ကွီးတို့အိမ်မှာ အသုံးမလိုတော့တဲ့ ကားပစ္စည်းအဟောင်း အစိတ်အပိုင်းတွေ ရှိပါသလား။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ စွန့်ပစ်ပစ္စည်းအမှိုက်တွေလို ထင်ထားတဲ့အရာတွေကို နည်းနည်းပါးပါး ပြုပြင်မွမ်းမံလိုက်ရုံနဲ့ လှပခမ်းနားထည်ဝါတဲ့ အိမ်တွင်းအလှဆင်ပစ္စည်းတွေအဖြစ် ပြန်လည်ဖန်တီးလို့ ရနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကားပစ္စည်းအဟောင်း တွေကို အသုံးပြုပြီး ဖန်တီးနိုင်မယ့် DIY အိမ်တွင်းအလှဆင်ပစ္စည်း ပရော့ဂျက် အိုင်ဒီယာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အင်ဂျင်တုံး ဝိုင်စင်

Engine Block Wine Rack

Photo : Pinterest

ကားအင်ဂျင်တုံး အဟောင်းတစ်ခု ရှိထားရင်တော့ ကွီးတို့အိမ်မှာ အလှဆင်ဖို့အတွက် ခပ်မိုက်မိုက် ဝိုင်စင်လန်းလန်းလေးတစ်ခု ဖန်တီးလို့ ရပါပြီ။ မသုံးဖြစ်တော့တဲ့ ကားအင်ဂျင်တုံး အဟောင်းကို သေချာတိုက်ချွတ်ဆေးကြောပြီး လွယ်လွယ်ကူကူနဲ့ ရိုးရှင်းတဲ့ ဝိုင်ပုလင်း ထားရာ စင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။ ထမင်းစားခန်းနဲ့ ဧည့်ခံမှာပါထားလို့ အဆင်ပြေပါတယ်။

(၂) ဘီးဖုံး ပန်းခင်း

Hubcap Flower Yard Art

Photo : Pinterest

အိမ်ခြံဝန်းထဲက ပန်းဥယျာဉ်လေးကို အလှဆင်ဖို့အတွက် ကားဘီးဖုံး အဟောင်းလေးတွေကို အသုံးပြုနိုင်ပါတယ်။ ဘီးဖုံးတွေကို စိတ်ကြိုက်အရောင်လေးတွေ ခြယ်သပြီး ဘီးဖုံး ပန်းခင်းလေးတစ်ခု ဖန်တီးလို့ ရပါတယ်။ လုပ်ရတာမခက်သလို အမြင်လည်းဆန်းပြီး ကွီးတို့ အိမ်ခြံဝန်းလေးထဲက ပန်းဥယျာဉ်လေးကို ပိုမိုထည်ဝါလှပသွားစေမှာ ဖြစ်ပါတယ်။

(၃) စတီယာတိုင် လိုက်ကာချိတ်

Photo : Pinterest

ဒါကတော့ ပြတင်းပေါက်တွေ ၊ မှန်တံခါးတွေမှာ အလှဆင်ဖို့အတွက် လိုက်ကာချိတ်လေးတွေပါ။ ကားစတီယာတိုင် အဟောင်းတွေကို အသုံးပြုပြီး ရိုးရိုးရှင်းရှင်း ဖန်တီးလို့ ရပါတယ်။ စတီယာတိုင် ကွင်းလေးတွေမှာ ကွီးတို့ နှစ်သက်သလို လိုက်ကာလေးတွေကို ချိတ်ဆွဲပြီး အိမ်တွင်းအလှဆင် နိုင်ပါတယ်။

(၄) ကားမီးသီး စာကြည့်မီးအိမ်

Car Headlight Desk Lamp

Photo : Pinterest

ခေတ်ဟောင်းကား မီးသီးတွေဆို ပိုပြီးအဆင်ပြေပါလိမ့်မယ်။ အောက်ခံထောက်နဲ့ အထိုင်ကိုတော့ စတီး ဒါမှမဟုတ် ကောက်ပိုက်ကို အသုံးပြုနိုင်ပါတယ်။ ကားမီးသီး အဟောင်းနဲ့ စားပွဲပေါ်မှာထားဖို့အတွက် အထာကျတဲ့ စာကြည့်မီးအိမ်လေးတစ်ခု ဖန်တီးလိုက်ပါ။

(၅) ကားဂွေ မီးဖို

Car Wheel Fire Pit

Photo : Pinterest

ဘော်ဒါတွေနဲ့ အသားကင် ပါတီလုပ်ဖို့ ဖြစ်ဖြစ် ၊ မိသားစုနဲ့ BBQ အကင်လေးတွေ ဝိုင်းဖွဲ့စားရင်း ပျော်စရာအမှတ်တရလေးတွေ ဖန်တီးဖို့ဖြစ်ဖြစ် အကင်မီးဖိုလေး လိုအပ်နေတယ်ဆိုရင်တော့ ကားဂွေကို အသုံးပြုပြီး ဖန်တီးလို့ ရပါတယ်။ အောက်ခံအထိုင်ဒေါက်နဲ့ အပေါ်က သံစကာလေးပဲ လိုပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ အကင်မီးဖိုလေး ရပါပြီ။

(၆) ပစ္စတင် ပန်းအိုး

Piston Planters

Photo : Pinterest

အိမ်တွင်းအပင်လေးတွေ စိုက်ဖို့ ပုံမှန်သုံးနေကျ ကြွေအိုး မြေအိုး ပန်းအိုးလေးတွေက ရိုးနေပြီလား။ ဒါဆိုရင်တော့ ပစ္စတင်အဟောင်းလေးတွေနဲ့ အိမ်တွင်းအပင်လေးတွေ စိုက်ဖို့ အလှပန်းအိုးလေး ဖန်တီးလို့ ရပါတယ်။

(၇) အံဆွဲလက်ကိုင်

 Dresser Pulls Made Out of Old Car Handles

Photo : Pinterest

မှန်တင်မှန်ချလက်ကိုင် / တံခါးလက်ကိုင်အဟောင်းတွေနဲ့ ဆန်းသစ်လှပတဲ့ အံဆွဲလက်ကိုင် လေးတွေ ပြောင်းလဲဖန်တီး ကြည့်ပါ။ ခေတ်ပေါ်ပရိဘောဂတွေနဲ့မတူပဲ တမူထူးခြားနေတဲ့ Vibe မျိုးကို ရစေမှာပါ။

Featured Photo : Karma Stream