ပတ်ဝန်းကျင်မှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကိုယ်ကျင်လည်ရာ နယ်ပယ်မှာဖြစ်စေ၊ ဒီလူကဖြင့် Personality ကောင်းတယ်၊ ဒီလူကဖြင့် Personality မကောင်းဘူး၊ စသည်ဖြင့် မကြာခဏကြားဖူးကြမှာပါ။ ဒါဆို Personality လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး ဆိုတာဘာပါလဲ။ ကိုယ်ရည်ကိုယ်သွေးဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီမှာရှိတဲ့ အတွေးအခေါ် ၊ ခံစားချက်၊ စိတ်နေသဘောထား ၊ အပြုအမူနဲ့ စရိုက်လက္ခ ဏာများကို ဆိုလိုပါတယ်။

လူတစ်ယောက်ရဲ့ အပြောအဆို၊ အပြုအမူ၊ စိတ်သဘောထားများနှင့် အခြားသူများအပေါ် ပြောဆိုဆက်ဆံပုံကိုကြည့်ပြီး ထိုသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယေဘုယျအားဖြင့် သိရှိနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းဟာ ထိုလူရဲ့ ဘဝ တိုးတက်ကောင်းမွန်ခြင်းအပေါ်မှာ အလွန်သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ကိုယ်ရည်ကိုယ်သွေး ဟာ လူတစ်ယောက်အတွက် အရေးကြီး တယ်လို့ ဆိုနိုင်ပါတယ်။

ကွီးတို့ကို ကိုယ်ရည်ကိုယ်သွေး က ဘာကြောင့် အရေးကြီးရခြင်းရဲ့ အဓိက အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ်ကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးတယ်

ကိုယ်ရည်ကိုယ်သွေး အရေးကြီး

Photo : Times of India

ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိခြင်းက ကွီးတို့ရဲ့   ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးတက်စေပါတယ်။ ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသွင်အပြင်၊ အနေအထိုင်နဲ့ ပြောဆိုဆက်ဆံပုံတွေ ကဖော်ပြပြီးသားပါ။ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူဟာ ကိုယ့်ကိုယ်ကို ပိုသိမြင်လာပြီး၊ ပြောဆို ဆက်ဆံမှုတွေ ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်မှုတွေ၊ အကောင်းမြင်စိတ်တွေ ကိန်းအောင်းနေမှာပါ။ ဒီ အချက်တွေကပဲ ကွီးတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ကို တိုးတက် မြင့်မားလာစေတာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သူတွေဟာ ဘဝမှာအောင်မြင်မှုတွေကို ရယူဖို့ မခက်ခဲလှပါဘူး။

(၂) လူမှုပတ်ဝန်းကျင်တွင် ဆက်ဆံရေးကောင်းသူ ဖြစ်လာစေတယ်

ကိုယ်ရည်ကိုယ်သွေး အရေးကြီး

Photo : Comment Entreprendre

ကိုယ်ရည်ကိုယ်သွေးရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဟာ လူ့ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်မှုပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပြဿနာ တစ်ဝက်လောက်ကို ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံရေး စွမ်းရည်နဲ့ ဖြေရှင်းလို့ရတယ်လို့ ဆိုထားပါတယ်။ ကွီးတို့ရဲ့ ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံရေး စွမ်းရည်ကို အသုံးချပြီး ကိုယ်ရည်ကိုယ်သွေးကို မြင့်မားကောင်းမွန်မှုကို တစ်ဆင့်ထပ်မြင့်စေပါတယ်။ ဒါကြောင့် ကိုယ်ရည်ကိုယ်သွေးဟာ ပြောဆိုဆက်ဆံမှု နယ်ပယ်မှာသာ မက ကွီးတို့ဘဝမှာ တစ်ကယ်ကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

