ကိုယ်ဝန်ဆောင် စဉ် ချစ်တင်းနှော ခြင်းနဲ့ ပတ်သတ်ပြီး တော်တော်များများ နားလည်မှုလွဲနေတာ ၊ သိမှတ်မှားနေတာလေးတွေ ရှိပါတယ်။ ကိုယ်ဝန်လွယ်ထားချိန်မှာ ထိုးသွင်းဆက်ဆံမှုလုပ်လို့ ရပါ့မလား ၊ ဗိုက်ထဲက ကလေးကျန်းမာရေးအပေါ် ဘယ်လိုမျိုး သက်ရောက်မှုရှိစေလဲ ၊ ဘာတွေ ဆောင်ရရှောင်ရမလဲဆိုတာတွေနဲ့ ပတ်သတ်ပြီး ဒီဆောင်းပါးလေးကနေတဆင့် ကွီးတို့ သိထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် ချစ်တင်းနှောခြင်းက အန္တရာယ်ကင်းလား ?

Pregnancy

Photo : Parents

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်နေစဉ် ချစ်တင်းနှောက အန္တရာယ်ကင်းပါတယ်။ တော်တော်များများ နားလည်ယုံကြည်ထားတာဟာ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ချစ်တင်းနှော ခြင်းကဲ့သို့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တာက ဗိုက်ထဲက ကလေးကျန်းမာရေးကို ထိခိုက်စေတယ် ၊ ကိုယ်ဝန်ပျက်ကျနိုင်ခြေ တိုးစေတယ် ဒါမှမဟုတ် မွေးလမစေ့မီ စောစီးစွာ မွေးဖွားဖို့ လှုံ့ဆော်ပေးတယ်ဆိုတဲ့ အချက်တွေ ပါဝင်နေပြီး တကယ်တော့ ဒီအချက်တွေဟာ မှန်ကန်မှုမရှိပါဘူး။ လေ့လာမှုများစွာကလည်း ကိုယ်ဝန်ဆောင်နေချိန်အတောအ တွင်းမှာ မိန်းမကိုယ်နဲ့ ထိုးသွင်းဆက်ဆံမှုပြုတာဟာ ကလေး လမစေ့ပဲ မွေးဖွားခြင်းနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဖော်ပြထားပြီး သို့သော် ကျန်းမာ ရေး အခြေအနေ အကြောင်းကြောင်းတွေအရ ဆရာဝန်ကနေ အန္တရာယ်ရှိတယ်လို့ ထင်မြင်ချက်ပေးပါက ကိုယ်ဝန်ရင့်မာလာချိန်မှာ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင် နေစဉ်မှာ ချစ်တင်းနှောဖို့အတွက် အန္တရာယ်အကင်းဆုံး သိုင်းကွက်များ

Pregnancy

Photo : Greatist

ကိုယ်ဝန်ဆောင်စဉ် ချစ်တင်းနှော ရာမှာ အန္တရာယ်ပိုကင်းဖို့အတွက် အကောင်းဆုံး ဆက်ဆံမှု Position က‌တော့ ဗိုက်နေရာကို ဖိအားသက်ရောက်မှု အရမ်းကြီး မရှိစေတဲ့ Missionary သိုင်းကွက်ပါ။ အကယ်၍ အမျိုးသမီးက မှောက်လျက်အနေအထား လှဲလျောင်းနေပါက ဗိုက်ထဲက ကလေးရဲ့အလေးချိန်ဟာ သူမရဲ့ ကိုယ်တွင်းအင်္ဂါတွေ သို့မဟုတ် သွေးလွှတ်ကြောတွေအပေါ် ဖိအားပိုမိုသက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒါကြောင့် ပလက်အနေအထား ဆက်ဆံရတဲ့ Missionary Position အသင့်တော်ဆုံး ဖြစ်ပြီး ၎င်းက ထိုးဖောက်ဝင်ရောက်မှုရဲ့ အတိမ်အနက်နှင့် အရှိန်ကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိတဲ့အတွက် ချစ်တင်းနှောချိန်မှာ ပိုမိုသက်တောင့်သက်သာ ရှိနိုင်ပါတယ်။ နောက်ထပ် ကိုယ်ဝန်ဆောင်အမျိုးသမီးကို သက်တောင့်သက်သာရှိစေပြီး အန္တရာယ်ကင်းတဲ့ သိုင်းကွက်တွေကတော့ ဘေးတစောင်း
ကပ်လျက် Position ဖြစ်တဲ့ Side-By-Side Spooning နဲ့ ကုတင်အစွန်းမှာ ထိုင်ပြီး ချစ်တင်းနှောတဲ့ သိုင်းကွက်ပုံစံတွေ ပါဝင်ပါတယ်။

