လိင်မှုကိစ္စနဲ့ ပတ်သတ်လာရင် အသစ်အဆန်းလေးတွေ မြည်းစမ်းကြည့်ချင်ကြတာ သဘာဝပါပဲ။ ပုံမှန် လုပ်နေကြအရာတွေနဲ့ မတူပဲ အပြောင်းအလဲ အသစ်အဆန်းတစ်ခုခုကို စမ်းသပ်လုပ်ဆောင်တာဟာ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလို ခံစားမှု အတွေ့အကြုံအသစ်ကိုလည်း ရစေပါတယ်။ Car Sex လို့ ခေါ်တဲ့ ကားပေါ်မှာ ချစ်တင်းနှောတာဟာ ပုံမှန်အိပ်ရာပေါ်က ချစ်တင်းနှောတဲ့ ခံစားချက်နဲ့မတူပဲ ပိုမိုရင်ခုန် ပျော်ရွှင်ဖို့ကောင်းတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ခံစားမှု အတွေ့အကြုံ အသစ်တွေကို ရှာဖွေဖို့ ကားပေါ်မှာ ဖောင်းဒိုင်း ကျွေးတော့မယ်ဆိုရင်တော့ သိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

ကားပေါ်မှာ ဖောင်းဒိုင်းမယ်ဆိုရင် သိထားရမယ့် ဆောင်ရန်ရှောင်ရန်များ

 Car Sex
Photo : Scrap Car Comparison

ကားပေါ်မှာ ဖောင်းဒိုင်း မယ်ဆိုရင် ပထမဆုံးအနေနဲ့ စဉ်းစားရမယ့် အချက်တစ်ခုကတော့ နေရာရွေးချယ်မှုပါ။ ကားရပ်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ နေရာ သို့မဟုတ် ကားပါကင် ဖြစ်ဖို့ အရေးကြီးပါတယ်။ ပတ်ဝန်းကျင် အနေအထား ဆိတ်ငြိမ်မှု ရှိဖို့ လိုသလို ဘေးအန္တရာယ်ကင်းရှင်းတဲ့ နေရာဧရိယာ ဖြစ်ဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။

နောက်တစ်ချက်ကတော့ အကာအကွယ်ပါ။ ချစ်တင်းနှော ပြီဆိုတာနဲ့ အရေးကြီးဆုံး Safe Sex ဖြစ်ဖို့က သေချာပေါက် လိုက်နာရမယ့် အချက်ဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါအန္တရာယ်တွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ်နိုင်ဖို့ ကွန်ဒုံး အကာအကွယ်ကိုတော့ မဖြစ်မနေ ဆောင်ထားဖို့ လိုပါတယ်။ အလားတူ လိုအပ်ပါ သန္ဓေတားဆေးကိုလည်း ယူဆောင်လာနိုင်ပါတယ်။

Safe Sex အတွက် ကြိုတင်ပြင်ဆင်ပြီးပြီဆိုရင်တော့ အဝတ်အစား ရွေးချယ်မှုပါ။ ကားပေါ်မှာ ဖောင်းဒိုင်း မှာ ဖြစ်တဲ့အတွက် အိပ်ရာထက်မှာလောက် သက်တောင့်သက်သာ ရှိမှာတော့ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ဝတ်ရချွတ်ရ လွယ်ကူတဲ့ အဝတ်အစားတွေကို ရွေးချယ်တာဟာ အကောင်းဆုံးပါ။ အခြေအနေ အချိန်အခါအရ အဝတ်အစားတွေကို မြန်မြန်ပြန်ဝတ်ရမယ့် အရေးပေါ် အနေအထားတွေလည်း ဖြစ်လာနိုင်ခြေ ရှိတာကို ထည့်တွက်ရပါမယ်။

