အောင်မြင်ကျော်ကြားသူတွေမှာ တွေ့ရတဲ့ အဓိကအကျဆုံး အရည်အချင်းတွေထဲက တစ်ခုမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ ဆိုတာဟာ ပြောတော့သာ လွယ်ပေမယ့် တကယ်လက်တွေ့မှာတော့ ထင်သလောက် မလွယ်ကူပါဘူး။ သင်ကိုယ့်သင် ယုံကြည်မှုရှိတဲ့ လူတစ်ယောက် ဖြစ်လာဖို့ သင်ကိုယ်တိုင် အချိန်ယူတည်ဆောက် လေ့ကျင်ယူရမှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာတာနဲ့အမျှ လူတွေမှာ Powerful အဖြစ်ဆုံး လက်နက်တစ်ခုလို့ ပြောလို့ရတဲ့ စိတ်ရဲ့စွမ်းအားတွေကို ကောင်းကောင်း ထိန်းချုပ်အသုံးချလာနိုင်မှာ ဖြစ်ပြီး ကိုယ်လျောက်လှမ်းရာ နယ်ပယ်အသီးသီးမှာ အကျိုးဖြစ်ထွန်းအောင်မြင်မှုတွေ ရယူလာနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုလာဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ တည်ဆောက်ယူရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) ကိုယ့်ကိုယ်ကိုယ် သိမြင်အောင်ကြိုးစားပါ

know yourself

Photo : New Scientist

မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတစ်ယောက် ဖြစ်လာဖို့ အခြေခံအကျဆုံး အချက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် သိမြင်အောင် ၊ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် အရင်ဆုံး ကြိုးစားရမှာပါ။ ကိုယ့်ရဲ့အကြိုက်တွေကို သိနေရမှာဖြစ်သလို ပိုအရေးကြီးတာက ကိုယ်ဘာတွေ မကြိုက်ဘူးဆိုတာတွေကိုလည်း သိထားရမှာပါ။ သင်ကဘယ်သူလဲ ၊ သင်ဘာကြိုက်တက်လဲ ၊ သင်ဘယ်လမ်းကြောင်းကို သွားချင်လဲ စသည်ဖြင့် မိမိကိုယ်ကိုယ် စစ်မှန်စွာ သိမြင်နိုင်မယ်ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှု တည်ဆောက်ဖို့ မခက်တော့ပါဘူး။

(၂) ရှုံးနိမ့်မှုကို သင်ယူပြီး အခွင့်အလမ်းအဖြစ် ရှုမြင်ပါ

View Failure as a Learning Opportunity

Photo : The Muse

လူအများစု ကျရှုံးမှုရဲ့ဒဏ်ကို ခံနိုင်ရည် မရှိကြပါဘူး။ ဒါပေမယ့် လူတိုင်းဘဝမှာ အောင်မြင်မှုတွေရနိုင်သလို ဘဝတစ်ကွေ့မဟုတ် တစ်ကွေ့မှာလည်း ကျရှုံးခြင်းတွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေဟာ ရှုံးနိမ့်မှုတွေနဲ့ ကြုံလာတိုင်းမှာ လက်မြောက်အရှုံးမပေးပဲ သင်ယူရမယ့် အခွင့်အလမ်းတစ်ခု အဖြစ် မှတ်ယူလေ့ ရှိပါတယ်။ ရှုံးနိမ့်မှုတွေက ပေးလာတဲ့ သင်ခန်းစာတွေကို ကောင်းကောင်း သင်ယူပြီး ကျွန်တော်တို့ ရှေ့ဆက်လျောက်ရမယ့် ဘဝတစ်ခုလုံးမှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေအဖြစ် ဖန်တီးလို့ရတယ်ဆိုတာ မမေ့ပါနဲ့။

(၃) မိမိရဲ့ စိတ်ဝိညာဉ်ကို လက်ခံယုံကြည်ပါ

Trust Your Instincts

Photo : Forbes

လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတယ်ဆိုတာဟာ မိမိရဲ့အတွင်းထဲက စိတ်ဝိညာဉ်အပေါ် လက်ခံယုံကြည်နိုင်စွမ်း အားနည်းလို့ပါပဲ။ လူတွေဟာ တော်တော်များများ မိမိကိုယ်ကိုယ် သံသယဝင်တက်ကြပြီး ဘေးလူတွေရဲ့ အကြံဉာဏ်တွေ ၊ စကားသံတွေကို ပိုအလေးထားတက်ကြပါတယ်။ ဒါဟာမကောင်းတဲ့ အချက်တစ်ခုမဟုတ်ပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ်လည်း လက်ခံယုံကြည်တက်ဖို့ လေ့ကျင့်ပြိုးထောင် သင့်ပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှု ၊ ကိုယ့်ရဲ့လိုအင်နဲ့ ဖြစ်ချင်တဲ့ အရာတွေ ၊ ကိုယ့်ရဲ့ယုံကြည်ရာ စသည်ဖြင့် အတွင်းစိတ်ထဲကဖြစ်ပေါ်လာမှုတွေကို လက်ခံယုံကြည်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။

(၄) သက်သာဇုန်က ရုန်းထွက်ပါ

Comfort Zone

Photo : Ohio Business College

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်တဲ့အခါ သင့်ကို သက်တောင့်သက်သာ ဖြစ်နေစေတဲ့ Comfort Zone ထဲကနေ ရုန်းထွက်ဖို့ လိုပါမယ်။ စိန်ခေါ်မှုမရှိရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်းဆိုတာလည်း ရှိမှာမဟုတ်သလို မိမိကိုယ့်ကိုယ် ယုံကြည်လေးစားမှုဆိုတာလည်း မရှိနိုင်ပါဘူး။ ကြောက်ရွံ့မှုတွေကို ကျော်လွှားပြီး စိန်ခေါ်မှုရှိရှိ ရင်ဆိုင်ကျော်ဖြတ်ခြင်းဟာ မိမိကိုယ်ကိုယ် အရင်ထက်ပိုပြီး ယုံကြည်မှုရှိလာစေမယ့် သော့ချက်တစ်ခုပါပဲ။

Featured Photo : Small Business BC