ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေ့လာမှုစစ်တမ်းတွေအရ အသက် ၅၀ နှစ်အောက် ကမ္ဘာ့လူဦးရေ ရဲ့ သုံးပုံနှစ်ပုံခန့်မှာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါ ရေယုန် HSV Type 1 ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။ ကိန်းဂဏန်း အရေအတွက်အရ ပြောမယ်ဆိုရင် ရေယုန်ရောဂါ ရှိနေတဲ့ လူဦးရေ စုစုပေါင်း ၃.၇ မီလီယံ ကနေ ၅.၂ မီလီယံကြား ရှိနေတာပါ။ ရေယုန် ရောဂါ အမျိုးအစားကတော့ ၂ မျိုးရှိပြီး HSV Type 1 ဟာ နှုတ်ခမ်း ၊ ပါးစပ် ၊ နှာခေါင်းနဲ့ မေးစေ့တစ်ဝိုက်မှာ အများဆုံး ဖြစ်တက်ပါတယ်။ နောက်ထပ် တစ်မျိုးဖြစ်တဲ့ HSV Type 2 ကတော့ လိင်အင်္ဂါ တစ်ဝိုက်မှာ ဖြစ်ပေါ်တာဖြစ်ပြီး လိင်အင်္ဂါ ရေယုန်ကို အဓိက ဖြစ်စေတာပါ။
Photo : Dr. Ben Medical Clinic
ရေယုန်ဟာ အဖြစ်အများဆုံး လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲက (STIs) တစ်ခုဖြစ်ပြီး အရေပြားကနေ အရေပြား ထိတွေ့ဆက်ဆံမှုမှတဆင့် ကူးစက်ပါတယ်။ ပါးစပ်ရေယုန်ကတော့ လူတစ်ဦးနဲ့တစ်ဦး နမ်းခြင်းကနေတဆင့် ကူးစက်တတ်ပြီး ရောဂါကူးစက်ပျံ့နှံ့ဖို့ လွယ်ကူပါတယ်။ လိင်အင်္ဂါရေယုန်ကတော့ HSV Type 2 ရောဂါရှိသူနဲ့ လိင်မှုဆိုင်ရာထိတွေ့ဆက်ဆံရာကနေ ကူးစက်တတ်ပါတယ်။
အလားတူပါပဲ လိင်အင်္ဂါရေယုန်ဟာလည်း နမ်းခြင်းကနေတဆင့် ကူးစက်နိုင်ပြီး ပါးစပ်ရေယုန်ကတော့ မိန်းမကိုယ် သို့မဟုတ် စအိုကို ပါးစပ်နဲ့ ဆက်ဆံရာကနေတဆင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ လက်ရှိ အချိန်အထိတော့ ရေယုန်ရောဂါအတွက် ထိရောက်တဲ့ ကုသဆေးမရှိသေးပါဘူး။ အကယ်၍ ရောဂါ ကူးစက်ခံရပြီးတာနဲ့ ဗိုင်းရပ်စ်ပိုးဟာ သင့် ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံးရှိနေမှာပါ။
ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး ရှိနေပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ ရောဂါအခြေအနေ ပြင်းထန်မှုဟာ အားပျော့လာပြီး သူ့အလိုလို ပျောက်ကင်း သက်သာသွားနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ ရေယုန်အတွက် လိမ်းဆေး ၊ အနာရောင်ရမ်းနာကျင်မှု သက်သာတဲ့ ဆေးဝါးအချို့ကိုတော့ မှီဝဲနိုင်ပါတယ်။
Photo : GoodRx
အချို့သူတွေမှာ ဆိုရင် မည်သည့်ရောဂါလက္ခဏာမှမပြပဲ ၎င်းတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရေယုန် ဗိုင်းရပ်စ်ပိုး ရှိနေတာလည်း ရှိတက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာအရဆိုရင် ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံခန့်မှာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရေယုန်ရောဂါ ရှိနေတာကြောင့် သင်အပါအဝင် သင့်ပတ်ဝန်းကျင်က လူတွေမှာလည်း ရေယုန်ရောဂါ ကူးစက်ခံထားရသူတွေ အများအပြား ရှိနေနိုင်ပါတယ်။ ဒါကြောင့် စိတ်ချရတဲ့ အခြေအနေတစ်ခုဖြစ်စေဖို့ သင့်မှာ ရေယုန်ရောဂါ ရှိမရှိဆိုတာကို အခုပဲ ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ဖို့အတွက် အကြံပြုချင်ပါတယ်။
Source : Mensxp
Featured Photo : www.self.com