(၃) စိတ်ဖိစီးမှု ကင်းစွာနေထိုင် လာနိုင်ပါလိမ့်မယ်

ကိုယ်ရည်ကိုယ်သွေး အရေးကြီး

Photo : Guest Blooging

ကိုယ်ရည်ကိုယ်သွေး ဟာ အရေးကြီးကြောင်း သိရှိပြီး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်လာနိုင်တဲ့အခါ ကွီးတို့ ကိုယ့်ကိုယ်ကို ပိုသိမြင်လာပါလိမ့်မယ်။ အကောင်းမြင်စိတ်များလည်း ပိုမိုတိုးတက်ကောင်းမွန် လာပါလိမ့်မယ်။ ကွီးတို့ရဲ့ အတွေးတွေ ၊ လုပ်ဆောင်ချက်တွေဟာ အကောင်းမြင်စိတ်နဲ့ တကွ ချိတ်ဆက်သွားပြီး ဘဝမှာ ကြုံတွေ့ရတဲ့ အနိမ့်အမြင့် ပြဿနာတွေ အပေါ်တုန်လှုပ်မှု နည်းသွားပါလိမ့်မယ်။ ကိုယ်ရည်ကိုယ်သွေးဟာ ဘဝ အတွက် လုပ်ဆောင်ချက်နဲ့ ပန်းတိုင်ကို ဦးတည်သော ရှုထောင့်ကနေပြီး ကွီးတို့ကို မှန်ကန်သော လမ်းကြောင်းနဲ့ စိုးရိမ်ပူပန်မှု နည်းပါးစွာနေနိုင်ရန် ကူညီပေးပါလိမ့်မယ်။ ထို့အပြင် ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးလာတာနဲ့အမျှ စိတ်အေးအေး ထားတတ်လာကာ ဘယ်လို အခြေအနေကိုမဆို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းတတ် လာပါလိမ့်မယ်။

(၄) ကိုယ်ရည်ကိုယ်သွေးနဲ့ အခွင့်အလမ်း

Personality

Photo : Johnson Service Group

ဒီနေ့ခေတ်လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အချိန်မှာ အလုပ်ရှင်တွေကလည်း သူတို့အတွက် ဝန်ထမ်းရွေးချယ်ရမှာ ကိုယ်ရည်ကိုယ်သွေးကို အဓိကကြည့်လာကြပါတယ်။ ခိုင်မာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိသူကို အလုပ်ရှင်တိုင်းက သဘောကျကြပါတယ်။ ခိုင်မာကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးမရှိဘဲ ကွီးတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေပြီး ကိုယ့်ကိုယ်ကို ဘယ်လိုတင်ပြရမလဲ မသိပါက ကွီးတို့က ဘယ်လောက်ပဲ ထိုအလုပ်အတွက် အရည်အချင်းမှီနေပါစေ၊ ရွေးချယ်ခံရဖို့ အခွင့်အလမ်းလျော့နည်းပါတယ်။ ဒါကြောင့် ကိုယ်ရည်ကိုယ်သွေး ဟာ ကွီးတို့ဘဝ အောင်မြင်မှု၊ တိုးတက်ရေး၊ လူမှုဆက်ဆံရေး စတဲ့ဘက်ပေါင်းတို့အတွက် အပြန်အလှန် ချိတ်ဆက်နေပြီး တကယ်ကို အရေးကြီး လှပါတယ်။

(၅) ကိုယ့်ကိုယ်ကို သိမြင်လာစေပါတယ်

Personality

Photo : Muru Leadership

ကိုယ်ရည်ကိုယ်သွေးဟာ ပြောင်းလဲလို့ရတဲ့ အရာတစ်ခုပါ။ အရင်ဆုံး ကိုယ့်မှာ ကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိလား ဒါမဟုတ် ဆိုးတဲ့ ကိုယ်ရည်ကိုယ်သွေးရှိလားဆိုတာ အရင်ဆုံး သုံးသပ်ရပါမယ်။ ထို့နောက်ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပါ။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းက ကွီးတို့ ကိုယ့်ကိုယ်ကို ပိုပြီးသိမြင်လာစေပါတယ်။ အားနည်းချက်၊ အားသာချက်များကိုလည်း တွေ့ရှိလာပါလိမ့်မယ်။ ထိုအချက်များကို မိမိဘဝ အောင်မြင်တိုးတက်ရေးအတွက် သေချာ အသုံးချလို့ ရပါတယ်။

(၆) ဘဝ ရည်မှန်းချက်များ အောင်မြင်အောင် ကူညီပေးပါလိမ့်မယ်

Personality

Photo : Linkedin

ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးဟာ ကွီးတို့ကို  ရဲ့ ဘဝရည်မှန်းချင်များကို အောင်မြင်အောင် ကူညီပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ကွီးတို့က  ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတတ်ကောင်းမွန်အောင် စတင်လုပ်ဆောင်စဉ်ကတည်းက ဘဝရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ခြေလှမ်း လှမ်းပြီးသား ဖြစ်နေပါပြီ။ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ကွီးတိုရဲ့ အတွေးများ၊ အကောင်းမြင်စိတ်များ၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိခြင်း၊ ကိုယ့်ရဲ့ အားနည်းချက် အားသာချက်များကို သိမြင်လာခြင်းက ကွီးတို့ ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်များဆီသို့ တတ်လှမ်းအောင်မြင်နိုင်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ကွီးတို့ ဘက်က လုံ့လဝိရိယကိုတော့ စိုက်ထုတ်ပေးရပါလိမ့်မယ်။ ဒါဆို ကွီးတို့ ဘဝ ရည်မှန်းချက်ပန်းတိုင်တွေ၊ အောင်မြင်မှုတွေကို နှောင့်နှေးမှုမရှိစေဘဲ ဆွတ်ခူးနိုင်မှာပါ။

Source : Life Hack

Featured Photo : Netnews