အချို့သော အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် အဆိုတော် များသည် ငွေကြေးချမ်းသာကြွယ်ဝမှုများ ဘယ်လောက်ပဲ ပိုင်ဆိုင်ထားပါစေ တစ်စုံတစ်ရာကြောင့်သော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကြောင့် သော်လည်းကောင်း မိမိကိုယ်ကိုယ် အဆုံးစီရင် လိုက်ကြပါတယ်။
ဘယ် ကမ္ဘာကျော် အဆိုတော် တွေက ဘာ့ကြောင့် သူတို့ကိုယ်သူတို့ အဆုံးစီရင်လိုက်ကြတာလဲ။
Keith Flint

Photo: BBC
သူ့ရဲ့ နာမည်အရင်းကတော့ Keith Chalres Flint ဖြစ်ပြီး သူသည် အကသမား၊ အဆိုတော်နှင့် မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူသည် The Prodigy အဖွဲ့ရဲ့ အကအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့သူသည် ရှေ့တန်းအကသမားအဖြစ် နာမည်ကြီးလာခဲ့ပါတယ်။
သူသည် ထိုအကအဖွဲ့တွင် အဓိက အကသမားတစ်ယောက်လည်းဖြစ်သလို အဓိကအဆိုရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ခုနှစ်များတွင်လည်း မော်တော်ဆိုင်ကယ်ပြိုင်ပါဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆု ရရှိခဲ့ပါတယ်။
သို့သော် ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာတော့ ရဲတွေက Keith Flint သေဆုံးသွားကြောင်း အတည်ပြုခဲ့ပါတယ်။ သူ့သေဆုံးမှုသည် မသင်္ကာစရာများမရှိဘဲ ဆွဲကြိုးချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
Chester Bennington

Photo: Thedawnrehab
Chester Charles Bennington သည် အမေရိကန်အဆိုတော်နှင့် သီချင်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ သူသည် Linkin Park အဖွဲ့ရဲ့ အဓိကအဆိုရှင်အဖြစ် နာမည်ကြီးပါတယ်။ သူသည် ၁၉၇၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ပြည်ထောင်စုတွင် ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပရိသတ်တွေအတွက်တော့ သူ့ရဲ့ကြွေလွှင့်မှုက ဝမ်းနည်းစရာအတိပါပဲ။
သူသည် အသက် ၄၁ နှစ်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး သူ မသေဆုံးခင်က သူ့အမျိုးသမီး၊ သူ့မိသားစုများနှင့် ခရီးထွက်ခဲ့ပါတယ်။ သို့သော် ခရီးကနေ တစ်ယောက်တည်းပြန်လာပြီး အလုပ်လုပ်ရဦးမယ်လို့ ဆိုပါတယ်။ ၂၉ ရက်နေ့မှာ မြောက်အမေရိကသို့ Tour ထွက်ရမှာဖြစ်ပြီး ထိုခရီးစဉ်ကိုတောင် မလုပ်သွားခဲ့နိုင်ပါဘူး။ သူသည် ၂ ရက်နေ့ မနက်မှာပဲ ဆွဲကြိုးချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ သူ့ဘေးနားမှာလည်း အရက်ပုလင်းအလွတ်တစ်လုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူသည် သူ့ရဲ့ဆေးစွဲနေတဲ့ပြဿနာနဲ့ စိတ်ကျရောဂါကို အမြဲတမ်းပွင့်ပွင့်လင်းလင်းပြောလေ့ရှိပေမယ့် သူနဲ့ရင်းနှီးသူများက အခုလို မိမိကိုယ်ကိုယ်အဆုံးစီရင်လိမ့်မယ်လို့ မထင်ခဲ့ကြဘူးလို့ ပြောကြားခဲ့ပါတယ်။
Tim Bergling AKA Avicii

