ကမ္ဘာ ပေါ်တွင် အားကစား အများအပြား ရှိကြပြီး လူတစ်ယောက်ချင်းစီရဲ့အကြိုက်အပေါ် မူတည်ကာ ပေါ်ပြူလာဖြစ်နှုန်းသည်လည်း ကွဲပြားသွားပါတယ်။ အားကစားတစ်ခုကို အားပေးတဲ့ ပရိသတ်များလေ ထိုအားကစားသည် ပေါ်ပြူလာအဖြစ်ဆုံးလို့ သတ်မှတ်ခံရလေပါပဲ။

ကွီးတို့ရော ကမ္ဘာ ပေါ်မှာရှိတဲ့ အားကစား အများအပြားအနက် ဘယ်အားကစားက လူကြိုက်အများဆုံးဖြစ်မယ်လို့ ထင်ပါသလဲ။

အခုဖော်ပြပေးမှာကတော့ ယခုနှစ်အတွင်း လူကြိုက်များနေတဲ့ ကမ္ဘာ ပေါ်ရှိ အားကစား များအကြောင်းကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘောလုံးအားကစား

ကမ္ဘာ အားကစား

အားလုံးသိကြတဲ့အတိုင်း ဘောလုံးအားကစားကတော့ နံပါတ် (၁) လူကြိုက်အများဆုံးပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ဘောလုံးပရိသတ်ပေါင်း ခန့်မှန်းခြေအားဖြင့် ၃.၅ ဘီလီယံ ရှိပါတယ်။ ဘောလုံးအားကစားသည် ဥရောပ၊ အာဖရိက၊ အာရှနိုင့် အမေရိကန်နိုင်ငံများတွင် ပေါ်ပြူလာအဖြစ်ဆုံးပဲဖြစ်ပါတယ်။

ခရစ်ကတ်အားကစား

ကမ္ဘာ အားကစား

Photo: Britannica

ဒုတိယလူကြိုက်အများဆုံးကတော့ ခရစ်ကတ်အားကစားပဲဖြစ်ပါတယ်။ ဒီအားကစားကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကစားတဲ့သူလည်း သိပ်မရှိသလို လူကြိုက်လည်း နည်းပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ကတော့ ပရိသတ်ပေါင်း ၂.၅ ဘီလီယံ ရှိပါတယ်။ သြစတြေးလျ၊ UK နှင့် အာရှနိုင်ငံအချို့တွင် ပေါ်ပြူလာဖြစ်ပါတယ်။

ဘတ်စကပ်ဘော

ကမ္ဘာ အားကစား

သူကတော့ တတိယလူကြိုက်အများဆုံးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂.၂ ဘီလီယံသည် ဘတ်စကပ်ဘော ပရိသတ်တွေပဲဖြစ်ပါတယ်။ ထိုအားကစားကတော့ အမေရိကန်၊ ကနေဒါ၊ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် လူကြိုက်များပါတယ်။

ဟော်ကီ

ကမ္ဘာ အားကစား

Photo: Realbuzz

နံပါတ် (၄) နေရာမှာ ရပ်တည်နေတာကတော့ ဟော်ကီအားကစားပဲဖြစ်ပါတယ်။ သူကတော့ ဥရောပ၊ အာဖရိက၊ အာရှနှင့် သြစတြေးလျနိုင်ငံတို့တွင် ပေါ်ပြူလာဖြစ်ပါတယ်။ သူ့ရဲ့ပရိသတ်စုစုပေါင်းကတော့ ၂ ဘီလီယံဖြစ်ပါတယ်။

တင်းနစ်

ကမ္ဘာ အားကစား

တင်းနစ်ကတော့ နံပါတ် (၅) နေရာမှာ ရပ်တည်နေတာပါ။ သူ့ရဲ့ ကမ္ဘာ့ပရိသတ်စုစုပေါင်းကတော့ ၁ ဘီလီယံရှိပါတယ်။ ဥရောပနိုင်ငံများ၊ အမေရိကန်နှင့် အာရှနိုင်ငံများတွင် လူကြိုက်များလျက်ရှိပါတယ်။

