ကြိုးတန်းလန်းနဲ့ ကီးဘုတ် တွေကို အခုချိန်ထိ စွဲလန်း စွာ အသုံးပြုနေတုန်းပဲ ဆိုရင်တော့ ကွီးတို့က အန်းဒိတ် ဘီးကျဲကြီးတစ်ဗွေ ဖြစ်သွားပါပြီ။ အခုခေတ်မှာ ဘယ်သူကမှ ကြိုးတန်းလန်းနဲ့ ကီးဘုတ်တွေကို အသုံးမပြုကြတော့ပါဘူး။ အဲ့ဒီ့အစား နောက်ဆုံးပေါ် ကြိုးမဲ့ ကီးဘုတ်တွေကို အစားထိုး အသုံးပြုလာကြပါပြီ။
ကြိုးမဲ့ ကီးဘုတ်တွေကို အသုံးပြုခြင်းအားဖြင့် စာရိုက်ရတာလည်း ပိုမိုလျင်မြန် မြန်ဆန်လာပြီး ပိုပြီးလည်း သက်သောင့်သက်သာ ရှိလာပါတယ်။ ဒါ့အပြင် ကွီးတို့ စားပွဲမှာလည်း နေရာလွတ်တွေ ပိုထွက်လာမှာပဲ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ကြိုးကီးဘုတ်တွေအစား ကြိုးမဲ့ ကီးဘုတ်တွေကို ပြောင်းလဲ အသုံးပြုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကီးဘုတ်များကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
(၁) Logitech Pebble Keys 2 K380s

ဒီမော်ဒယ် အမျိုးအစားလေးကတော့ ၃၂ ဒေါ်လာ နဲ့ ပေးတယ်ရမှာပဲ ဖြစ်ပါတယ်။ PC ၊ Mac နဲ့ Chromebook တွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ သူ့ဒီဇိုင်းကလည်း ကွီးတို့ သဘောကျလောက်တဲ့ ဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။
(၂) Logitech K380

ဒီပစ္စည်းလေးကတော့ Mac သမားတွေအတွက် အကောင်းဆုံး အတွဲအဖက်လို့တောင် ဆိုနိုင်ပါတယ်။ ပေါ့ပါး သေးသွယ်တဲ့ ဒီဇိုင်းလေးဖြစ်ပြီး ၂ နှစ် အာမခံလည်း ပါဝင်ပါတယ်။ အရောင်ကတော့ အပြာရောင်၊ ဘလူးဘယ်ရီအရောင်၊ အနက်ရောင်၊ ပန်းရောင်နှင့် အဖြူရောင်ဆိုပြီး အရောင် (၅) မျိုး လာပါတယ်။ ဈေးနှုန်းကတော့ ၅၉ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။
(၃) NuPhy Air75 V2

ဒီဇိုင်း လှတာကိုလည်း ကြိုက်တာ အသုံးပြုရတာလည်း သက်သောင့်သက်သာ ရှိတာမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ NuPhy Air75 V2 မော်ဒယ်လေးကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀ ကုန်ကျမှာ ဖြစ်ပါတယ်။ သူ့မှာ RGB အောက်ခံ မီးရောင်လည်း ပါဝင်တဲ့အပြင် Windows သမားတွေအတွက်ရော Mac သမားတွေအတွက်ပါ အသုံးပြုနိုင်ပါတယ်။
(၄) Razer Pro Type Ultra

အကောင်းတကာ့ အကောင်းဆုံး ကြိုးမဲ့ ကီးဘုတ်လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Razer Pro Type Ultra မော်ဒယ်အမျိုးအစားကို အသုံးပြုနိုင်ပါတယ်။ စာ အမြန် ရိုက်တတ်တဲ့ ကွီးတို့အတွက် အင်မတန့်ကိုမှ သက်သောင့်သက်သာဖြစ်စေပြီး ခလုတ်တွေကလည်း အသံမမြည်တဲ့အတွက်ကြောင့် ရွေးချယ်သင့်တဲ့ အမျိုးအစားထဲမှာ သူပါပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၉.၉၉ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။
(၅) Lenovo ThinkPad TrackPoint Keyboard II

Lenovo ThinkPad ဒီဇိုင်းလေးကို မျက်လုံးထဲက ထုတ်မရဘူးဆိုတဲ့ ကွီးတို့အတွက်တော့ Lenovo ThinkPad TrackPoint Keyboard II မော်ဒယ်အမျိုးအစားလေး ရှိပါတယ်။ သူ့မှာ ခလုတ်ပေါင်း ၈၄ ခု ပါဝင်ပြီး အလယ်က အနီရောင် ခလုတ်လေးနဲ့လည်း အပြောင်းအရွေ့ ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၉၇ ဒေါ်လာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
(၆) Logitech Wave Keys

Logitech Wave Keys ရဲ့ အားသာချက်ကတော့ သူ့ရဲ့ ဘက္ထရီပဲ ဖြစ်ပါတယ်။ အကြာကြီး အသုံးခံပြီး ပေါ့ပါးတဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်တဲ့အတွက်ကြောင့် လူကြိုက်များပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း မိမိုက်နေပြီး ခပ်ဝိုက်ဝိုက်လေး တီထွင်ထားတဲ့အပြင် လက်တင်ရတာ သက်သောင့်သက်သာ ရှိအောင်လည်း ဒီဇိုင်း ရေးဆွဲ တီထွင်ထားတာပဲ ဖြစ်ပါတယ်။
(၇) 8Bitdo Retro Mechanical Keyboard

ဒီကီးဘုတ်လေးကတော့ Mechanical Keyboard အမျိုးအစားဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ သူ့ရဲ့ ဒီဇိုင်းပိုင်းဖြစ်ပြီး ခလုတ် တစ်ခုနဲ့ တစ်ခု အပြောင်းအရွေ့မှာလည်း သက်သောင့်သက်သာရှိခြင်းပဲ ဖြစ်ပါတယ်။
(၈) Corsair K70 RGB Pro Mini Wireless

မီးရောင် တလက်လက်နဲ့ ပြောင်းသွားတာမျိုးကို သဘောကျတဲ့ ကွီးတို့ကတော့ ဒီကီးဘုတ် အမျိုးအစားလေးကို ရွေးချယ် ဝဘ်ယူသင့်ပါတယ်။ ဒီဇိုင်းကလည်း မိမိုက်နေပြီး အသုံးပြုရတာလည်း သက်သောင့်သက်သာရှိတဲ့ အတွက်ကြောင့် လူကြိုက်များပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၂၀.၉၉ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကြိုးမဲ့ ကီးဘုတ် တွေထဲက ဘယ်အမျိုးအစားလေးကို မျက်စိထဲက ဖျောက်မရအောင် စွဲလန်း နေပါသလဲ။
Source: Pcmag
Featured Image: Nytimes
