ပျော်ရွှင်ကြည်နူးဖွယ်ရာ ချစ်တင်းနှောမှု အပြီးမှာ မမေ့မလျော့ လုပ်ရမယ့် ကိစ္စတစ်ခုက သန့်ရှင်းရေး ပါပဲ။ ဒါဟာ ဘယ်အချိန်ဖြစ်ဖြစ် ကိစ္စပြီးတိုင်း မှာ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် အခြေခံ လိုအပ်ချက်တစ်ခုပါ။ အကယ်၍ ကိစ္စပြီးလို့ သန့်ရှင်းရေးမလုပ်ဘူးဆိုရင်တော့ အခုပြောပြမယ့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
(၁) Smegma တွေ စုပုံလာမယ်
Photo : Trouserdog
ချစ်တင်းနှောပြီးလို့ ကိစ္စပြီးတိုင်းမှာ သန့်ရှင်းရေး သေချာမလုပ်ဘူးဆိုရင် သေချာတာတစ်ခုက လိင်အင်္ဂါ တဝိုက်မှာ Smegma တွေ စုပုံလာမှာပါ။ ဒါက အမျိုးသားရော အမျိုးသမီးတွေမှာ ဖြစ်နိုင်ပါတယ်။ Smegma ဆိုတာ လိင်အင်္ဂါတဝိုက်မှာ မြင်တွေ့ရနိုင်တဲ့ နို့နှစ်ရောင် အညစ်အ ကြေး အရိအရွဲတွေကို ခေါ်ပါတယ်။ Smegma တွေက အရေပြားဆဲလ်သေတွေနဲ့ အဆီတွေသာဖြစ်ပြီး ယေဘုယျအားဖြင့် အန္တရာယ်မရှိဘူးလို့ ပြောလို့ရပေမယ့် သေချာသန့်ရှင်းရေး မလုပ်ပါက အနံ့အသက်ဆိုးတွေ ၊ ယားယံခြင်းနဲ့ ပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၂) ရောဂါပိုးမွှားတွေ ဝင်ရောက်လာမယ်
Photo : The Sun
လိင်အင်္ဂါတွေကနေ ထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်ရောဂါပိုးမွှားတွေနဲ့ ပြင်ပရောဂါပိုးတွေ အများကြီး ကူးစက်ခံရနိုင်ပါတယ်။ မိန်းမကိုယ်နဲ့ လိင်တံကနေ ထွက်တဲ့ အရည်တွေဟာ ဆက်ဆံမှုပြီးချိန်မှာ လိင်အင်္ဂါအမြှေးပါးအောက်တွေမှာ ခိုအောင်းကျန်ရှိ နေတက်ပါတယ်။ ဒါကြောင့် ကိစ္စပြီးချိန်မှာ သန့်ရှင်းရေး မလုပ်ဘူးဆိုရင် အဆိုပါ လိင်အင်္ဂါအရည်တွေကနေတဆင့် ရောဂါပိုးမွှားတွေ ဝင်ရောက်လာနိုင်ခြေ ရှိပါတယ်။
(၃) ဘက်တီးရီးယားတွေ ခိုအောင်းလာမယ်
Photo : MensXP
ဆက်ဆံပြီးချိန်မှာ လိင်အင်္ဂါတွေကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကနေတဆင့် လိင်အင်္ဂါဇာတ် ဧရိယာတဝိုက်မှာ ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ဖွား လာနိုင်ပါတယ်။ ဒါဟာ အနံ့အသက်ဆိုးတွေ ထွက်ခြင်းအပြင် နုနယ်တဲ့ လိင်အင်္ဂါအရေပြားအတွင်းကို ကူးစက်ရောဂါပိုးမွှားတွေ ပိုမိုဝင်ရောက်နိုင်ဖို့ အခွင့်အရေးကို ဖန်တီးပေးနေသလို ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ဖွားနိုင်ခြင်း မရှိစေဖို့ ကိစ္စပြီးတိုင်းမှာ သေချာ သန့်ရှင်းရေး လုပ်ပေးရမှာ ဖြစ်ပါတယ်။
(၄) မှိုစွဲခြင်း ပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်တယ်
Photo : Metro
လိင်အင်္ဂါ ပိုးဝင်ခြင်းဆိုတာ အမျိုးသမီးတွေမှာသာ ဖြစ်တက်တာ မဟုတ်ပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အဓိအားဖြင့် လိင်ဆက်ဆံပြီးချိန်မှာ ကောင်းမွန်စွာ သန့်ရှင်းရေး ပြန်မလုပ်ပေးဘူးဆိုရင် လိင်အင်္ဂါ မှက္ခရု လို့ခေါ်တဲ့ လိင်အင်္ဂါအတွင်း မှိုပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကနေတဆင့် လိင်အင်္ဂါကနေ ဆိုးရွားတဲ့ အနံ့အသက်ဆိုးတွေထွက်တာ နီမြန်းယားယံတာ ၊ နာကျင်တာတွေကဲ့သို့ မသက်မသာဖြစ်စေတဲ့ ခံစားချက်တွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။
ကွီးတို့အနေနဲ့ အထက်ပါ ဆိုးကျိုးတွေကို မခံစားချင်ဘူးဆိုရင်တော့ ဘယ်အချိန်ဖြစ်ဖြစ် ကိစ္စပြီးတိုင်းမှာပါ ကိုယ့်ညီလေးကို သေချာ သန့်ရှင်းရေး လုပ်ပေးဖို့ မမေ့ပါနဲ့ဗျ။
Featured Photo : Dollar Shave Club