ဖုန်းဆိုရင် မျက်နှာပြင်ကြီးကြီးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ ကြီးမားသော ဖုန်းမျက်နှာပြင်များက ဗီဒီယိုများ ကြည့်ရာတွင်လည်းကောင်း၊ ဆိုရှယ်မီဒီယာများ အသုံးပြုရာတွင်လည်းကောင်း၊ စသည်တို့အတွက် ပိုမိုကောင်းမွန်သော ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ပိုမိုကြီးမားသော မျက်နှာပြင်များနဲ့ ပိုမိုကောင်းမွန်သော ကြာရှည်ခံဘက်ထရီတို့လည်းပါရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကြီးကြီးလေးမှ ထိမိတာ ဆိုတဲ့ ကွီးတို့အတွက် ရွေးချယ်နိုင်စေဖို့ မျက်နှာပြင်ကျယ်ပြန့်တဲ့ အကောင်းဆုံး စမတ်ဖုန်း တချို့ကို ဖော်ပြပေးချင်ပါတယ်။

Samsung Galaxy S23 Ultra

ကြီးကြီးလေးမှ ထိမိတာ

Photo : Notebook Check

Android ထဲကမှ မျက်နှာပြင် ကြီးကြီးသုံးချင်တဲ့ ကွီးတို့အတွက် Samsung Galaxy S23 Ultra ရှိပါတယ်။ သူ့မှာ မျက်နှာပြင်အကျယ် ၆.၈ လက်မရှိပါတယ်။ RAM အနေနဲ့ကတော့ 8GB ၊ 12GB ဖြစ်ပါတယ်။ Storage အနေနဲကတော့ 28GB၊ 256GB နဲ့ 1TB ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အမိုက်စားမျက်နှာပြင်နဲ့ အားကောင်းသော 200MP ကင်မရာ ကြောင့် ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။

iPhone 14 Pro Max

ကြီးကြီးလေးမှ ထိမိတာPhoto : m Drive

Apple မှ Apple ဆိုတဲ့ ကွီးတို့အတွက်လည်း မျက်နှာပြင်ကြီးကြီး လိုချင်ရင်တော့ နောက်ဆုံးထွက်ထားတဲ့ iPhone 14 Pro Max ရှိပါတယ်။ ၎င်းမှာ မျက်နှာပြင် အကျယ် ၆.၇ လက်မရှိပါတယ်။ RAM ကတော့ 6GB ဖြစ်ပြီး Storage အနေနဲ့ကတော့ 256GB၊ 512GB၊ 1TB ကွီးတို့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ၎င်းမှာလည်း စွမ်းဆောင်ရည်မြင့် ကင်မရာပါရှိပြီး စိတ်ကျေနပ်စေလောက်တဲ့ အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် iPhone 14 Pro Max ရဲ့ ဘက်ထရီသက်တမ်းက ယခင် iPhone 13 Pro Max ထက် ပိုကောင်းလာပြီး အခြားသော အဆင့်မြှင့်တင်မှုအသစ်များလည်း ပါရှိပါတယ်။

OnePlus 11

ကြီးကြီးလေးမှ ထိမိတာ

Photo : WhatPhone

OnePlus 11 ရဲ့ မျက်နှာပြင်ဟာလည်း ၆.၇ လက်မရှိပါတယ်။ ကောင်းမွန်သော စွမ်းဆောင်ရည်မြင့် ကင်မရာများလည်း ပါရှိပါတယ်။ ၎င်းမှာ RAM အနေနဲ့ကတော့ 8GB ၊ 16GB ပါရှိပြီး Storage ကတော့ 128GB နဲ့ 256GB ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီသက်တမ်းကလည်း တော်တော်လေးကို ကောင်းမွန်ပါတယ်။ ၎င်းမှာ ကောင်းမွန်သော စွမ်းဆောင်ရည်နဲ့ အင်္ဂါရပ်များ ပါရှိပြီး  ‌ Samsung Galaxy S23 Ultra နဲ့ iPhone 14 Pro Max တို့ထက် ဈေးပိုပြီး သက်သာတာက သူ့ရဲ့အားသာချက်ပါပဲ။

Google Pixel 7 Pro

Photo : Business Insider

ကြီးကြီးလေးမှ ထိမိတာ ဆိုတဲ့ ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တာကတော့ Google Pixel 7 Pro ပဲ ဖြစ်ပါတယ်။ ၎င်းမှာ ပိုမိုတောက်ပသော မျက်နှာပြင်နဲ့ အကျယ်ကတော့ ၆.၇ လက်မ ရှိပါတယ်။ ဒါ့အပြင် Google Pixel 7 Pro မှာ အံ့သြဖွယ်ကောင်းသော Tensor Features အသစ်များ ပါဝင်ပါတယ်။ ၎င်းမှာ RAM အနေနဲ့ 12GB ပါရှိပြီး Storage အနေနဲ့ကတော့ 128GB၊ 256GB၊ 512GB ဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိပါတယ်။ မျက်နှာပြင်ကြီးပြီး အကောင်းဆုံး ကင်မရာများပါရှိတာကို လိုချင်ရင် ရွေးချယ်ဖို့ ထည့်သွင်းစဉ်းစားရမယ့် စမတ်ဖုန်းတစ်လုံးပါပဲ။

Samsung Galaxy Z Fold 4

Photo : TeachRader

လုံးဝကို မျက်နှာပြင် အကြီးကြီးလိုချင်တယ်၊ Tablet လည်းမသုံးချင်ဘူး၊ ဖုန်းလိုမျိုးပဲ သုံးချင်တယ်ဆိုရင်တော့ ခေါက်နိုင်တဲ့ Samsung Galaxy Z Fold 4 ကတော့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ ခေါက်နိုင်၊ ဆန့်နိုင်တာကြောင့် ၎င်းကိုအသုံးပြုရတာ ဆန်းသစ်သော ခံစားမှုကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ၎င်းရဲ့ မျက်နှာပြင် အကျယ်ကတော့ ၇.၆ လက်မရှိပြီး အပြင်ဘက် မျက်နှာပြင်ကတော့ ၆.၂ လက်မရှိပါတယ်။ ၎င်းမှာ RAM ကတော့ 12GB နဲ့ Storage အနေနဲ့ကတော့ 56GB၊ 512GB၊ 1TB တို့ပါဝင်ပြီး ကွီးတို့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ကြီးကြီးလေးမှ ထိမိတာ ဆိုတဲ့ ကွီးတို့အတွက် မျက်နှာပြင်ကြီးတဲ့ အကောင်းဆုံး စမတ်ဖုန်းတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့ ရွေးချယ်ရလွယ်ကူစေဖို့ ယေဘုယျ အချက်လေးများကိုသာ ဖော်ပြပေးထားပါတယ်။ ဖုန်းလဲဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : Tom’s Guide

Featured Photo : Tomsguide