ကိုယ့်လူတို့ရေ ဖုန်းလဲဖို့ စဉ်းစားနေပါသလား။ ဈေးကွက်ထဲမှာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း မျိုးစုံကို စျေးနှုန်းအမျိုးမျိုးနဲ့ တွေ့နိုင်ပြီး ရွေးချယ်စရာတွေကလည်း အစုံအလင်ပါပဲ။ စျေးအသင့်အတင့်နဲ့ Android ဖုန်းကိုပဲ လိုချင်ရင်တော့ လွယ်လွယ်ကူကူ ရွေးချယ်နိုင်ဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ကိုယ့်လူ တို့အတွက် ဒေါ်လာ ၃၀၀ အောက် ရွေးချယ်နိုင်စရာ စမတ်ဖုန်း ရှယ်တွေချည်းပဲ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
OnePlus Nord N20 5G

Photo : One Plus
ဒီဖုန်းကတော့ ဒေါ်လာ ၃၀၀ အောက် အကောင်းဆုံး စမတ်ဖုန်းတွေထဲက တစ်ခုပါ။ ကောင်းမွန်သော ဒီဇိုင်းနဲ့ တည်ဆောက်မှုတို့ကြောင့် လူငယ်တွေ အကြိုက်တွေ့စေမှာပါ။ သူ့ရဲ့ ဘတ်ထရီသက်တမ်းကလည်း တော်တော်လည်း ကောင်းမွန်ပါတယ်။ 6GB RAM နှင့် 128GB Storage အပြင် ကွီးတို့အလိုရှိပါက Storage ကို တိုးချဲ့နိုင်ပါတယ်။ စမတ်ဖုန်းတစ်လုံးမှာ ရှိရမယ့် အင်္ဂါရပ်များအားလုံး ပါဝင်ပါတယ်။
Samsung Galaxy A23 5G

Photo : LDLC
ကိုယ့်လူတို့က Samsung ပရိသတ်ဆိုရင်တော့ Samsung ထဲမှာ ဒေါ်လာ ၃၀၀ အောက် အကောင်းဆုံး ဖုန်းတစ်လုံးကတော့ Samsung Galaxy A23 5G ရှိပါတယ်။ ၎င်းရဲ့ မျက်နှာပြင်မှာ ကြီးမားတဲ့ ၆.၆ လက်မ LCD Panel ဖြစ်ပြီး Resolution မှာ 1080 x 2408 Pixels ရှိပါတယ်။ မျက်နှာပြင်ကြီးကြီး ကြိုက်သူတွေအတွက် ရွေးချယ်စရာတစ်ခုပါပဲ။ Storage အနေနဲ့ကတော့ 64 GB ဖြစ်ပြီး တိုးချဲ့နိုင်ပါတယ်။
TCL 20 SE

Photo : LDLC
TCL 20 SE စမတ်ဖုန်းမှာ အသုံးပြုရလွယ်ကူတဲ့ ဆော့ဝဲလ်များ ပါဝင်ပြီး မျက်နှာပြင်ကတော့ ၆.၈ လက်မရှိပါတယ်။ ၎င်းမှာ 4GB RAM နဲ့ 128GB Internal Storage ပါဝင်ပြီး ကွီးတို့ လိုအပ်ပါက Storage ကို တိုးချဲ့နိုင်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက ရိုးရှင်းပြီး ခေတ်မှီကောင်းမွန်စွာ ဖန်တီးထားပါတယ်။ ၎င်းမှာ ပါဝင်တဲ့ ကင်မရာက သာမာန်သာ ဖြစ်တာကြောင့် ကင်မရာကောင်းကောင်းလိုချင်တဲ့ သူတွေအတွက်တော့ စဉ်းစားစရာပါပဲ။
Blackview BV4900

Photo : Amazon.com
ကွီးတို့အနေနဲ့ ကိုယ့်အသုံးပြုမှုအပေါ် မူတည်ပြီး အကြမ်းခံတဲ့ ဖုန်းကိုလိုချင်ပါက Blackview BV4900 က အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါ။ ၎င်းရဲ့ ဒီဇိုင်းကလည်း အကြမ်းခံနိုင်အောင် တည်ဆောက်ထားပြီး IP68 ဖုန်မှုန့်နှင့် ရေဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒ့ါအပြင် ဘတ်ထရီသက်တမ်းကလည်း တော်တော်လေး ကောင်းမွန်ပါတယ်။ ၎င်းမှာ 3GB RAM နှင့် 32GB Storage တို့နှင့်အတူ အတော်လေး ပေါ့ပါးသော Specs များ ပါဝင်ပါတယ်။ လိုအပ်ပါက Storage ကို တိုးချဲ့နိုင်ပါတယ်။ သို့သော်လည်း ၎င်းမှာ ဆော့ဖ်ဝဲ အဟောင်းများသာ ပါဝင်တာက ရွေးချယ်ဖို့ စဉ်းစားစရာ အချက်တစ်ခုပါပဲ။
Nokia G400 5G

Photo : Amazon.com
ကွီးတို့ အစောပိုင်းကာလတွေမှာ Nokia ဖုန်းတွေကို ကိုင်ခဲ့ဖူးပါသလား။ Nokia ဖုန်းတွေကို ကြိုက်နှစ်သက်ခဲ့ဖူးတယ်ဆိုရင် မနှစ်ကမှ ထွက်ရှိခဲ့တဲ့ Nokia G400 5G က ရွေးချယ်ကြည့်ချင်စရာ ဖုန်းတစ်လုံးပါပဲ။ ၎င်းမှာ တုန့်ပြန်မှု မြန်ဆန်တဲ့ ၆.၅၈ လက်မ မျက်နှာပြင်ပါရှိပြီး ဘတ်ထရီသက်တမ်းကလည်း ကောင်းမွန်ပါတယ်။ ကောင်းမွန်သော ဒီဇိုင်းနဲ့ တည်ဆောက်ပုံတို့က လူငယ်တွေ အကြိုက်တွေ့ စေမှာပါ။ Storage အနေနဲ့ကတော့ 64 GB ပါရှိပြီး လိုအပ်ပါက တိုးချဲ့နိုင်ပါတယ်။
ကိုယ့်လူ တို့ရေ အခုဖော်ပြပေးလိုက်တာတော့ ဒေါ်လာ ၃၀၀ အောက် စမတ်ဖုန်း ရှယ်တွေချည်းပဲ ဖြစ်ပါတယ်။ ပေးရတဲ့ စျေးနဲ့ သင့်တော်တဲ့ အကောင်းဆုံး Android ဖုန်း တွေကို ဖော်ပြပေးလိုက်တာကြောင့် ဖုန်းလဲဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် အကူအညီ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Source : Android Central
Featured Photo : WIRED
