ကော်ဖီ ကော့တေး ဆိုတော့ ကော်ဖီနဲ့ ပြုလုပ်ကာ ဖော်စပ်ထားတဲ့ ကော့တေးများလားဆိုပြီး ကွီးတို့ စိတ်ဝင်စားနေကြမှာ အမှန်ပါပဲ။

တကယ်တော့ ကော်ဖီမှုန့် မသုံးထားတဲ့ ကော်ဖီ ကော့တေး ဖြစ်ပါတယ်။ ဘာ့ကြောင့် ထိုကဲ့သို့ နာမည်ပေးထားသလဲဆိုရင် သူ့ရဲ့အရောင်က ကော်ဖီအရောင်နဲ့ တူနေလို့ပဲ ဖြစ်ပါတယ်။ ဒီကော့တေးလေး စတင်ပေါ်ပေါက်ခဲ့တဲ့ အချိန်ကတော့ ၁၈၈၇ ခုနှစ်က ဖြစ်ပါတယ်။

ဘရန်ဒီ၊ ဝိုင်နှင့် ကြက်ဥနှင့် ပေါင်းစပ်လိုက်တဲ့အတွက်ကြောင့် ကော်ဖီ အရောင်ထွက်နေတဲ့ ကော့တေးတစ်ခွက် ဖြစ်သွားတာ ဖြစ်ပါတယ်။ ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

coffee cocktail

  • ဘရန်ဒီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၁ လုံး
  • Syrup (သို့) ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဇာတ္တိဖိုလ်သီး ၁ လုံး (အလှဆင်ဖို့ရန် ဖြစ်တဲ့အတွက်ကြောင့် အသုံးမပြုလည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို ရယ်ဒီဖြစ်အောင် အဆင်သင့်ပြင်ထားပါ။

coffee cocktail

၂။ Cocktail Shaker ထဲတွင် ဘရန်ဒီ၊ ဝိုင်၊ ကြက်ဥနှင့် Syrup တို့ထည့်ကာ အဖုံးပိတ်ပြီး သမအောင် လှုပ်ခါပေးလိုက်ပါ။

၃။ ထို့နောက် ရေခဲတုံးများထည့်ကာ နောက်ထပ် စက္ကန့် ၃၀ ၊ ၁ မိနစ်ခန့် ခပ်ပြင်းပြင်းလေး ထပ်မံလှုပ်ခါပေးလိုက်ပါ။

ကော်ဖီ ကော့တေး

၄။ ရရှိလာတဲ့ ဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။

ကော်ဖီ ကော့တေး

၅။ ထို့နောက် ဇာတ္တိဖိုလ်သီးကို အမှုန်လေးများဖြစ်သွားအောင် ခြစ်ပေးကာ အလှဆင်ပေးလိုက်ပါ။

ကော်ဖီ ကော့တေး

ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့စေမယ့် ကော်ဖီ ကော့တေး တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

ဒီဖျော်နည်းလေးကတော့ လူတစ်ယောက်စာအတွက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ လူ ၂ ယောက်၊ ၃ ယောက်စာခန့် တိုးကာ ဖျော်စပ်ချင်တယ်ဆိုရင်တော့ ပါဝင်ပစ္စည်းများကို လူအရေအတွက်ဖြင့် ထပ်မြှောက်ကာ တိုးပြီး ဖော်စပ်နိုင်ပါတယ်။

Source: Thespruceeats

Featured Image: Coffeeaffection