အမျိုးသား တစ်ယောက်အတွက် ကျားဟော်မုန်း ပမဏညီမျှဖို့ဟာ အရေးကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်းဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ကြွက်သား တည်ဆောက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် အဓိက အရေးပါသလို လိင်မှုစွမ်းဆောင်ရည်နဲ့ လိင်မှုကျန်းမာရေးကို ထိန်းသိမ်းရာမှာလည်း များစွာ အရေးပါတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ကျားဟော်မုန်း အတက်အကျဟာ အသက်အရွယ်အရ ပြောင်းလဲတက်သလို နေ့စဉ်ဘဝထဲက စားသောက်နေထိုင်မှု အမှားအယွင်းတွေကြောင့်လည်း သက်ဆိုင်ပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ ကွီးတို့ ကျားဟော်မုန်းကျဆင်းမှုက အန္တရာယ်ရှိတဲ့ အနီရောင်အဆင့် ဖြစ်နေပြီဆိုတာကို သိနိုင်မယ့် Signs တွေအကြောင်းပါ။

(၁) လိင်ကိစ္စလုပ်ဖို့ လုံးဝစိတ်မပါ ဖြစ်နေမယ်

Diminishing Sex Drive

Photo : MensXP

ကျားဟော်မုန်း ထိုးကျနေပြီ ဆိုတာနဲ့ လိင်ကိစ္စအပေါ် လုံးလုံးလျားလျား စိတ်မပါ ဖြစ်နိုင်ပါတယ်။ ချစ်တင်းနှောတာတင် မကပါဘူး။ တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်ဆောင်ဖို့ကိုပင် စိတ်ပါဝင်စားမှုမရှိ ၊ စိတ်အားတက်ကြွးမှုမရှိ ဖြစ်နေတက်ပါတယ်။

(၂) လိင်တံ ထောင်မတ်ဖို့ / ထောင်မတ်မှုကို ထိန်းထားဖို့ ခက်မယ်

Difficulty In Obtaining An Erection

Photo : MensXP

အမျိုးသားတွေရဲ့ လိင်တံသန်စွမ်းမှုဟာ ကျားဟော်မုန်းအဆင့်နဲ့ သက်ဆိုင်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) အလွန်အမင်း ကျဆင်းနေပြီဆိုရင် လိင်တံထောင်မတ်ဖို့ ခက်ခဲတာ ၊ ထောင်မတ်ရင်တောင် အချိန်ခဏလေး အတွင်းမှာ ပြန်ပျော့သွားတာ စတဲ့ အခြေအနေတွေ ကြုံရနိုင်ပါတယ်။

(၃) လိင်တံနဲ့ ဝှေးစေ့ အရွယ်အစား ကျုံ့လာမယ်

 Penis Size Shrinks

Photo : MensXP

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ပမာဏ နည်းနေပြီဆိုရင် လိင်တံရဲ့ အရှည်နဲ့ လုံးပတ်ဆိုဒ်ဟာ နဂိုရှိရင်းစွဲထက် လျော့ကျသွား တက်ပါတယ်။ လိင်တံ အရွယ်အစား လျော့ကျသွားတာပဲ မဟုတ်ပါဘူး။ ဝှေးစေ့ဆိုဒ်ပါ ကျုံ့သွားနိုင်ပါတယ်။

(၄) ဗိုက်အဆီတွေ တိုးလာမယ်

Belly Fat Increases
Photo : MensXP

တက်စတိုစတီရုန်း (Testosterone) ကျဆင်းတာဟာ အဝလွန်ခြင်းဆီကို ဦးတည်နေပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ပေါင်ခြံတဝိုက်မှာ အဆီပိုတွေ တက်လာနိုင်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားပမာဏ ဆုံးရှုံးနိုင်ခြေဟာ ၃ ဆ နီးပါး ပိုမို မြင့်တက်လာ နိုင်ပါတယ်။

Source :  MensXP

Featured Photo : Dr. Sean P. Nikravan, MD, FACE