Photo: Insider
Tim Bergling သည် ဆွီဒင် DJ သမားတစ်ယောက်ဖြစ်သလို Remixer နဲ့ သီချင်းထုတ်လုပ်သူတစ်ယောက်ဖြစ်ပါတယ်။ သူသည် အသက် ၁၆ နှစ်အရွယ်ကတည်းက သီချင်းတွေကို Remix ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ သူ့ကို Avicii လို့လည်း လူသိများပါတယ်။ သူသည် DJ ပွဲတစ်ခါ ပြုလုပ်ကျင်းပပေးပါက ဒေါ်လာ ၅ သိန်း အနုပညာကြေးရရှိတာဖြစ်ပါတယ်။ သူ့ရဲ့အသားတင် ဝင်ငွေချည်းပဲ ဒေါ်လာ ၅၀ မီလီယံရှိပါတယ်။
သူသည် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားနေချိန်မှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ သူသေဆုံးသွားခဲ့တုန်းက သူသည် အသက် ၂၈ နှစ်ပဲ ရှိသေးတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က သေဆုံးသွားခဲ့တာပါ။ သူသည်လည်း စိတ်ဖိစီးမှုများနှင့် စိတ်ကျန်းမာရေး ချို့တဲ့မှုတို့ကို နှစ်ပေါင်းအတော်ကြာအောင် ခံစားလာခဲ့ရင်း နောက်ဆုံးမှာတော့ ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့တာပဲဖြစ်ပါတယ်။
Chris Cornell

Photo: Rolling Stone
သူ့ရဲ့နာမည်အပြည့်အစုံကတော့ Christopher John Cornell ဖြစ်ပြီး သူသည်လည်း အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့အပြင် ဂီတာတီးခြင်း၊ သီချင်းရေးခြင်း စတဲ့အနုပညာအလုပ်များကို လုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
သူသည် ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ဖွားမြင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက်နေ့က သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သူသည် သူ့ရဲ့အနုပညာကြေးကြောင့် အသားတင်ဝင်ငွေ ဒေါ်လာ ၆၀ မီလီယံရရှိခဲ့တာဖြစ်ပါတယ်။ သို့သော် သူ့ရဲ့အောင်မြင်ကျော်ကြားမှုများက သူ့ရဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်ချင်စိတ်ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
Elliot Smith

Photo: uDiscoverMusic
သူ့ရဲ့နာမည်အပြည့်အစုံကတော့ Steven Paul Smith ဖြစ်ပြီး အနုပညာနာမည်ကတော့ Elliott Smith ဖြစ်ပါတယ်။ သူသည် ၁၉၆၉ ခုနှစ်၊ သြဂုတ်လမှာ ဖွားမြင်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သူသည် အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့အပြင် သီချင်းရေးစပ်ခြင်းနှင့် တူရိယာအများအပြားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တီးခတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူသည်လည်း စိတ်ကျရောဂါကြောင့် ဆေးဝါးများ မှီဝဲသောက်သုံးနေရတာဖြစ်ပြီး မူးယစ်ဆေးနှင့် အခြားသောဆေးများကို စွဲနေတာဖြစ်ပါတယ်။ ကမ္ဘာကျော် အဆိုတော်သည် သူ့အသက် ၃၄ နှစ်အရွယ်မှာပဲ သူ ခံစားနေရတဲ့ ဝေဒနာများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ထို ကမ္ဘာကျော် အဆိုတော် များသည် ဘယ်လောက်ပဲ ငွေကြေးချမ်းသာပြီး အောင်မြင်ကျော်ကြားနေပါစေ နောက်ဆုံးမှာတော့ သူတို့ရဲ့စိတ်ကျရောဂါက သူတို့ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။
စိတ်ကျန်းမာရေးသည် လူသားတစ်ယောက်အတွက် အရေးအကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ ကိုယ် ချစ်ခင်ရသူများနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ရန်အတွက် ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို အထူးတလည်ဂရုစိုက်သင့်ကြောင်း သင်ခန်းစာများရရှိနိုင်ပါတယ်။
Source: Gemtracks
Featured Image: Dnaindia
