အစားအသောက်ဟာ အသားအရေ ထိန်းသိမ်းမှု ကဏ္ဍမှာ အဓိကအရေးပါပါတယ်။ အသားအရေကျန်းမာရေးကို အကျိုးပြုတဲ့ အစားအသောက်တွေရှိသလို အသားအရေကို ပျက်စီးစေနိုင်တဲ့ အစားအသောက်တွေလည်း အများကြီးပါ။ ဥပမာအားဖြင့် အစားအသောက်နဲ့ ဝက်ခြံဟာ အဖြစ်များဆုံး အသားအရေဆိုင်ရာ ပြဿနာတစ်ခုလို့ ပြောလို့ရပါတယ်။ အစားအသောက်တစ်ခုတည်းက ဝက်ခြံ မဖြစ်စေနိုင်ပေမယ့် အချို့အစားအစာတွေကတော့ လက်ရှိ ကွီးတို့ကြုံနေရတဲ့ ဝက်ခြံပြဿနာကို ပိုဆိုးအောင် တွန်းအားပေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဝက်ခြံထွက်ဖို့ တွန်းအားပေးနိုင်သလို ဝက်ခြံပြဿနာကို အခြေအနေပိုဆိုးစေနိုင်တဲ့ အစားအသောက် အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) သန့်စင်ထားတဲ့ အစေ့အဆန်နဲ့ သကြားများ

Refined Grains And Sugar

Photo : IDEA Health & Fitness Association

လေ့လာမှုတွေအရ သန့်စင်ထားတဲ့ ဂျုံ ၊ စပါး စသည့် နှံစားပင်တို့ရဲ့ အစေ့အဆန် (ကာဗိုဟိုက်ဒရိတ်) နဲ့ သကြားတွေဟာ ဝက်ခြံ ပြဿနာကို အဆိုးဆုံး ဖြစ်စေတဲ့ အစားအစာတွေပါပဲ။ ဒီထဲမှာ ထမင်း ၊ ဆန်ခေါက်ဆွဲ ၊ ပါစတာ ၊ ဂျုံနဲ့ပြုလုပ်ထားတဲ့ ခေါက်ဆွဲ ၊ စီရီရယ် ၊ ကိတ်မုန့် ၊ အချိုလွန်ကဲ ကွတ်ကီး ၊ အချိုရည် ၊ Mmaple Syrup ၊ ကြံသကာနဲ့ အခြား သကြားပါတဲ့ဖျော်ရည်တွေ ပါဝင်ပါတယ်။ ဒီအစားအစာတွေကို လွန်လွန်ကျွံကျွံ စားမိနေတယ်ဆိုရင်တော့ ကျန်းမာရေးအတွက်အကောင်းသလို အသားအရေဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။

(၂) နို့ထွက်ပစ္စည်းများ

Dairy Products

Photo : Harvard Health

နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါပါတယ်။ သို့သော်လည်း ခရင်မ်ချိစ် ၊ ဒိန်ခဲနဲ့ အခြား နို့ထွက်ပစ္စည်းတွေကို များများစားစား စားမယ်ဆိုရင် ဝက်ခြံပိုဆိုးစေနိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ နွားနို့နဲ့ ဒိန်ချဉ်တို့လို Dairy Products တွေကို စားသုံးတဲ့အခါ ပြည့်ဝနို့နဲ့ ဒိန်ချဉ်တွေအစား အဆီလျှော့ထားတဲ့ အမျိုးအစားတွေကို စားပေးတာက ဝက်ခြံနဲ့အသားအရေ ပြဿနာဆိုင်ရာပြဿနာတွေကို လျော့ပါးစေမှာပါ။

(၂) Fast Food သို့မဟုတ် Junk Food

Fast Food Or Junk Food

Photo : Medical News Today

ဆယ်ကျော်သက်တွေရဲ့ ဝက်ခြံ ဖြစ်ပွားမှုနှုန်းကို လေ့လာကြည့်တဲ့အခါ ဝက်ခြံသူတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားလေ့ရှိတယ်လို့ တွေ့ရှိထားရပါတယ်။ အဆီများတဲ့ အစားအစာတွေ ၊ ဆီကြော်တွေ ၊ ပြုပြင်ထားတဲ့အသားတွေလို အသင့်စား / အမြန်စား Fast Food ဒါမှမဟုတ် Junk Food တွေကို မကြာခဏစားခြင်း အလေ့အထဟာ ဝက်ခြံဖြစ်နိုင်ခြေကို တိုးစေနိုင်ပြီး ဝက်ခြံပြဿနာကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

(၄) ကဖိန်းနဲ့ အရက်

Caffeine And Alcohol

Photo : Eat This, Not That

ကဖိန်းဓာတ်ဟာ အင်ဆူလင် Sensitivity ကိုလျော့ကျစေပါတယ်။ ဆိုလိုတာကတော့ ကော်ဖီသောက်ပြီးနောက်မှာ သွေးတွင်းသကြားဓာတ်ပမာဏက ပုံမှန်ထက်ပိုမိုကြာရှည်စွာ မြင့်မားနေမှာဖြစ်ပါတယ်။ ဒါဟာ ရောင်ရမ်းမှုကိုတိုးစေပြီး ဝက်ခြံပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ အလားတူ အရက်သောက်ခြင်းဟာလည်း အသားအရေကို ကြမ်းတမ်းပျက်စီးစေပြီး ဝက်ခြံ ထွက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ကော်ဖီ ၊ အရက် ၊ သကြား ၊ ပြည့်ဝအဆီနဲ့ နို့ထွက်ပစ္စည်းတွေဟာ ဝက်ခြံနဲ့အဓိက ဆက်နွယ်နေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။

Featured Photo : Wise-geek.com