နားကြပ်တွေက လူငယ်တွေအများစု ကြိုက်နှစ်သက်ကြတဲ့ အသုံးအဆောင် တစ်ခုဖြစ်သည်သာမက ဖက်ရှင်ပိုင်းမှာလည်း တကယ်ကို နေရာတစ်ခုက ပါဝင်နေပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးလာမှုနဲ့ အတူ နားကြပ်တွေ ကလည်း ပိုမိုကောင်းမွန် အဆင့်မြင့်လာပြီး ကိုယ်အသုံးပြုချင်တဲ့ နေရာအလိုက် ကိုယ့်စိတ်ကြိုက် ရွေးချယ်စရာတွေကလည်း စျေးကွက်မှာ အများအပြားပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ကိုယ့်အထာနဲ့ကိုယ် စိတ်ကြိုက် Chill ဖို့ ကြိုးမဲ့ Headphones တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
Sony WH-1000XM5

Photo : Forbes
ဆူညံသံတွေကို ကောင်းကောင်းပယ်ဖျက်နိုင်ပြီး ကြည်လင်ပြီးကောင်းမွန်တဲ့ အသံစွမ်းရည်ကို ပေးစွမ်းနိုင်တဲ့ Headphone ကို ရှာနေတယ်ဆိုရင် Sony WH-1000XM5 ရှိပါတယ်။ ဒီ Headphone မှာ ပိုမိုကောင်းမွန်သော ခေါ်ဆိုမှုအရည်အသွေး၊ လွယ်ကူသော ထိန်းချုပ်မှုများနဲ့ ကောင်းမွန်သောချိတ်ဆက်မှုတို့ဖြင့် အဆင့်မြှင့်ထားပါတယ်။ သူ့ရဲ့ ဘက်ထရီသက်တမ်းကတော့ (ANC on) ဆိုရင် နာရီ ၃၀ ခန့် ခံပြီး (ANC off) ဆိုရင် နာရီ ၄၀ လောက်ခံပါတယ်။ Bluetooth အကွာအဝေးကလည်း ၃၃ ပေလောက်ထိ ချိတ်ဆက်နိုင်ပါတယ်။ အမိုက်စား အရည်အသွေးကောင်းတဲ့ Headphone လိုချင်ရင်တော့ ဒါလေးက ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။
Bowers & Wilkins Px7 S2

Photo : Forbes
ဒီ Headphone ကတော့ ၎င်းရဲ့ အရင် မော်ဒယ်လ်ထက် ဆူညံသံ ပယ်ဖျက်မှု ပိုမိုကောင်းမွန်လာပြီး ကောင်းမွန်ပြီး အမိုက်စား အသံစွမ်းရည်ကိုပေးစွမ်းနိုင်ပါတယ်။ ထူးခြားတဲ့ အသွင်အပြင်နဲ့ ဒီဇိုင်းက လူငယ်တွေ အကြိုက်တွေ့စေနိုင်ပါတယ်။ ၎င်းရဲ့ ဘက်ထရီသက်တမ်းကတော့ နာရီ ၃၀ ခန့်ရှိပါတယ်။ Bluetooth အကွာအဝေးကလည်း ၃၃ ပေလောက်ထိ ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုရတာလည်း လွယ်ကူအဆင်ပြေပါတယ်။
Bose 700

Photo : Popular Science
ဒီ Bose 700 က ANC စွမ်းဆောင်ရည်အတွက် အကောင်းဆုံး ဆူညံသံပယ်ဖျက်နိုင်သော နားကြပ်များအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ၎င်းကို ခိုင်ခံ့သော stainless steel ဖြင့် တည်ဆောက်ထားပြီး ဒီဇိုင်းနဲ့ အသွင်အပြင် ခပ်လန်းလန်းကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Alexa နှင့် Google Assistant နှစ်ခုလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ ဘက်ထရီသက်တမ်းကတော့ နာရီ ၂၀ ခန့်ရှိပြီး Bluetooth အကွာအဝေး ပေ ၃၀ လောက်ထိ ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုရတာလည်း တော်တော်လေး သက်တောင့်သက်သာရှိပါတယ်။
Bowers & Wilkins Px8

Photo : Ocean Propetry
ကိုယ့်အထာနဲ့ကိုယ် သံစဉ်လေးတွေနဲ့ Chill ဖို့ နောက်ထပ် အမိုက်စား Headphone တစ်ခုကတော့ Bowers & Wilkins Px8 ပဲ ဖြစ်ပါတယ်။ ဆန်းပြားတဲ့ တည်ဆောက်မှုနဲ့ ပုံစံတို့အပြင် အသံပိုင်းဆိုင်ရာ အရည်အသွေးကလည်း သဘာဝကျပြီး တော်တော်လေး ကောင်းမွန်ပါတယ်။ ၎င်းမှာ ပေါ့ပါး သွက်လက်သော စွမ်းဆောင်ရည်ရှိပြီး ဘက်ထရီသက်တမ်းကတော့ နာရီ ၃၀ အထိ ခံနိုင်ပါတယ်။ Bluetooth အကွာအဝေးကတော့ ၃၀ ပေလောက်ထိ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူများ ပိုမို သက်တောင့်သက်သာ ဖြစ်စေရန်အတွက် ဖန်တီးထုတ်လုပ်ထားပါတယ်။
Sennheiser Momentum 4 Wireless

Photo : Reviewed USA
ကွီးတို့က ခရီးဝေးတွေ ထွက်ရင်း သီချင်းတွေ နားထောင်ရတာကြိုက်တယ်၊ ဒါမှမဟုတ် အလုပ်ရှုတ်လို့ အားခဏ ခဏ သွင်းဖို့ မအားဖူးဆိုရင် ဘက်ထရီ ကြာကြာခံတဲ့ နားကြပ်တွေကို ရွေးချယ်ပါ။ ဒီ Sennheiser Momentum 4 Wireless က ဘက်ထရီသက်တမ်း နာရီ ၆၀ လောက်ခံတာကြောင့် အကောင်းဆုံး ဘက်ထရီသက်တမ်းရှိတဲ့ Headphone တစ်လုံးဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ၎င်းမှာ ဆူညံသံများကို ထိရောက်စွာ ပယ်ဖျက်နိုင်တဲ့ စွမ်းရည်ပါရှိပြီး ကောင်းမွန်သော အသံစွမ်းရည်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ Bluetooth အကွာအဝေးကလည်း ပေ ၃၀ လောက်ထိ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
ကွီးတို့ကို အခုဖော်ပြပေးလိုက်တာကတော့ ဒီနှစ်အတွင်း အကောင်းဆုံး ကြိုးမဲ့ Headphone တွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ကွီးတို့ အကြိုက်တွေ့တဲ့ Headphone တွေရော ဒီအထဲမှာ ပါပါသလား။
Source : Tom’s Guide
Featured Photo : Ecoustics
