ကမ္ဘာကျော် ဘောလုံးသမား များသည် သူတို့ကို ချင်ခင်အားပေးကြတဲ့ ပရိသတ်များ မရရှိခင်က ဒေါ်လာ သန်းနှင့်ချီသော စာချုပ်များနှင့် လက်မှတ် မထိုးခင်ကဆိုရင် အခြားသော ဆယ်ကျော်သက်များလိုပဲ ဂျစ်ကန်ကန်နှင့် ထိန်းသိမ်းရခက်တဲ့ လူငယ်လေးတွေပါပဲ။

ယခုအချိန်မှသာ အသက်အရွယ်ကြောင့်ရော အတွေ့အကြုံကြောင့်သော်လည်းကောင်း ရင့်ကျက်တည်ငြိမ်လာကြပြီး အချို့ဆိုရင် သားသမီးများ၊ ပါရမီဖြည့်ဖက်လက်တွဲဖော်နှင့် ပျော်ရွှင်စရာကောင်းသော အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြပါတယ်။

လူငယ်ဘဝကို ဖြတ်သန်းခဲ့ကြရတဲ့ ကမ္ဘာကျော် ဘောလုံးသမား တွေမှာ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံတွေ ရှိကြပါသလဲ။

Cristiano Ronaldo

ကမ္ဘာကျော် ဘောလုံးသမား

ဘောလုံးပရိတ်သတ်တွေရဲ့ အသည်းစွဲ Cristiano Ronaldo ကတော့ ငယ်စဉ်အရွယ်တုန်းက အငိုသန်လေး လို့တောင် နာမည်ပြောင်ပေးခံထားရတာပါ။ ဘာ့ကြောင့်လဲဆိုတော့ သူက ဂိုးတွေ တစ်လုံးပြီး တစ်လုံး သွင်းနိုင်ပြီး သူ့ဘော်ဒါတွေက ဂိုးမဝင်ရင် ငိုလို့ပါပဲ။ ဒါ့အပြင် သူ့ကို ပျားငယ်လေးလို့လည်း ခေါ်ကြပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ အင်မတန်အပြေးသန်ပြီး သူ့ကို ဘယ်သူကမှ လိုက်မဖမ်းနိုင်လို့ပဲဖြစ်ပါတယ်။

သူ့အမေ Dolores Aveiro က “Ronaldo တစ်ယောက် ကျောင်းကနေ အိမ်ပြန်ရောက်လာပြီဆိုရင် အိမ်စာတွေ လုပ်စရာမရှိဘူးဆိုပြီး အမေကို အယုံသွင်းလေ့ရှိပြီး အမေလုပ်သူက မီးဖိုချောင်မှာ ဟင်းချက်ဖို့ပြင်နေတုန်းမှာ ပြတင်းပေါက်ကနေ ခုန်ထွက်သွားပြီး ညမိုးချုပ်မှ အိမ်ပြန်ရောက်လာလေ့ရှိတယ်” လို့ ပြောပြထားပါသေးတယ်။

နောက်ထပ် သူ့ပရိသတ်တွေ မသိသေးတဲ့အချက်ကတော့ သူ့အသက် ၁၄ နှစ်အရွယ်မှာ ကျောင်းထုတ်ခံရတာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့ကို ရိုင်းပျစွာ ဆက်ဆံတဲ့ ဆရာထံသို့ ထိုင်ခုံနဲ့ ပစ်ပေါက်လိုက်လို့ပဲ ဖြစ်ပါတယ်။ ထိုအချိန်ကစပြီး သူသည် ဘောလုံးလောကမှာ ကမ္ဘာကျော် ဘောလုံးသမား တစ်ယောက်ဖြစ်ရမယ်ဆိုပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

