ကွီးတို့ ကြိတ် ခရက်ရှ်နေရတဲ့ ရှော်တီလေးကို ကိုယ့်ရဲ့ ချစ်သူ ရည်းစား အဖြစ် အဆင့်တက်သွားအောင် မကြိုးစားချင်ကြဘူးလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ဒီဆောင်းပါးလေးက အကူအညီဖြစ်စေမှာပါ။

အခုဖော်ပြမယ့် နည်းလမ်းတွေကို ကိုယ်တိုင်ကြိုးစားကြည့်ပြီး ကြိတ် ခရက်ရှ်နေရာကနေ ရည်းစား အဖြစ် အဆင့်တက်သွားကြပါစေဗျာ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းသည်လည်း ကိုယ့်ရဲ့ ခရက်ရှ်လေးက ကိုယ့်ကို ကြိတ်ကြွေသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မချင့်မရဲဖြစ်နေခြင်းက ကွီးတို့ရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ရဆိုးသွားစေတာကြောင့် မချင်းမရဲဖြစ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရှိနဲ့ ကိုယ် ကြိတ် ခရက်ရှ်နေရတဲ့ ကောင်မလေးအဖြစ်ကနေ ချစ်သူ ရည်းစား အဖြစ် အဆင့်တက်သွားအောင် ကြိုးစားနိုင်ပါတယ်။

စိတ်ဝင်စားကြောင်းပြပါ

ကြိတ် ရည်းစား

သူ(မ)နဲ့ မျက်လုံးချင်း စကားပြောတာမျိုး၊ သူ(မ)ကို ချစ်ရည်ရွှန်းလဲ့နေတဲ့ ပုံစံမျိုးနဲ့ ကြည့်တာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။ သူ(မ)က သူ့ကို စိတ်ဝင်စားနေပါလားဆိုပြီး ရင်ခုန်စိတ်လှုပ်ရှား သွားတယ်ဆိုရင်တော့ ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ဖွင့်ဟပြောဆိုနိုင်ပါပြီ။ ဒါဆိုရင်တော့ ကွီးတို့အတွက် အခြေအနေက လှသွားပါပြီ။

သူ(မ)ကို မကစားပါနဲ့

ကြိတ် ရည်းစား

သူ(မ)က ကိုယ့်အပေါ်ကို စိတ်ဝင်စားလာပြီဆိုတော့မှ သူ(မ)ကို လျစ်လျူရှုထားတာမျိုး မလုပ်ရပါဘူး။ သူ့ကို ခဏလောက် ပစ်ထားလိုက်၊ ကိုယ့်အပေါ် စိတ်ဝင်စားမှုတွေ ပိုလာလိမ့်မယ် ဆိုတဲ့ ဂျင်း အကြံဥာဏ်တွေကိုလည်း မယုံပါနဲ့။ ယုံစားမိလို့ အသည်းကွဲသွားရတဲ့ သူတွေ တစ်ပုံကြီးပါပဲ။ ကိုယ့်ဘက်ကလည်း စိတ်ဝင်စားရဲ့သားနဲ့ စိတ်မဝင်စားချင်ယောင် ဆောင်မနေပါနဲ့။ သူ့ကို အမှန်တကယ် ဂရုစိုက်ပြီး ချစ်ပေးနိုင်တဲ့သူနောက် ကောက်ကောက်ပါသွားပါလိမ့်မယ်။ အဲ့အချိန်ရောက်တော့မှ နောင်တရရင် အများကြီး နောက်ကျသွားပါပြီ ညိုကီတို့ရေ။

သူ(မ)ကို အလေးထားကြောင်: ဖော်ပြပါ

ကြိတ် ရည်းစား

သူ(မ)ကို တန်ဖိုးထားပါ။ သူ(မ)အတွက်ဆိုရင် ဘာမဆို ဖြည့်ဆည်းပေးနိုင်မယ့် သူရဲကောင်းတစ်ယောက်လို ပြုမူပါ။ ဒါဆိုရင်တော့ သူ(မ)​ ဟတ်ထ်ထိသွားပါလိမ့်မယ်။ မိန်းကလေးတွေက သူ့ကို အလေးထားတဲ့သူတွေကို ကြွေကြပါတယ်။ ကွီးတို့လည်း သူ(မ)ရဲ့ နှလုံးသား တစ်ထောင့်တစ်နေရာမှာ နေရာယူနိုင်အောင် ကြိုးစားလိုက်ပါ။

သူ(မ)ရဲ့ သူငယ်ချင်းတွေနဲ့ တည့်အောင် ပေါင်းပါ

ကြိတ် ရည်းစား

သူ(မ)ရဲ့ သူငယ်ချင်းတိုင်းနဲ့တော့ တည့်အောင် ပေါင်းစရာမလိုပါဘူး။ သူ(မ)ရဲ့ အခင်ဆုံး Bestie က ဘယ်သူလဲ။ ထိုသူနဲ့ တည့်အောင် ပေါင်းပါ။ သူ့ထံကနေ ကွီးတို့ရဲ့ ခရက်ရှ်အကြောင်းကို စုံစမ်းပါ။ ကိုယ်က ကိုယ့်ရဲ့ ခရက်ရှ်အပေါ် ဘယ်လိုခံစားနေရသလဲဆိုတာကို ပြောပြပါ။ ဒါဆိုရင်တော့ ထိုသူငယ်ချင်းထံကနေ ကွီးတို့ရဲ့ ခရက်ရှ်ထံကို စကားတွေ လက်ဆင့်ကမ်းသွားမှာပဲ ဖြစ်ပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ ကွီးတို့ ကြိတ် ခရက်ရှ်နေရတဲ့ ခရက်ရှ်လေးက ချစ်သူ ရည်းစား အဖြစ်သို့ အဆင့်တက်သွားမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ ခရက်ရှ်လေးထံ ချဥ်းကပ်ချင်ပါသလဲ။

Source: Lovepanky

Featured Image: Freepik