ကြက်သွန်ဖြူသည် မီးဖိုးချောင်တိုင်းမှာ မရှိမဖြစ် အသုံးပြုကြတဲ့ ပါဝင်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကြက်သွန်ဖြူ စားခြင်းအားဖြင့် ကွီးတို့ရဲ့ ဖဲမွေ့ရာထက်က ချစ်တင်းနှော ခြင်း ဖြစ်စဥ်ကို အထောက်အကူ ပြုပေးနိုင်တယ်ဆိုတဲ့ အချက်ကိုရော ကွီးတို့ သိပြီးပါပြီလား။

ကြက်သွန်ဖြူသည် အာရှနိုင်ငံတွေမှာ အသုံးများကြတဲ့ ပါဝင်ပစ္စည်း တစ်မျိုးဖြစ်ပြီး အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဟင်းပွဲတစ်ခွက် ဖန်တီးဖို့အတွက် ကြက်သွန်ဖြူကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ တစ်ကမ္ဘာလုံးက တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့အပြင် အမျိုးသားထုကြီးရဲ့ ကျန်းမာရေးအတွက် ကြက်သွန်ဖြူက ပံ့ပိုး ကူညီပေးတယ်ဆိုတာကို ဒီဆောင်းပါးကနေတဆင့် ဖော်ပြပေးလိုက်ချင်ပါတယ်။

ကြက်သွန်ဖြူ စားခြင်းအားဖြင့် အမျိုးသားတို့အတွက် ဘယ်လိုအကျိုးကျေးဇူးများ ခံစားရနိုင်မလဲ

garlic

ကြက်သွန်ဖြူသည် ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပြီး ကိုလက်စထရောပမာဏကိုလည်း လျော့ချပေးနိုင်တဲ့အပြင် နှလုံးရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ဒါတင်မကသေးပါဘူး။ ကွီးတို့ရဲ့ လိင်မှုဘဝကို ပိုမိုသာယာကြည်နူးဖို့ ကောင်းလာအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။​

ကြက်သွန်ဖြူ က ကွီးတို့ရဲ့ ချစ်တင်းနှော ချင်စိတ်ကို ပိုမိုနှိုးဆွပေးနိုင်တာလား

ကြက်သွန်ဖြူ ချစ်တင်းနှော

ကြက်သွန်ဖြူသည် ကွီးတို့ရဲ့ ကျန်းမာရေးအတွက် လိင်ပိုင်းဆိုင်ရာ တပ်မက်မှု အားကောင်းလာအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးသည် ကွီးတို့ ခန္ဓာကိုယ်ထဲတွင် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ကွီးတို့ရဲ့ မျိုးပွားအင်္ဂါအတွင်းသို့ သွေးလှည့်ပတ် စီးဆင်းမှု ကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အခု ချက်ချင်းစားရုံနဲ့ နေ့ချင်း ညချင်း အကျိုးရှိလာမှာတော့ မဟုတ်ပါဘူး။ တစ်နေ့ကို နည်းနည်းချင်းစီ စားပေးမယ်ဆိုရင်ပဲ ကွီးတို့ရဲ့ သက်လုံအား ကောင်းလာမှာဖြစ်ပြီး ကွီးတို့ လိုချင်တဲ့ အကျိုးကျေးဇူးများကိုပါ ရရှိပိုင်ဆိုင်လာစေမှာပဲ ဖြစ်ပါတယ်။

ရွှေပန်းညှိုးသွားခြင်းအတွက်ရော ပြန်ကောင်းနိုင်ဖို့ ကူညီပေးသလား

ကြက်သွန်ဖြူ ချစ်တင်းနှော

ကြက်သွန်ဖြူထဲတွင် ပါဝင်တဲ့ ဒြပ်ပေါင်းများက သွေးပေါင်ချိန်ကို လျော့ချပေးပြီး သွေးတိုးရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသေ ပန်းညှိုး ရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ကြက်သွန်ဖြူ စားသုံးပေးခြင်းက ကွီးတို့အတွက် အကျိုးရှိစေနိုင်ပါတယ်။

ကွီးတို့ရော တစ်နေ့လျှင် ကြက်သွန်ဖြူ ဘယ်နှမြွှာလောက် စားသုံးလေ့ရှိပါသလဲ။

Source: Marham.pk

Featured Image: Menpsyche.com