ဘေးအန္တရာယ်ကင်းရှင်း အကြံပြုချက် အချို့

Car Sex
Photo : Times Of India

ကားပေါ်မှာ ချစ်တင်းနှောဟာ ဘေးကင်းစိတ်ချရမှု ရာခိုင်နှုန်းကတော့ အိပ်ခန်းထဲမှာထက် စာရင် နည်းပါးပါတယ်။ ပတ်ဝန်းကျင် အနေအထား ၊ သက်တောင့်သက်သာ မဖြစ်မှု စတာတွေ အားလုံးကို ထည့်စဉ်းစားရမှာပါ။ ဦးစွာပထမအနေနဲ့ ကွီးတို့ ကားရပ်ဖို့ ရွေးချယ်လိုက်တဲ့ နေရာဟာ ဘာသာရေးဆိုင်ရာ နယ်မြေတွေ ၊ ချစ်တင်းနှောဖို့ မသင့်တော်တဲ့ နေရာပတ်ဝန်းကျင် မဖြစ်ဖို့ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ဒေသန္တရဥပဒေတွေကိုတော့ မဖြစ်မနေ လိုက်နာရမှာပါ။ နောက်တစ်ခုက လူပြတ်တဲ့ လမ်းကြားတွေ ၊ နေရာတွေကို ရှောင်သင့်ပါတယ်။ လုယက်မှုတွေ ၊ အနုကြမ်းစီးမှုတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဒီအချက်ကို လိုက်နာရပါမယ်။ လုံခြုံစိတ်ချရပြီး ဘေးအန္တရာယ်ကင်းကင်းနဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အကာအကွယ်ကောင်းရနိုင်ပြီး အခြားသူတွေ အလွယ်တကူ မတွေ့နိုင်တဲ့ နေရာတွေကို ဦးစားပေး စဉ်းစားသင့်ပါတယ်။

ဆက်လက်ပြီး သေချာပေါက် လိုက်နာရမယ့် အချက်တစ်ခုကတော့ ကားမှန်တွေကို အပြည့်တင်ထားပြီး ကားတံခါးတွေကို သေချာလော့ခ်ချ ထားဖို့ပါပဲ။ ဒါမှလည်း လုံခြုံစိတ်ချရမှု ပိုရှိစေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ချစ်တင်းနှောနေစဉ်မှာ မတော်တဆ ကားလှိမ့်သွားတာ ၊ ရွေ့သွားတာတွေ မဖြစ်စေဖို့ Handbrake ကို ဆွဲထားသင့်ပါတယ်။

ချစ်တင်းနှောချိန်မှာ ပိုမိုသက်တောင့်သက်သာရှိစေဖို့ ကားခေါင်းခန်းထက် အနည်းငယ် ပိုကျယ်ဝန်းတဲ့ ကားနောက်ခုံကို ရွေးချယ်သင့်ပါတယ်။ ကားပေါ်ဟာ အိပ်ခန်းထဲမှာလောက်သက်တောင့်သက်သာ မရှိတဲ့အတွက် ကြမ်းကြမ်းတင်းတင်း ချစ်တင်းနှောတဲ့ ပုံစံတွေကို ရှောင်ရှားရပါမယ်။ ဒါက မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်ခြေကို များစေလို့ပါ။

ဒီလောက်ဆိုရင်တော့ ကားပေါ်မှာ ဖောင်းဒိုင်းတဲ့အခါ ဘာတွေ သတိထားရှောင်ကြဉ်ရမလဲ ၊ ဘာတွေ လိုက်နာရမလဲဆိုတာ သိသွားလောက်ပြီ ထင်ပါတယ်။

ကွီးတို့ရော ရင်ခုန်စိတ်လှုပ်ရှားစရာ ခံစားချက်အသစ်လေးတွေ ရှာဖွေတဲ့အနေနဲ့ ကားပေါ်မှာ ချစ်တင်းနှောဖို့ Try ကြည့်ဖူးပြီလား ???

Source : Web MD

Featured Photo : The Daily Evergreen