ရာသီဥတုပြောင်းလဲမှုတွေဟာ ဒီဘက်ခေတ်ရဲ့ အဆုံးအဖြတ် ပြဿနာသာမက သမိုင်းမှာပါထင်ရှားတဲ့ အခိုက်အတန့် ဖြစ်နိုင်တယ်လို ပညာရှင်တွေက အကြံပြုထားပါတယ်။ ရာသီဥတုပုံစံတွေ ပြောင်းလဲလာတာက အစားအစာထုတ်လုပ်မှုကို ခြိမ်းခြောက်လာတာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာနဲ့ ကမ္ဘာတစ်ဝှမ်း ရေကြီးရေလျှံတာတွေထိ ဖြစ်ပေါ်နိုင်ပါတယ်။ နိုင်ငံများအနေနဲ့လည်း အဓိက ဂေဟစနစ်တွေနဲ့ ရာသီဥတုပျက်စီး လာမှုတွေကို ရှောင်ရှားဖို့ ပြင်းထန်တဲ့ အရေးယူမှုများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အခုပြောပြပေးမှာက ဒီလိုအဘက်ဘက်က ယိုယွင်းလာတဲ့ ကမ္ဘာကြီး ပြန်လည် ကျန်းမာ လာဖို့ လူသားတွေလုပ်ရမယ့် အရာ ၆ ခုကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) ရေအလဟသဖြစ်မှု လျှော့ချပါ


Photo : Credit Critics

တကယ်တော့ နေ့စဉ် ရေဂါလံ ၉၀ ( ၃၄၀ လီတာ) လောက်က မသုံးရပဲ မြောင်းထဲကို စီးဝင်နေတာပါ။ ဒါတွေကို လျော့ချဖို့ဆိုရင် သွားတိုက်တဲ့အခါတိုင်း ရေဘုံဘိုင်ခေါင်းကို ပိတ်ထားတာမျိုး ၊ ရေသန့်ဘူးဝယ်သောက်တာမျိုး တွေကို ရပ်လိုက်ပါ။ ရေကို စိစစ်သုံးစွဲတဲ့အခါ ငွေကုန်သက်သာစေသလို ပလတ်စတစ် အမှိုက်ထွက်ရှိမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

(၂) ကားအသုံးပြုတာ လျှော့ပါ

Photo : Future of Field Service

ဖြစ်နိုင်ရင် ကားသုံးတာကို တစ်ပတ်မှာ တစ်ရက် ၊ နှစ်ရက်လောက် လျှော့ချလိုက်ပါ။ ယာဉ်တွေကထွက်တဲ့ ကာဘွန်ဓါတ်ငွေ့တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတာကြောင့်ပါ။ ဒါက တစ်နှစ်ကို ပျမ်းမျှ ၁၅၉၀ ပေါင် (၇၂၁ ကီလိုဂရမ်) ခန့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။

(၃) လမ်းလျှောက်ပါ စက်ဘီးစီးပါ


Photo : The Guardian

လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းတွေက ဖန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချဖို့ သိသာထင်ရှားတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ကို Cardio ကောင်းကောင်းရရှိပြီး ကယ်လိုရီတချို့ကိုလည်း လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

(၄) လျှော့ချ ၊ ပြန်သုံး ၊ ပြန်လည်အသုံးပြုပါ

Photo : GIB Entsorgung

ဈေးဆိုင်တွေနဲ့ ရှော့ပင်းစင်တာတွေကို သွားတဲ့ အခါ ပြန်လည်အသုံးပြုနိုင်တဲ့အိတ်တွေ Recycel Bag တွေကို အသုံးပြုသင့် ပါတယ်။ ပလက်စတစ်အိတ်တွေအပြင် တစ်ခါသုံးပန်းကန် ၊ ဇွန်း၊ ခွက်နဲ့ လက်သုတ်ပုဝါအသုံးပြုမှုများကိုတော့ ရှောင်သင့်ပါတယ်။ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကို အသုံးပြုတာက ကမ္ဘာမြေကြီးကို များစွာအကျိုး ပြုစေနိုင်ပါတယ်။

(၅) ဓါတ်မြေသြဇာအစား မြေဆွေးသုံးပါ


Photo : Treehugger

စွန့်ပြစ်အမှိုက်တွေထဲက တချို့ကိုပြန်လည်အသုံးပြုပြီး တချို့က စွမ်းအင်အနေနဲ့ လောင်ကျွမ်းသွားပေမယ့်လည်း တန်ချိန် ၁၄၆ သန်း (၁၃၂ မက်ထရစ်တန်) လောက်က အမှိုက်ပုံထဲမှာပဲ ဆက်ရှိနေတာပါ။ ဒါကြောင့် ဒါတွေကို မြေဆွေးဆီ အနေနဲ့စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒါက အမှိုက်ပမာဏကို လျှော့ချနိုင်တဲ့အပြင် မြေဆွေးကနေ ကောင်းမွန်တဲ့ သဘာဝမြေသြဇာကို ရရှိပါတယ်။

(၆) သစ်ပင်စိုက်ပါ

Photo : Gardening Know How

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ (IPCC) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဆက်လက်မြင့်တက်နေပြီး နိုင်ငံအများစုဟာကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ကာဗွန်ထုတ်လွှတ်မှုကိုလျော့ချပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ သဘာဝနည်းလမ်းကတော့ သစ်ပင်စိုက်ခြင်းပါပဲ။ အပင်တွေဟာ လေထုက ကာဗွန်ကို သဘာဝအတိုင်း စုပ်ယူပေးပါတယ်။ လေ့လာမှုတွေအရ အပင်ငယ်တစ်ပင်ဟာ နှစ်စဉ် CO2 ၁၃ ပေါင် (၅ ကီလိုဂရမ်) နှုန်းဖြင့် စုပ်ယူနိုင်ပါတယ်။ သစ်ပင်တွေက ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ လေထုထဲက အမှုန်အမွှားငယ်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်တာကြောင့် လူသားတွေအတွက်သာမက ကမ္ဘာကြီး ကျန်းမာ လာဖို့လည်း ကူညီပေးနိုင်ပါတယ်။

Featured Photo : GIB Entsorgung