ကွီးတို့ရေ… ဘဝမှာ ကိုယ် ကြံစည် ထားသမျှတွေ အောင်မြင်ချင်ရင် သိုသိုသိပ်သိပ် ပြုလုပ်ရမယ်ဆိုတာကို သိပြီးပါပြီလား။

ဘာ့ကြောင့် ကြံစည် ထားသမျှတွေကို သိုသိုသိပ်သိပ် လုပ်ရမလဲဆိုတာကို သိချင်ရင်တော့ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါ။

ကွီးတို့ ပတ်ဝန်းကျင်မှာ ကွီးတို့ အောင်မြင်မှာကို စိတ်ရင်းထဲကနေ လိုလိုလားလား ဂုဏ်ပြုပေးမယ့်သူ ဘယ်နှယောက်လောက်များ ရှိမယ်ထင်ပါသလဲ။ လက်ချိုးရေကြည့်လို့မှ လက်ငါးချောင်း ပြည့်ရင်တောင် ကံကောင်းပါ။ ကွီးတို့သာ ကိုယ့်ရဲ့ Plan ကို အများသိအောင် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား လိုက်ပြောကြည့်လိုက်ပါ။ “မင်း လုပ်ရင် ဖြစ်မှာမဟုတ်ပါဘူးကွာ၊ လုပ်မနေပါနဲ့”၊ “ပင်ပန်းတာပဲ အဖတ်တင်မယ်၊ ဘာ့ကြောင့် လုပ်နေမှာလဲ”၊ “အေးအေးဆေးဆေး ဖြောင့်တန်းနေတဲ့ လမ်းမကြီး တစ်ခုလုံး ရှိရဲ့သားနဲ့၊ ဘာ့ကြောင့် ဖြောင့်တန်းတဲ့ လမ်းပေါ်က မလျှောက်ချင်ရတာလဲ၊ ဘာ့ကြောင့် ကောက်ကွေးနေတဲ့ လမ်းကနေ လျှောက်သွားချင်ရသလဲ” စသည်ဖြင့် ကဖျက်ယဖျက် လုပ်မယ့် သူတွေက ကွီးတို့ကို အရင်ဆီးကြိုနေပါလိမ့်မယ်။

man depressed

သူတို့ရဲ့ စကားတွေကို နားယောင်ပြီး ချီတုံချတုံဖြစ်နေရင်တော့ ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေက တစ်ခုမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ပြီးတော့ ကိုယ် စီစဥ်ထားသလို မဖြစ်လာပြန်ရင်လည်း “ငါ ပြောသားပဲ၊ မလုပ်ပါနဲ့ ဆိုတာကို” စသည်ဖြင့် သူတို့ စကား နားမထောင်ရကောင်းလားဆိုပြီး ခနဲ့ နေမှာပါ။ ပြီးတော့ စိတ်ထဲကနေလည်း ကြိတ်ပြီး ဝမ်းသာနေကြမှာပါ။ ဒါ့ကြောင့်မို့လို့ ကွီးတို့စိတ်ထဲမှာ ဘာတွေ လုပ်ချင်နေသလဲ၊ ကြံစည် ထားတဲ့ Plan ကို  ဘယ်လို သိုသိုသိပ်သိပ် လုပ်ရမလဲဆိုတာကို ကွီးတို့ သေသေချာချာ စီစဥ်သင့်ပါတယ်။ ကိုယ့်ဆီကိုသာ သူတို့ရဲ့ Information တွေ အရောက်ခံပါ၊ ကိုယ့်ရဲ့ Information တွေကို သူတို့ဆီ အရောက်မခံပါနဲ့။ လူအများကို ပေးသိသင့်တဲ့အရာတွေကိုပဲ ပေးသိပါ။ သိုသိုသိပ်သိပ် ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ရဲ့ အကြံအစည်ကို ၅၀ ရာခိုင်နှုန်းခန့် အောင်မြင်သွားမှာပဲဖြစ်ပါတယ်။​

တစ်ယောက်တည်း ကြိုးစား ကြံစည်နေတဲ့အခါမှာ အခုဖော်ပြပေးမယ့်အချက်များကို အသုံးချကြည့်ပါ။ ကွီးတို့အတွက် အထောက်အကူဖြစ်စေမှာပါ။

ဦးစားပေးအရာများကို အစဥ်လိုက် သေချာစီထားပါ

goals

ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲ။ ဘယ်အရာကို အရင်ဦးဆုံး ဦးစားပေးသင့်သလဲဆိုတာကို ခေါင်းအေးအေးထားပြီး စဥ်းစားပါ။ ကွီးတို့သည် စက်ရုပ်မဟုတ်တဲ့အတွက်ကြောင့် တစ်ချိန်တည်းမှာပဲ ကိစ္စတွေ အများကြီးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ သူ့အတိုင်းအတာ အကန့်အသတ်နဲ့သာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ပန်းတိုင် သေးသေးလေးများအဖြစ် ထပ်မံ ပိုင်းခြားလိုက်ပါ။ သူ့အကန့်နဲ့ သူ၊ ပိုင်းခြားထားလိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်သည်လည်း တစ်စထက် တစ်စ အကောင်အထည်ပေါ်လာပါလိမ့်မယ်။

