“ဒါတော့ မစားနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး” ဆိုပြီး ပြောကြတဲ့ တချို့ စားစရာတွေက ကျန်းမာရေးအကျိုးရှိတယ်ဆိုတာ သိစေချင်ပါတယ်။ အတော်များများက အခုပြောမယ့် စားသောက်စရာတွေကို Bad Foods စာရင်းမှာ ထည့်သွင်းထားကြပါတယ်။ တကယ်တော့ ဒီစားသောက်စရာတွေမှာလည်း ကျန်းမာရေးကောင်းကျိုးတွေ ရှိနေပါတယ်။

(၁) ဘီယာ

Beer

Photo: dumblittleman

ဘီယာကိုတော့ ကျန်းမာရေးနဲ့ မညီဘူးလို့ ပြောကြပါလိမ့်မယ်။တကယ်တော့ အတိုင်းအထွာနဲ့ Limit ထားသောက်ရင် ဘီယာသောက်တာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဘီယာဟာ နှလုံးရောဂါအဖြစ်နည်းစေတယ်လို့ ယူဆထားပါတယ်။ ဘီယာမှာ ပါတဲ့ ခါးရှရှအက်ဆစ်ဟာ ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်သလို ဘီယာထဲက နည်းပါးလှတဲ့ အီသနောဟာ အစာချေရာမှာ အထောက်အကူပြုတဲ့ အစာချေအက်ဆစ်ကို လှုံ့ဆော်နိုင်ပါတယ်။

(၂) အာလူး

Potato

Photo: dumblittleman

အာလူးကြော်ဆိုရင် Unhealthy ဖြစ်တယ်လို့ ဆိုပါတယ်။ အာလူးဟာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ အာလူးဟာ အမျှင် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပြည့်နေတာကြောင့် ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်သလို ရောင်ရမ်းမှုဆန့်ကျင်ဓါတ်လည်း ရှိပါတယ်။

(၃) ချောကလက်

Chocolate

Photo: Unsplash

ချောကလက်ကို ဝိတ်တက်မှာကြောက်သူတွေက ရှောင်ကြပါတယ်။ သိပ္ပံနည်းကျ အထောက်အထားတွေအရ တစ်နေ့တစ်နေ့ ချောကလက်နည်းနည်း စားပေးတာဟာ ကျန်းမာရေးအကျိုးများပါတယ်။ Dark Chocolate ဆိုရင် မဂ္ဂနီဆီယမ် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါပြီး ဆီရိုတိုနင်ဓါတ်မြင့်မားတာကြောင့် စိတ်ထဲက မပျော်မရွှင်ဖြစ်နေတာတွေကို လျော့ပါးစေနိုင်စွမ်းရှိပါတယ်။

(၄) ချိစ်

Cheese

Photo: dumblittleman

လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာကတည်းက လူတွေဟာ ချိစ်တွေကို စားလာကြတာပါ။ ကိုလက်စထရောများပြီး နှလုံးကျန်းမာရေးထိနိုင်တယ်ဆိုတာကြောင့် ချိစ်ကိုလည်း Bad Foods စာရင်းမှာ ထည့်သွင်းလေ့ရှိပါတယ်။ချိစ်မှာ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင် B12 မြင့်မားပြီး Omega 3 Fatty Acids လည်း ကြွယ်ဝပါတယ်။ ကယ်လ်ဆီယမ်ဟာ သွား‌နဲ့ အရိုးတွေ ခိုင်မာစေပါတယ်။ ချိစ်ရဲ့ ပရိုတိန်းဓါတ်ဟာ ဆံပင်နဲ့ အသားအရေကောင်းဖို့ပါ အကျိုးပြုပါတယ်။ တခြားကျန်းမာရေးအကျိုးအနေနဲ့ သွေးအတွင်း သကြားဓါတ်ထိန်းညှိမှု ၊ ကိုယ်ခံအားစနစ် မြှင့်တင်မှုဆိုတဲ့ အကျိုးတွေလည်း ရမှာ ဖြစ်ပါတယ်။