကို လက်ကမချဘဲ ယူသွားလေ့ရှိရင်တော့ ဒါကကောင်းတဲ့ လက္ခဏာ မဟုတ်တော့ပါ။

ဖုန်းဆက်ဖို့ ဒါမှမဟုတ် ဓာတ်ပုံလေးတွေကြည့်ဖို့အတွက် သူ့ရဲ့ဖုန်းကို ပေးမထိဘူးဆိုရင်တော့ ဒါကလည်းပြသာနာတစ်ခုပါ။ မိမိကို ပေးမသိစေချင်တဲ့ အကြောင်းအရာတွေ သူ့မှာရှိနေပါပြီ။

(၃)  အရင်လို ဖုန်းဆက်ရင်မကိုင်တော့ဘူး

Source: Kim Komando

တကယ်လို့ သင့်ရဲ့ လက်တွဲဖော်က သင့်အပေါ်ဖောက်ပြန်နေပြီဆိုရင် ဖုန်းခေါ်တာတွေကို လွယ်လွယ်နဲ့ ပြန်မဖြေတော့ဘူး။ စာတိုတွေလည်းပြန်မပို့တော့ဘူး။ အစည်းအဝေးထိုင်နေလို့ပါ၊ ကားမောင်းနေလို့ပါ၊ ဖုန်းလိုင်းမမိလို့ပါ စသဖြင့် အကြောင်းပြချက်တွေ ပေးလာပါလိမ့်မယ်။

ပြီးတော့ အလုပ်နောက်ကျတဲ့အချိန် ဒါမှမဟုတ် အလုပ်နဲ့ ခရီးသွားနေတဲ့ အချိန်တွေမှာ ဆက်သွယ်လို့ မရဘူးဆိုရင်တော့ ဒါကတကယ့်ပြသာနာကြီးတခုပါပဲ။ သင့်ကို အမှန်တကယ်ချစ်တဲ့သူက အမြဲတမ်းသင့်အတွက် အသင့်ရှိနေတတ်ပါတယ်။

(၄) အမြဲတမ်း သင့်အပေါ် ဒါမှမဟုတ် Relationship အပေါ် အပြစ်တင်နေမယ်

Source: Best Life

ဖောက်ပြန်တဲ့ သူတွေဟာ မကောင်းတာလုပ်ထားတဲ့သူ ဖြစ်တဲ့အတွက် လိပ်ပြာမလုံဖြစ်တတ်ပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်ကို အပြစ်ပဲ မြင်လာမယ်။ သူ့အတွက်ဘာပဲ လုပ်ပေးလုပ်ပေး ကျေနပ်တဲ့ပုံမပြဘူး။ တစ်ခုခု လွဲချော်သွားရင် အပြစ်တင်လို့ မဆုံးတော့ဘူး။ စကားပြောရင်အမြဲတမ်း ကတောက်ကဆ ဖြစ်တယ်။ မိမိအနားကနေ အမြဲတမ်း ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာတွေက ဖောက်ပြန်တတ်တဲ့သူ့တွေရဲ့ အပြုအမူတွေပါပဲ။

(၅) သူ့ရဲ့အချိန်ဇယားတွေ ပြောင်းလဲလာမယ်

Source: Parents

ဒါကတော့ အထင်ရှားဆုံးအချက်တစ်ချက်ပါ။ အရင်ကတစ်ခါမှာ အလုပ်ကနေနောက်ကျပြီး မပြန်ဖူးတဲ့သူက ရုတ်တရက် အလုပ်နောက်ကျပြီး ပြန်လာမယ်။ တရက်နှရက်မဟုတ်ပဲနဲ့ ရက်ဆက်ဆိုသလို အိမ်ကို နောက်ကျပြီးမှ ပြန်ရောက်မယ် ဆိုရင် လိမ်နေတာသေချာပါပြီ။ အရင်တုန်းက အလုပ်ကနေ ခရီးသွားတာ တခါတလေပဲဆိုပေမဲ့ နောက်ပိုင်း အလုပ်ကို အကြောင်းပြပြီး မကြာခဏ ခရီးတွေသွားနေမယ်။

အရင်က အမှတ်ရစရာတွေ ဥပမာ အရေးကြီးတဲ့ အဖြစ်အပျက်တွေ မေးလိုက်ရင် မသိတော့တာ မိမိရဲ့ မွေးနေ့ကို မမှတ်မိတော့တာတွေက ဖောက်ပြန်သူတွေမှာ တွေ့ရတတ်ပါတယ်။

ကဲ Kwee ပရိသတ်တိုရေ သင့်ဆီမှာကို ဒီလိုအဖြစ်အပျတ်မျိုးတွေ ကြုံနေရပြီလား။ ကိုယ့်ဖက်က သက်သေတွေ ရှိနေရင် ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါ။ ဒီလိုမှ မဟုတ်ပဲ ကိုယ်ကပဲချစ်နေပြီးတော့ သူက ကိုယ့်အပေါ်ခံစားမှုမရှိတော့ဘူးဆိုရင် ဆွဲမထားပါနဲ့။ အချိန်ကြာလာတာနဲ့အမျှ ဒဏ်ရာတွေများလာပါလိမ့်မယ်။ ကိုယ့်ဆီမှာ အချစ်ထက်အရေးကြီးတဲ့ အရာတွေ ဥပမာ လှပတဲ့အနာဂတ်၊ မိသားစု သူငယ်ချင်းတွေရှိသေးတာကို သတိရလိုက်ပါ။