အချိန် သတ်မှတ်ထားပါ

ကြံစည် သိုသိုသိပ်သိပ်

နေ့ရက်တိုင်းသည် ကွီးတို့အတွက် အဖိုးတန်ပါတယ်။ တစ်နာရီချင်းစီကို အကျိုးရှိရှိ အသုံးချဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာကို ဘယ်လို အသုံးချသလဲဆိုတာသည် တစ်ပတ်ကြာတဲ့အခါ၊ တစ်နှစ်ကြာတဲ့အခါ ရလာဒ်ကို သိသိသာသာ မြင်တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ တစ်ရက်တာ ပြုလုပ်ရမယ့်အရာများ၊ တစ်နေ့တာ ပြုလုပ်ရမယ့်အရာများကို သေသေချာချာ အစီအစဥ် ချထားသင့်ပါတယ်။ ပြီးရင် ကိုယ် အစီအစဥ် ချထားတဲ့အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်သင့်ပါတယ်။ Plan ချတဲ့အခါမှာလည်း ဖြစ်နိုင်ခြေရှိပြီး လက်တွေ့ဆန်တဲ့ Plan ကိုသာ ချထားရမှာဖြစ်ပါတယ်။ ဒါမှသာ လက်တွေ့ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

တစ်ပတ်စာ တစ်ပတ်စာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ

ကြံစည် သိုသိုသိပ်သိပ်

တစ်ပတ်တာရဲ့ နောက်ဆုံးရက်မှာ ကိုယ် ဘာတွေ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို ပြန်လည် သုံးသပ်ဖို့ အချိန်ပေးပါ။

တစ်ပတ်တာလုံးမှာ ဘာတွေကို လေ့လာသင်ယူခဲ့သလဲ။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုရော စိတ်တိုင်းကျရဲ့လား။ ဘယ်နေရာမှာ တိုးတက်လာသလဲ။ ရှေ့လာမယ့် အပတ်မှာရော ဘာတွေကို ဆက်လက်လုပ်ဆောင်ရမလဲဆိုတာကို သေချာ စဥ်းစားလိုက်ပါ။

တစ်ခါတစ်ရံမှာ ကျနော်တို့သည် အရှေ့သို့သာ ဆက်လက်ချီတက်နေစဥ်မှာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မေ့လျော့သွားတတ်ပါတယ်။​ ကိုယ့်ကိုယ့်ကိုယ် ဂုဏ်ယူတတ်ဖို့၊ ချစ်တတ်ဖို့ မေ့လာတတ်ပါတယ်။ ကိုယ့်အနားမှာ ကိုယ့်ကို ချစ်ခင်ပေးတဲ့လူတွေရဲ့ တန်ဖိုးကိုလည်း မေ့လျော့လာတတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးဖို့လည်း လိုအပ်ပါတယ်။ ဘဝကြီးက ရှင်သန်ရတာ အဓိပ္ပါယ် မဲ့လာတဲ့အခါ ဘာမှ ကြိုးစားချင်စိတ်မရှိတော့ဘဲ အရာရာကို လက်မြောက်အရှုံးပေးချင်စိတ် ပေါ်လာပါလိမ့်မယ်။

လိုအပ်ပါက အကြံဥာဏ်များ ရယူပါ

ကြံစည် သိုသိုသိပ်သိပ်

ကွီးတို့ဘဝမှာ ကိုယ့်ကို လမ်းပြပေးမယ့် စံပြပုဂ္ဂိုလ်တစ်ယောက်တော့ ရှိဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အတွေ့အကြုံများတဲ့ စီနီယာတွေ၊ ဆရာသမားကောင်းတွေလည်း ရှိမှာပါပဲ။ ကိုယ့်ဘက်က တစ်ယောက်တည်း လုပ်ဆောင်နေရတာ အခြေအနေ မဟန်တော့ရင် သူတို့ဆီက အကြံဥာဏ်များ ရယူကြည့်ပါ။ အတွေ့အကြုံများတဲ့ သူတွေအတွက် ကိုယ် ကြုံတွေ့ရတဲ့ အခက်အခဲပြဿနာရဲ့ အဖြေကို သူတို့သည် မိနစ်ပိုင်းအတွင်း အဖြေရှာတွေ့နိုင်ကြပါတယ်။ တစ်ခါတစ်ရံမှာ မာန ကြီးမနေဘဲ အကူအညီ ယူသင့်တဲ့အချိန်မှာလည်း အကူအညီယူသင့်ပါတယ်။

ဒီအချက်များကို သိထားရင်တော့ ကွီးတို့အနေနဲ့ တစ်ယောက်တည်း ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ သိသွားလောက်ပြီပေါ့။

ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အဆုံးထိ လျှောက်လှမ်းမယ်ဆိုတာရော သေချာရဲ့လား။

Source: Criteriaforsuccess

Featured Image: Freepik