ချစ်သူကောင်မလေးတိုင်းက ကိုယ့်ကောင်လေးဆီကနေ အချစ်ခံရတဲ့ ဖီလင်ကို ခံစားချင်ကြသူတွေချည်းပါပဲ။ အထူးသဖြင့် သူမအတွက် Special ဖြစ်တယ်ဆိုတဲ့ ခံစားချက် ၊ ကွီးတို့ကို ပိုင်ဆိုင်ထားရတာဟာ သူမအတွက် ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ထားရတယ်ဆိုတဲ့ ခံစားချက်ကို လိုချင်ကြတာပါ။ ဒီလို ရှော်တီလေး ကို ကံအကောင်းဆုံး မိန်းကလေး လို့ ခံစားရစေအောင် ဘယ်လိုထားရမလဲ မသိသေးရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ။

(၁) ရှော်တီလေး ရဲ့ စိတ်ဝင်စားမှုတွေကို ဦးစားပေးပါ

Couple Talking In Cafe

Photo : Brides

လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ စိတ်ဝင်စားမှုလေးတွေ ကိုယ်စီရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း ထပ်တူကျနေဖို့ မလိုပါဘူး။ ဒါပေမယ့် သူစိတ်ဝင်စားတဲ့အရာလေးတွေ ဝါသနာတွေ ၊ ကိုယ်စိတ်ဝင်စားတဲ့အရာလေးတွေ ဝါသနာတွေကို အပြန်အလှန် မျှဝေဖို့တော့ လိုပါတယ်။ ကိုယ်မကြိုက်ပေမယ့် သူကြိုက်တဲ့ အရာတိုင်းကို လိုက်လုပ်ပေးရမယ်တော့ မဆိုလိုပါဘူး။ သို့သော် သူမကြိုက်တဲ့အရာလေးတွေကို အလေးနက်ထားမှတ်သားထားမယ် ၊ တစ်ခါတစ်ရံမှာ သူမနှစ်သက်တဲ့ အရာလေးတွေ လုပ်ဖို့ ဦးစားပေးမယ်ဆိုရင် သူမအပေါ် ကွီးတို့ရဲ့ အလေးထားမှုဟာ ပေါ်လွင်စေမှာ ဖြစ်ပြီး Special ဖြစ်တဲ့ ခံစားချက်ကို သေချာပေါက် ခံစားရစေမှာပါ။

(၂) သီးသန့်အချိန်လေးတွေ ဖန်တီးပေးပါ

Couple Talking In Cafe

Photo : LoveToKnow

ချစ်သူကောင်မလေးအတွက် သီးသန့်ဖြစ်တဲ့ အချိန်လေးတွေ ဖန်တီးပေးတာဟာ အချစ်ကိုဖော်ပြတဲ့ Love Language တစ်ခုပါပဲ။ သူမနဲ့အတူတူ နှစ်ယောက်တည်း သီးသန့်အချိန်လေးတစ်ခုကို ဖြတ်သန်းတာ ၊ နှစ်ဦးသား အားလပ်ချိန်တွေမှာ အမှတ်တရဖြစ်စရာ အရာလေးတွေကို ဖန်တီးတာ ၊ စကားပြောဖို့ ၊ ဖုန်းပြောဖို့ အချိန်သီးသန့်ပေးတာ စသည်ဖြင့် ကွီးတို့ဘဝထဲက အချိန်တစ်စိတ်တစ်ပိုင်းကို သူမအတွက် သီးသန့်ခွဲထုတ် ပေးဖို့ လိုပါတယ်။ မိန်းကလေးတိုင်းကတော့ ကိုယ့်အတွက် သီးသန့်အချိန်ပေးတက်တဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားရတာဟာ ကံကောင်းခြင်းတစ်ခုလို့ မှတ်ယူထားတက် ကြပါတယ်။

