အာဟာရပြည့်ဝတဲ့ အစားအသောက်တွေမှာ ဖျားနာမှုတွေ မဖြစ်အောင် တိုက်ဖျက်ပေးမယ့် ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ Vitamin တွေ အများကြီး ပါဝင်ပါတယ်။ အာဟာရ ပညာရှင်တွေကတော့ အခုပြောမယ့် Vitamin ၃ မျိုးဟာ ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ရာမှာ အထိရောက်ဆုံး Vitamin တွေလို့ ဆိုပါတယ်။

(၁) Vitamin E

Vitamin E

Photo : Dietitian Priyanka

Vitamin E ဟာ ကူးစက်မှုတွေ တိုက်ဖျက်ဖို့ ကိုယ်ခန္ဓာကို အထောက်အကူပြုတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါ။ Vitamin E ကို ဗာဒံစေ့ ၊ ဖရုံစေ့ ၊ နေကြာစေ့ စတဲ့ အစေ့အဆံနဲ့ ဟင်းနုနွယ်ရွက်တွေမှာ တွေ့ရတတ်ပါတယ်။

(၂) Vitamin B6

Vitamin B6
Photo : Health

Vitamin B6 ဟာ ကိုယ်ခံအား စနစ်အတွင်းက ဇီဝဓါတုတုံ့ပြန်ချက်တွေ ပံ့ပိုးရာမှာ အလွန်အရေးပါတဲ့ ဓါတ်ဖြစ်ပါတယ်။ Vitamin B6  ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ကြက်သား ၊ ဆယ်လ်မွန် ၊ တူနာငါး ၊ အစိမ်းရောင် အသီးအရွက်တွေ နဲ့ ကုလားပဲတွေပဲ ဖြစ်ပါတယ်။

(၃) Vitamin C

Vitamin C
Vitamin C Photo : NuGenomics

Vitamin C ဟာ ကိုယ်ခံအား စနစ်မြှင့်ပေးတဲ့ Boosters တွေထဲမှာ နာမည်အကြီးဆုံး Vitamin B6 ဓါတ်ဖြစ်ပါတယ်။ Vitamin C ချို့တဲ့သူဟာ နေထိုင်မကောင်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် အဖျားအနာကင်းအောင် Vitamin C ကြွယ်ဝတဲ့ လိမ္မော်သီး ၊ ဂရိတ်ဖရုသီး ၊ ကဗ္ဗလာသီး ၊ စတော်ဘယ်ရီသီး ၊ ငရုတ်ပွကြီးတွေ ၊ ဟင်းနုနွယ် ၊ ကိုက်လန် နဲ့ ပန်းပွင့်စိမ်းတို့ကို စားပေးပါ။ Vitamin C ဆေးတွေ ပုံမှန်သောက်ရင်လည်း ရပါတယ်။

Source : Cleveland Clinic Health Essentials

Featured Photo : Revive Medical Center