ကားတစ်စီးလောက် ဝယ်ထားခြင်းသည် ဟိုနားဒီနား သွားချင်တဲ့အခါမျိုးပဲဖြစ်ဖြစ်၊ ခရီးရှည် ထွက်ချင်တဲ့အခါပဲဖြစ်ဖြစ် ကိုယ့်ကားလေးနဲ့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကို သွားလိုက်ရုံပါပဲ။ အချိန်ကုန်သက်သာပြီး သက်သောင့်သက်သာသွားလာနိုင်ခြင်းက ကိုယ်ပိုင်ကားတစ်စီးရှိခြင်းရဲ့ အားသာချက်တွေပါပဲ။
ကားစုဆောင်းရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် ၂၀၂၂ ထဲမှာရော ဘယ်လို ကား အမိုက်စားတွေ ထွက်ရှိလာဦးမလဲဆိုတာ သိချင်နေလောက်ရောပေါ့။
Honda Civic
ကားဒီဇိုင်းသည် အပြင်ကနေ ကြည့်တဲ့အခါ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ အထာကျနေတာကို တွေ့မြင်ရမှာပါ။ ခေတ်မှီဒီဇိုင်းတစ်မျိုးဖြစ်ပြီး ကားချစ်သူတွေ ရွေးချယ်သင့်တဲ့ကားအမျိုးအစားတစ်ခုဖြစ်ပါတယ်။

ကားအတွင်းခန်းကလည်း ကွီးတို့ရဲ့ အမြင်အာရုံကို ဖမ်းစားသွားမှာ အမှန်ပါပဲ။ အရင်တွေ့နေကျဒီဇိုင်းတွေလိုမဟုတ်ဘဲ ကားရဲ့ခေါင်းခန်းကို ဒီဇိုင်းတစ်မျိုးပြောင်းထားတာကလည်း သူ့ကို ပိုမိုသစ်လွင်သွားစေတဲ့အချက်ပါပဲ။
Honda Accord

Honda Civic လေးကို မကြိုက်ဘူးဆိုရင်တော့ Honda Accord ဘက် လှည့်နိုင်ပါတယ်။ သူကတော့ ၂၀၁၈ ရဲ့ Tenth-Generation Model ဖြစ်ပြီး ကားချစ်သူများအကြား ရေပန်းစားတဲ့ ဒီဇိုင်းတစ်ခုပါ။

သူ့အတွင်းပိုင်းကို ကြည့်မယ်ဆိုရင်တော့ အခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၆၃၇၀ နဲ့ ၃၆၇၉၅ ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။
Kia Seltos

လုံးဝ အကြမ်းခံတဲ့ဒီဇိုင်းလေးကိုမှ ကြိုက်နှစ်သက်တဲ့ ကားချစ်သူကွီးတို့ကတော့ Kis Seltos ကို ရွေးချယ်သင့်ပါတယ်။ သူကတော့ ဒေါ်လာ ၂၂၀၀၀ နဲ့ ဒေါ်လာ ၃၀၀၀၀ ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။

အပြင်ကိုယ်ထည်က အကြမ်းခံအောင် ဖန်တီးထားပြီး အတွင်းပိုင်းမှာတော့ Luxury ဆန်တဲ့ ခံစားချက်ကို ခံစားရမှာဖြစ်တဲ့အတွက်ကြောင့် ကားတစ်စီးတည်းနဲ့တင် ခံစားချက်နှစ်မျိုး ခံစားရစေမှာဖြစ်ပါတယ်။
Toyota RAV4

ဖြူဖွေးဥလေးတွေကိုမှ နှစ်သက်တယ်ဆိုတဲ့ ကားချစ်သူကွီးတို့အတွက်တော့ Toyota RAV4 ရှိပါတယ်။ ကားရဲ့ Performance ကလည်း အစမ်းမောင်းနှင်ကြည့်တဲ့အခါ ပြီးပြည့်စုံမှုကို ခံစားရစေမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀၀၀ ဝန်းကျင်ရှိပါတယ်။

ကွီးတို့အနေနဲ့ အဖြူရောင်ဒီဇိုင်းကို မကြိုက်ပါက အနီရောင်၊ မီးခိုးရောင် (သို့) အပြာရောင်တို့ကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။
Hyundai Santa Fe

Hyundai Santa Fe သည်လည်း အခြားသောကားတွေနည်းနဲ့ ကိုယ်ထည်တောင့်တောင့်တင်းတင်းနဲ့ အကြမ်းခံပါတယ်။

ကားအတွင်းပိုင်းကို ကွာလတီကောင်းတဲ့ Nappa သားရေထိုင်ခုံများဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး မောင်းနှင်သူအတွက်ရော လိုက်ပါစီးနင်းသူများအတွက်ပါ သက်သောင့်သက်သာရှိတဲ့ခံစားချက်ကို ခံစားရစေပါတယ်။
ကွီးတို့အကြိုက်တွေ့တဲ့ ကားကရော ဘယ်ကားအမျိုးအစားဖြစ်မလဲ။
Source : Gearpatrol.com
Featured Image: Performancedrive