ဆက်လက်ပြီး ကိုယ်ဝန်ဆောင်နေစဉ်မှာ ချစ်တင်းနှောဖို့အတွက် အန္တရာယ်အကင်းဆုံး သိုင်းကွက်နဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကတော့ ပါးစပ်နဲ့ ဆက်ဆံခြင်း ဒါမှမဟုတ် စအိုနဲ့ ဆက်ဆံခြင်းပါ။ သို့သော် ဒီနေရာမှာ သတိထားရမှာတွေ ရှိနေပြန်ပါတယ်။ ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ မိန်းမကိုယ်အတွင်း သွေးကြောတွေကို လေပူဖောင်းတွေ ပိတ်ဆို့မှု မဖြစ်စေဖို့ မိန်းမကိုယ်အတွင်း လေမှုတ်ခြင်းကို ရှောင်ရပါမယ်။
သွေးကြောတွေမှာ လေပိတ်ဆို့မှု ဖြစ်တာက မိခင်ရော ကလေးအတွက်ပါ အသက်အန္တရာယ် ရှိနိုင်တာကြောင့် သေချာပေါက် ရှောင်ရပါမယ်။

နောက်တစ်ခုတော့ စအိုနဲ့ ဆက်ဆံခြင်းပါ။ ဒါက ဗိုက်ထဲက ကလေးကို တိုက်ရိုက် ထိခိုက်မှု မရှိပေမယ့် ကိုယ်ဝန်နဲ့ဆက်စပ်တဲ့ လိပ်ခေါင်းရောဂါ ရှိနေပါက အဆင်မပြေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စအိုဝမှ ဘက်တီးရီးယားပိုးမွှားတွေဟာ ရောဂါပိုးကူးစက် စေနိုင်တဲ့အတွက် စအိုမှ မိန်းမကိုယ်သို့ ချက်ချင်းပြောင်းလဲ ဆက်ဆံခြင်းကို အထူးရှောင်ကြဉ် သင့်ပါတယ်။

ဘယ်လို အခြေအနေတွေမှာ ကိုယ်ဝန်ဆောင်နေစဉ်မှာ ချစ်တင်းနှောခြင်းကို ရှောင်ရမလဲ ?

Pregnancy

Photo : Romper

မိခင်ရဲ့ ကျန်းမာရေး အခြေအနေ အကြောင်းအရင်း အရပ်ရပ်ပေါ်မူတည်ပြီး ဆရာဝန် သို့မဟုတ် ကျန်းမာရေး ဝန်ထမ်းတွေကနေ ချစ်တင်းနှောဖို့ သင့်တော်/မတော်ကို လမ်းညွှန်ပေးပါလိမ့်မယ်။ အကယ်၍ အခုပြောပြမယ့် အခြေအနေတွေ ရှိတယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ချစ်တင်းနှောခြင်းကို သေချာပေါက် ရှောင်ကြဉ်ရပါမယ်။

  • မိခင်မှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ သို့မဟုတ် လမစေ့ပဲ မွေးဖွားနိုင်ခြေကို တိုးစေနိုင်တဲ့ သားအိမ်ခေါင်းနဲ့ ဆိုင်တဲ့ ပြဿနာ တစ်စုံတစ်ရာ ရှိနေရင်
  • အမွှာကိုယ်ဝန် ဆောင်ထားရတယ်ဆိုရင်
  • အချင်းက သားအိမ်ခေါင်းပေါက်ဝ သို့မဟုတ် အရှေ့သို့ ရောက်နေတယ်ဆိုရင်
  • သားအိမ်ခေါင်းအဝမလုံ / သားအိမ်ခေါင်းအဝ ပွင့်နေတယ်ဆိုရင်
  • ရှေ့မှာ လမစေ့ပဲ ကလေးမွေးဖွား ထားဘူးတယ်ဆိုရင်
  • မိန်းမကိုယ်ကနေ အကြောင်းအရင်းမဲ့ သွေးထွက်နေတယ်ဆိုရင်
  • ရေမြွှာရည် ယိုစိမ့်နေတယ်ဆိုရင်
  • ရေမြွှာပေါက်နေတယ်ဆိုရင်

စသည်ဖြင့် ဒီလိုအခြေအနေတွေမှာတော့ ချစ်တင်းနှော ခြင်းကို လုံးဝရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင် စဉ်မှာ ချစ်တင်းနှောတဲ့အခါ မိခင်ရော ကလေးပါ ကျန်းမာပြီး သာယာပျော်ရွှင်ဖွယ် အတွေ့အကြုံကို ခံစားရရှိနိုင်ဖို့နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ကွန်ဒုံး သို့မဟုတ် ပါးစပ်အကာ (Dental Dams) လို အကာအကွယ် ပစ္စည်းတွေကို မမေ့မလျော့ အသုံးပြုဖို့ မှာချင်ပါတယ်။

Source : MedicalNewsToday

Featured Photo : Blanqi