သမိုင်းဆိုင်ရာ စူးစမ်းလေ့လာခြင်းအပေါ် ဝါသနာထုံသူတွေအတွက်တော့ ရဲတိုက်တွေဟာ သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေထဲက တစ်ခုပါ။ ရဲတိုက်တွေ ဆိုတာဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ရှေးခေတ်ဘုရင်မင်းဆက်တွေ တည်ဆောက်အသုံးပြုခံကြတဲ့ ရှေးဟောင်းလက်ရာစစ်စစ် အဆောက်အအုံတွေ ဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာ သမိုင်းအချက်အလက်တွေ ၊ ခေတ်ဟောင်းဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သမိုင်းဝင်အမွေအနှစ် နေရာတွေပဲ ဖြစ်ပါတယ်။ ဒီလို ရှေးဟောင်း ရဲတိုက်ကြီး တွေ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အများအပြား တည်ရှိနေပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်က အကြီးဆုံး လို့ဆိုရမယ့် ရဲတိုက်ကြီးတွေ ဆီခြေဆန့်လိုက်ရအောင်ပါ။
(၁) Malbork Castle

Photo : Touropia
Malbork ရဲတိုက် ကတော့ ပိုလန်နိုင်ငံမှာ တည်ရှိပါတယ်။ ဒီရဲတိုက်ကြီးကို ၁၃ ရာနှစ် ၊ ခုနှစ်သဣရာဇ်အားဖြင့် ၁၂၇၄ ခုနှစ် ကာလအတွင်းမှာ Teutonic Knights တွေက ပိုလန်ရန်သူတော်တွေကို ချေမှုန်းဖို့နဲ့ မြောက်ပိုင်းဘောလ်တစ်နယ်မြေကို အုပ်စိုးဖို့ ၎င်းတို့ရဲ့ ဌာနချုပ်နေရာ အဖြစ် တည်ဆောက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ Malbork ရဲတိုက်ကြီးဟာ ကမ္ဘာပေါ်က အကြီးဆုံး ရဲတိုက်ကြီး တစ်ခုဖြစ်သလို UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
(၂) Mehrangarh Fort

Photo : Touropia
Mehrangarh ခံတပ်ရယ်လို့ တရားဝင်ခေါ်တွင်ခဲ့ကြပေမယ့် နောက်ပိုင်းခေတ်တွေမှာတော့ အိန္ဒိယရဲတိုက်လို့သာ အလွယ်မှတ်ကြပါတယ်။ အိန္ဒိယ ရဲတိုက်ခေါ် Mehrangarh ခံတပ်ဟာ အမြင့် ၁၂၂ မီတာ ( ပေ – ၄၀၀ ) ကျော်မြင့်တဲ့ ကုန်းမြင့်ပေါ်မှာ တည်ရှိနေပြီး အမြင့် ၃၆ မီတာနဲ့ အကျယ် ၂၁ မီတာရှိတဲ့ နံရံများကာရံထားတဲ့ ဂိတ်ပေါက် ၇ ပေါက်ကို ဖြတ်ကျော်ပြီးမှ အတွင်းကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Mehrangarh ခံတပ်ကြီးဟာ ၁၇ ရာစုကတည်းက တည်ရှိလာတဲ့ ကမ္ဘာ့ သမိုင်းဝင်နေရာ တစ်ခုဖြစ်ပြီး Jodhpur မြို့ကို တည်ထောင်ခဲ့သူ Rao Jodha Rathore က ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
(၃) Prague Castle

Photo : Touropia
Prague ရဲတိုက်ဟာ ကမ္ဘာ့အကြီးဆုံး ရဲတိုက်ကြီး တွေထဲကတစ်ခု ဖြစ်ပြီး ဂင်းနစ်မှတ်တမ်းတွေအရ အကြီးဆုံး စံချိန်တင်ခဲ့တဲ့ ရဲတိုက်တစ်ခု ဖြစ်ပါတယ်။ Prague ရဲတိုက်ဟာ ချက်သမ္မတနိုင်ငံမှာ တည်ရှိပြီး ၉ ရာစုလောက် ကတည်းက စတင်တည်ဆောက်ခဲ့တာ ဖြစ်သလို ၁၈ ရာစု ဒုတိယဝက်လောက်အထိကို အကြိမ်ကြိမ် တိုးချဲဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Prague ရဲတိုက်ကြီးကနေ မြင်ရတဲ့ ရှုမျှော်ခင်းအလှတွေကတော့ အတော်လေးကို ထူးခြားစွဲမက်ဖွယ်ကောင်းပြီး St. Vitus Cathedral နဲ့ St. George’s Basilica အပါအဝင် မျက်စိတဆုံးလှပလွန်းတဲ့မြင်ကွင်းပုံရိပ်တွေကို ကြည်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) Windsor Castle

Photo : Touropia
Windsor ရဲတိုက်ကြီး ကတော့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ အကြီးဆုံး ရဲတိုက်တစ်ခု ဖြစ်ပါတယ်။ Windsor ရဲတိုက်ဟာ လူနေထိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ရဲတိုက်လို့လည်း သတ်မှတ်ခြင်း ခံထားရပါတယ်။ ဒီရဲတိုက်ကြီးဟာ နန်းသက်ရှည် ဒုတိယ အဲလိဇဘက် ဘုရင်မကြီး ကံတော်မကုန်ခင်က အချိန်အတော်ကြာ နေထိုင်သွားခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခု ဖြစ်ပြီး Windsor ရဲတိုက်ကြီးကို အစိုးရနဲ့ ပုဂ္ဂလိကဖျော်ဖြေပွဲတွေအတွက်လည်း အသုံးပြုလျက်ရှိတာပဲ ဖြစ်ပါတယ်။
(၅) Hohensalzburg Castle

Photo : Touropia
ဩစတြီးယားနိုင်ငံ Salzburg မြို့မှာ တည်ရှိတဲ့ Hohensalzburg ရဲတိုက်ကြီး ကတော့ ဥရောပရဲ့ အကြီးဆုံးနဲ့ မူလအခြေအနေမပျက် အကောင်းဆုံး ထိန်းသိမ်းထားဆဲဖြစ်တဲ့ ရဲတိုက်တွေထဲကတစ်ခု ဖြစ်ပါတယ်။ Hohensalzburg ရဲတိုက်ကြီးဟာ အမြင့်ပေ ၅၀၆ မီတာမှာ တည်ရှိပြီး Salzburg ရဲ့ မင်းသားတွေရဲ့ တောင်းဆိုမှုအရ ၁၀၇၇ ခုနှစ်မှာ စတည်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ Hohensalzburg ရဲတိုက်ဟာ အလယ်ခေတ်ခံတပ်ကြီးတစ်ခုအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး ခံတပ်ရဲ့ အရှည် ၂၅၀ မီတာ နဲ့ အကျယ် ၁၅၀ မီတာကျယ်ဝန်းပါတယ်။
Featured Photo : Touropia