ဘော်လီဘော

ကမ္ဘာ အားကစား

Photo: Wdmws

နံပါတ် (၆) နေရာမှာ ရပ်တည်နေတဲ့ အားကစားကတော့ ဘော်လီဘောပဲဖြစ်ပါတယ်။ သူကတော့ အာရှ၊ ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံများတွင် လူကြိုက်များပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၉၀၀ မီလီယံသည် ဘော်လီဘောဖန်တွေပဲ ဖြစ်ပါတယ်။

စားပွဲတင် တင်းနစ်

sports

စားပွဲတင်တင်းနစ်အားကစားရဲ့ ပရိသတ်စုစုပေါင်းကတော့ ၈၅၀ မီလီယံရှိပါတယ်။ ထိုအားကစားကတော့ အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အာဖရိကနှင့် အမေရိကန်နိုင်ငံများတွင် ရေပန်းစားလျက်ရှိပါတယ်။

ဘေ့စ်ဘော

sports

ကွီးတို့အနေနဲ့ ဘေ့စ်ဘောအားကစားသည် ဘာကြောင့် နံပါတ် (၈) နေရာမှာ ရောက်နေရသလဲဆိုတာကို မေးခွန်းထုတ်စရာရှိနေပါလိမ့်မယ်။ တကယ်တော့ ဘေ့စ်ဘော ပရိသတ်သည် စုစုပေါင်း ၅၀၀ မီလီယံသာရှိပြီး ဂျပန်နိုင်ငံ၊ ကျူးဘား၊ ဒိုမီနီကန်နှင့် အမေရိကန်တို့တွင်သာ အဆော့များတာဖြစ်ပါတယ်။

ရက်ဂ်ဘီ

sports

Photo: Rugby World

ရက်ဂ်ဘီအားကစားကတော့ ပြင်သစ်၊ အင်္ဂလန်၊ နယူးဇီလန်နှင့် တောင်အာဖရိကတို့တွင် ကစားလေ့ရှိကြပြီး အများဆုံးကစားကြတာကတော့ အမေရိကန်ပြည်ထောင်စုပဲဖြစ်ပါတယ်။ သူ့ရဲ့ပရိသတ်ပေါင်းကတော့ ၄၁၀ မီလီယံပဲဖြစ်ပါတယ်။

ဂေါ့ဖ်

sports

ဂေါ့ဖ်အားကစားသည် Luxury ဆန်တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ စီးပွားရေးသမားများသည် သူတို့ရဲ့ စီးပွားမိတ်ဖက်များနှင့် မိတ်ဖွဲ့ချင်တယ်ဆိုရင် ဂေါ့ဖ်ရိုက်ဖို့ ဖိတ်ခေါ်လေ့ရှိကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃၉၀ မီလီယံသည် ဂေါ့ဖ်ရိုက်ခြင်းကို ဝါသနာထုံကြပါတယ်။

အထက်ဖော်ပြပါ အားကစားများရဲ့ ပေါ်ပြူလာဖြစ်ခြင်း၊ မဖြစ်ခြင်းကို ဘယ်အရာတွေအပေါ်မှာ အခြေခံထားတာလဲ။

နိုင်ငံတကာရှိ အားကစားပရိသတ်များ၊ တီဗွီပေါ်ရှိ ပရိသတ်ကြည့်ရှုနှုန်း၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများပေါ်တွင် ရေပန်းစားခြင်း၊ စပွန်ဆာ ပေးအပ်မှုနှုန်း၊ အားကစားသမားများရဲ့ ပျမ်းမျှလစာ အစရှိတဲ့အချက်များကို အခြေခံကာ နံပါတ်စဉ်အလိုက် ပေါ်ပြူလာဖြစ်ခြင်းတို့ကို တိုင်းတာသတ်မှတ်ထားတာပဲဖြစ်ပါတယ်။

Source: Sportsbrowser

Featured Image: Sportshubnet