(၃) ရုပ်ပိုင်းဆိုင်ရာ အသေးအမွှား ထိတွေ့မှုလေးတွေ လုပ်ပေးပါ

Couple Talking In Cafe

Photo : Biltmore Psychology and Counseling

ဆိုလိုတာကတော့ အသေးအမွှား ဂရုစိုက်မှုလေးတွေကို မေ့မထားနဲ့လို့ ပြောချင်တာပါ။ ဥပမာအားဖြင့် လမ်းလျှောက်တဲ့အခါ သူမရဲ့ လက်လေးကို ကိုင်ထားတာ ၊ သူမရဲ့ မျက်နှာပေါ် ကျနေတဲ့ ဆံပင်လေးတွေကို သပ်ဖယ်ပေးတာ ၊ သူမရဲ့ နဖူးလေးကို အနမ်းဖွဖွပေးတာ စသည်ဖြင့်ပေါ။ ဒါတွေက သေးသေးမွှားမွှား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလေးတွေလို့ ထင်ရပေမယ့် ကွီးတို့ရဲ့ သူမအပေါ်ထားရှိတဲ့ ချစ်မြတ်နိုးမှုနဲ့ မေတ္တာတရားတွေကို ထိရောက်စွာဖော်ပြတဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် ရှော်တီလေး အတွက်တော့ အထူးခြားဆုံးဖြစ်တဲ့ ခံစားချက်လေးတွေကို ခံစားရစေမှာ အသေအချာပါပဲ။

(၄) စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးပါ

Couple Talking In Cafe

Photo : Medium

Realtionship တစ်ခုမှာ အချစ် ၊ နားလည်မှု ၊ ယုံကြည်မှု ၊ ငွေကြေး စတာတွေအကုန်လုံးက အတိုင်းအတာတစ်ခုအထိ အရေးကြီးပါတယ်။ ဒါတွေအပြင် တော်တော်များများ သိပ်ပြီး မတွေးမိတဲ့ အချက်တစ်ခုက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပါပဲ။ မိန်းကလေးတွေဟာ စိတ်လုံခြုံမှုနဲ့ ပတ်သတ်ရင် တော်တော်လေး Serious ဖြစ်ပါတယ်။ အတိတ်မှာရခဲ့ဖူးတဲ့ ထရော်မာတွေ ၊ ပင်ကိုယ်ဗီဇအရ စိုးရိမ်ပူပန်တက်မှုလေးတွေကြောင့် ကွီးတို့ကို ထုတ်မပြောရင်သာ မပြောမယ် ၊ သူတို့ရဲ့ စိတ်ထဲမှာတော့ ရာခိုင်နှုန်းတစ်ခုအထိ စိုးရိမ်စိတ်လေးတွေ ၊ ကြောက်စိတ်လေးတွေတော့ ရှိနေတက်ကြပါတယ်။ ဒီလိုအရာတွေကို ချေဖျက်ပေးဖို့ ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြည့်အဝ ပေးနိုင်ဖို့က ကွီးတို့ တာဝန်ပါ။ သူမရဲ့စိတ်ကိုကောင်းကောင်းနားလည်အောင် ကြိုးစားဖို့ လိုသလို သူမရဲ့ယုံကြည်မှုကို ပျက်ပြားစေမယ့် လုပ်ရပ်တွေကို အထူးသတိထား ရှောင်ကြဉ်ရပါမယ်။ မိန်းကလေးအများစုက ငွေကြေးပြည့်စုံတဲ့ Realtionship တစ်ခုထက် စိတ်လုံခြုံမှုရှိတဲ့ Realtionship တစ်ခုကို ပိုတောင့်တ လိုချင်ကြပါတယ်။

ဒီအချက်လေးတွေ လုပ်ပေးမယ်ဆိုရင်တော့ ဆော်ချစ်ဆေး ဆောင်စရာမလိုပဲ ရှော်တီလေး ရဲ့ အချစ်တွေ အားလုံး ကွီးတို့ သိမ်းကြုံးရပြီလို့သာ မှတ်လိုက်တော့………

Source : Beauty Hub

Featured Photo : The Adventure Challenge