ရီးရဲလ်မတ်ထရစ်ရဲ့ ချန်ပီယံလိဂ်ကနေ စောစီးစွာ ထွက်ရှိမှုတွေ၊ မြို့ခံပြိုင်ဘက်ဘာစီလိုနာကို အရှက်တကွဲရှုံးနိမ့်မှု၊ လိဂ်ပြိုင်ပွဲတွေမှာ ကြယ်စင်စုကစားဟန်ပျောက်ဆုံးမှုတွေ၊ ကစားသမားအချင်းချင်းအဆင်မပြေမှုတွေနဲ့ ချန်ပီယံလိဂ်ဆုရှင်ကြီး ရီးရဲလ်ဟာ တော်တောာ်လေးရုန်းကန်နေရပါပြီ။ ခုချိန်မှာတော့ ကယ်တင်ဖို့ ဇီဒန်းပြန်လာပြီလည်းဖြစ်ပါတယ်။

Source: Skysports

မိဘဟာ သူ့သားသမီးတွေစားဖို့အတွက် စတိုးဆိုင်ကနေ သားငါးတွေဝယ်လာပါတယ်။ အဲ့သားငါးတွေကိုလည်း ဗိုက်ဆာနေတဲ့သားသမီးတွေကို ချက်ပြုတ်ကျွေးဖို့ပြန်လာတာပါ။ ဒါပေမယ့် မိဘကတော့ စိတ်ပျက်နေတာပဲရှိပါတယ်။ သူ့သားသမီးတွေဗိုက်ဆာနေခဲ့တာကို စိတ်ပျက်နေခဲ့တာပါ။ ဒေါသတော့ မရှိပါဘူး ဆိုပြီးတော့တောင် ဇီဒန်းရဲ့ အပြန်လမ်းကို နာမည်ကျော် Skysports မီဒီယာက ချီးကျူးခဲ့တာပါ။

Source: Skysports

ဇီဒန်းဟာ အကြောင်းပြချက်ရေရေရာရာမရှိဘဲ ရီးရဲအင်ပါယာသမိုင်းအသစ်တွေ၊ ချန်ပီယံလိဂ်ဖလားတွေ နှစ်ဆက်ယူဆောင်ပြီး မက်ထရစ်မြို့ကထွက်ခွာသွားတာဖြစ်ပါတယ်။ ငွေကြေးများစွာ မသုံးစွဲခဲ့ပေမယ့်လည်း ဆုဖလားတွေကို အတွေ့အကြုံနုသေးတဲ့ ဂန္တဝင်ကစားသမားတစ်ယောက်အနေနဲ့ လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

Source: Skysports

ရော်နယ်ဒိုရဲ့နေရာကို ဖြည့်ဆည်နိုင်သေးခြင်းမရှိတဲ့ ရီးရဲလ်ဟာ ဇီဒန်းကို အားကိုးတကြီးပြန်ခေါ်လိုက်ပုံပေါ်ပါတယ်။ ဇီဒန်းဟာ သူစာချုပ်ထဲမှာ အပြောင်းအရွေ့အတွက် ပေါင်းသန်း (၃၀၀) တောင်းဆိုထားပြီး ကန်တေ၊ ဟာဇတ်၊ ဘာပေအစရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းအနေနဲ့လည်း နာမည်ကြီးနေတဲ့ မော်ရင်ညိုကိုကျော်ကာ လွန်ခဲ့တဲ့ ဆယ်လကမှ အသင်းနဲ့လမ်းခွဲထားတဲ့ ဇီဒန်းကိုသာပြန်လည်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Source: Skysports

အိမ်ပြန်လာခဲ့တဲ့ ဇီဒန်းအနေနဲ့ မက်ထရစ်မှာ ဘာတွေထပ်လုပ်ပြနိုင်အုံးမလဲ၊ ချန်ပီယံလိဂ်က ထွက်လိုက်ရပေမဲ့ နောက်နှစ်တွေမှာ ဇီဒန်းနဲ့ ကြယ်စင်စုပြန်လာနိုင်မလား၊ ခုတော့ ကြယ်စင်စုအတွက် ဇီဒန်းကပြန်လည်ပြီး အသုံးတော်ခံဦးမှာပါ။