Lionel Messi

ကမ္ဘာကျော် ဘောလုံးသမား

Messi သည် အသက် ၁၃ နှစ်အရွယ်မှာ Barcelona သို့ ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်တုန်းက အဝတ်လဲခန်းထဲမှာ ထိုင်နေတယ်ဆိုရင် သူ့ကို El Mudo လို့ လှောင်ပြောင်ခေါ်ဆိုကြပါတယ်။ အဓိပ္ပာယ်ကတော့ စကား မပြောနိုင်တဲ့ အ အ ပါ။ သူသည် ဆယ်ကျော်သက်အရွယ်မှာဆိုရင် ငါးပေတောင် မပြည့်ဘဲ အမြဲတမ်း တိတ်ဆိတ်နေတဲ့ ကောင်ကလေး သေးသေးလေးတစ်ယောက်ပါ။ ဒါပေမဲ့ ကွင်းထဲရောက်သွားရင်တော့ သူ့ကန်ချက်တွေက အံ့အားသင့်စရာပါပဲ။

Neymar

Neymar

ကမ္ဘာကျော် ဘောလုံးသမား တစ်ယောက်ဖြစ်တဲ့ Neymar သည်လည်း ငယ်စဉ်ကတည်းက ဘောလုံးဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် ဘောလုံးအားကစားကို ရူးသွပ်သလဲဆိုရင် အိပ်နေစဉ်မှာတောင် ဘောလုံးကို ဖက်အိပ်တာပါ။ သူ့အခန်းထဲမှာဆိုရင် ဘောလုံး အလုံး ၅၀ လောက်ရှိတာပါ။

ဒါ့အပြင် Neymar သည် “ဘောလုံးက သဝန်အတိုတတ်ဆုံး မိန်းမတစ်ယောက်နဲ့ တူပါတယ်။ တကယ်လို့ သူ့ကို ကောင်းကောင်း မဆက်ဆံရင် သင့်ကို သူ ချစ်မှာ မဟုတ်တော့ဘဲ နာကျင်အောင်တောင် ပြုလုပ်နိုင်တယ်” လို့ ပြောကြားထားပါသေးတယ်။ သူကတော့ ဘောလုံးကို အင်မတန်ချစ်ကြောင်း ဒီလိုမျိုး တစေ့တစောင်း ပြောပြထားပါတယ်။

David Beckham

David Beckham

တချိန်က ဘောလုံးလောကမှာ နာမည်ကြီး အကျော်အမော်တစ်ယောက်ဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူကတော့ David Beckham ပဲဖြစ်ပါတယ်။ သူ့မိခင်ကတော့ Hair Stylist တစ်ယောက်ဖြစ်ပါတယ်။ David Beckham သည် ငယ်စဉ်တုန်းက အနုပညာအတန်းကို တက်ရတာ အနှစ်သက်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာ OCD လို့ခေါ်တဲ့ Obsessive-Compulsive Disorder လို့ ခေါ်တဲ့ စိတ်ရောဂါတစ်ခုရှိပါတယ်။ နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးနိုင်တဲ့ ပြင်းထန်တဲ့ စိတ်ရောဂါတော့မဟုတ်ပါဘူး။ OCD ရှိတဲ့ သူတစ်ယောက်သည် အရာဝတ္ထုပစ္စည်းများကို စီစီရီရီ မြင်နေရမှ၊ ထားရမှ ကျေနပ်ကြသူတွေဖြစ်ပါတယ်။ ပစ္စည်းတစ်ခု ရွဲ့စောင်းသွားရင်တောင် မတည့်မချင်း လိုက်စီတတ်တဲ့သူတွေပါ။ ဒါ့အပြင် သူတို့သည် မဂဏန်းတွေထက် စုံဂဏန်းတွေကို နှစ်သက်ကြပါတယ်။

အခုဖော်ပြသွားတဲ့အချက်တွေကတော့ ကမ္ဘာကျော် ဘောလုံးသမား တွေရဲ့ ငယ်စဉ်ဘဝက စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။

Source: The18

Featured Image: Goal