ကွီးတို့ တစ်‌ယောက်တည်း ခရီးသွားဖို့ စဉ်းစားဖူးပါသလား။ တစ်ကိုယ်တော် ခရီးသွားခြင်း က အကျိုးများစွာ ရှိပါတယ်။ အခြားသူများကို စောင့်စရာမလိုဘဲ ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် ခရီးနှင်ခြင်းက တကယ်ကို မတူညီတဲ့ ခံစားမှုရသကို ရရှိစေပါတယ်။ ဒ့ါအပြင် လှပတဲ့ရှုခင်းများ၊ အထင်ကရနေရာများ၊ အေးချမ်းသော နေရာများကို ကိုယ့်စိတ်ကြိုက်ကုန်ဆုံးနိုင်ဖို့ အချိန်ပိုရနိုင်ပါတယ်။ ဒီလို ကိုယ့်အထာနဲ့ကိုယ် ရှယ်လှိမ့် ဖို့အတွက် အဖော်မပါဘဲ တစ်ကိုယ်တော် အဆင်ပြေဖို့ဆိုရင် သိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။

မိသားစု သို့မဟုတ် သူငယ်ချင်းများကို ခရီးစဉ် အသေးစိတ်အား အသိပေးထားပါ

ကိုယ့်အထာနဲ့ကိုယ် ရှယ်လှိမ့်

Photo : Y Travel Blog

ကွီးတို့ရဲ့ တစ်ကိုယ်တော် ခရီးစဉ်၊ ဟိုတယ် ကြိုတင်မှာယူတဲ့ အသေးစိတ်အချက်အလက်များကို မိသားစုဝင် သို့မဟုတ် သူငယ်ချင်းများထံကို အသိပေးထားပါ။ ခရီးစဉ်အတွင်း မိတ်ဆွေများ၊ မိသားစုတို့နဲ့ အဆက်အသွယ်မပြတ်စေရန် ကွီးတို့ရဲ့ ဖုန်း၊ အင်တာနက် စတာတွေ အဆင်ပြေပြေ အသုံးပြုနိုင်မှု သေချာပါစေ။ ဒါ့အပြင် ခရီးစဉ်မှာ တစ်ကိုယ်တော် လေ့လာရေးခရီးမပြုမီ သွားမည့်နေရာနဲ့ ပြန်လာရန် မှန်းထားတဲ့အချိန်ကို ကွီးတို့တည်းခိုမယ့် ဟိုတယ်ဝန်ထမ်းများကို အသိပေးထားပါ။

အရေးပေါ် အခြေအနေအတွက် လေ့လာထားပါ

ကိုယ့်အထာနဲ့ကိုယ် ရှယ်လှိမ့်

Photo : Shorelight

ကိုယ့်အထာနဲ့ကိုယ် ရှယ်လှိမ့် မယ်ဆိုရင် နောက်ထပ် အရေးကြီးတဲ့ အချက်က ဘေးကင်းလုံခြုံရေးပါ။ ကွီးတို့ သွားရောက်မယ့် နိုင်ငံနဲ့‌ဒေသရဲ့ အခြေအနေကို လေ့လာထားပါ။ ဒ့ါအပြင် အရေးပေါ် အခြေအနေများအတွက် ခရီးမသွားမီ သွားရောက်မယ့်ဒေသ အနီးနားရှိ ဆေးရုံများ၊ ရဲစခန်းများကို ရှာဖွေလေ့လာထားပါ။ အကယ်၍ ကွီးတို့ နိုင်ငံရပ်ခြားသို့ ခရီးသွားမည်ဆိုပါက ထိုနိုင်ငံရဲ့ ဒေသဘာသာစကားဖြင့် အရေးပေါ်စကားစုများကို လေ့လာပါ၊ သို့မှသာ လိုအပ်ပါက အကူအညီတောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ သောက်သုံးနေကျ ဆေးများနဲ့ အရေးပေါ်အတွက် ဆေးများကို ယူသွားဖို့ မမေ့ပါနဲ့။

ကိုယ့် ပစ္စည်းများကို လုံခြုံအောင်ထားပါ

ကိုယ့်အထာနဲ့ကိုယ် ရှယ်လှိမ့်

Photo : Rolling Stones

ကွီးတို့ရဲ့ ဖုန်း၊ ခရက်ဒစ်ကဒ်၊ ငွေသားအချို့၊ ID နှင့် ပတ်စပို့စ် ကဲ့သို့သော အရေးကြီး စာရွက်စာတမ်းများကို လုံခြုံအောင် ဂရုစိုက်ပြီး မပျောက်ရှအောင် သတိထားပါ။ အမြဲတမ်း လုံခြုံ‌သော အိတ်ထဲတွင်ထားပါ။ အရေးပေါ် အခြေအနေများအတွက် လိုအပ်သော စာရွက်စာတမ်းများကို မိတ္တူပြီး ယူဆောင်သွားသင့်ပါတယ်။ လည်ပတ်နေစဉ်မှာလည်း ရထားများ၊ ဘတ်စ်ကားများ သို့မဟုတ် အခြားသယ်ယူပို့ဆောင်ရေးများ စီးသည့်အခါတွင် ကွီးတို့ရဲ့ ပစ္စည်းများကို မပျောက်ရှစေရန် အထူးသတိထား ဖို့လိုပါတယ်။

Photo : Travel

ဒါ့အပြင် တစ်ကိုယ်တော်ခရီးစဉ် အတွင်း အောက်ပါ အချက်များကိုလည်း အလေးထား သတိပြုပါ

(၁) ခရီးစဉ်အတွင်း အလွန်အကျွံမသောက်ပါနဲ့။

(၂) ခရီးစဉ်အတွင်းမှသာ သိသော တစ်စိမ်းများနဲ့ ဘယ်ကိုမှ မလိုက်ပါနဲ့။

(၃) ကိုယ့်နဲ့ စိမ်းသက်သော နေရာများတွင် လည်ပတ်တဲ့အခါ ပတ်ဝန်းကျင်ကို သတိထားပါ။

(၄) လူရှင်းသော နေရာများမှာ ကြာကြာနေခြင်းကို ‌ရှောင်ပါ။

(၅) တစ်ယောက်ယောက်က တစ်ယောက်တည်း ခရီးထွက်သလားလို့ မေးရင် ကွီးတို့ရဲ့ အိမ်ထောင်ဖက်၊ ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူလာကြောင်း ပြောပါ။

(၆) အများသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုမည်ဆိုလျှင် အလုံခြုံဆုံး လမ်းကြောင်းများကို လေ့လာထားပါ။

အဖော်မပါဘဲ တစ်ကိုယ်တည်း ကိုယ့်အထာနဲ့ကိုယ် ရှယ်လှိမ့် မယ့် ကွီးတို့အတွက် အပေါ်မှာဖော်ပြပေးထားတဲ့ အချက်လေးတွေက ကွီးတို့ရဲ့ တစ်ကိုယ်တော်ခရီးစဉ် အဆင်ပြေချောမွေ့ဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။

Source : Travelers

Featured Photo : Vista Create