ရိုးရှင်းပြီးလှပတဲ့ အိမ်တွင်းအပင် ပန်းအိုးလေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ ကွီးတို့ အိမ်မှာရှိတဲ့ အသုံးမလိုတော့တဲ့ ကြွေပြားအဟောင်းတွေကို အသုံးပြုလို့ ရပါတယ်။ ပန်းအိုးတစ်လုံးဖန်တီးဖို့ အချိန်အားဖြင့် ၁၀ မိနစ်ဝန်းကျင်ခန့်သာ ကြာမြင့်မှာဖြစ်ပြီး ဘတ်ဂျတ်နည်းနည်းနဲ့ အထာကျတဲ့ DIY ပန်းအိုး လေးတွေကို ကွီးတို့ ကိုယ်တိုင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဖန်တီးမှုအဆင့်ဆင့်ကို ကွီးတို့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။
Photo : Pillar Box Blue
ကြွေပြားပန်အိုး ပြုလုပ်ဖို့အတွက် လိုအပ်သည့် ပစ္စည်းများ
- ပန်းအိုးတစ်လုံးစီအတွက် ဒီဇိုင်းတူ ကြွေပြား ၄ ချပ်
- စူပါဂလူး
- ၂ လီတာဆိုဒ် ပလပ်စတစ် အအေးပုလင်း
- ကတ်ကြေး
Photo : Pillar Box Blue
အဆင့် (၁) ကွီးတို့ စိတ်ကြိုက် အရွယ်အစား ဖြတ်တောက်ထားတဲ့ ကြွေပြား ၄ ချပ်ကို စတုရန်းပုံ အနေအထားဖြစ်အောင် ပတ်ပတ်လည် စူပါဂလူးကော်နဲ့ တစ်ချပ်စီ သေချာလေး ကပ်ပေးရပါမယ်။ ကြွေပြား တစ်ချပ်ချင်းစီကပ်ပြီး ကော်ခြောက်တဲ့အထိ လက်နဲ့ ထိန်းထားပေးပါ။ ကော်ခြောက်ပြီး မြဲသွားပြီဆိုမှ နောက်ထပ်တစ်ချက် ဆက်ကပ်ပါ။
Photo : Pillar Box Blue
အဆင့် (၂) ကြွေပြား ၄ ချပ်လုံး စတုရန်းပုံ အနေအထား ကော်ကပ်ပြီးပြီ ဆိုရင်တော့ ၂ လီတာဆိုဒ် ပလပ်စတစ် အအေးပုလင်းရဲ့ နောက်ခြေကို ဖြတ်ပြီး ရေထွက်နိုင်ဖို့အတွက် အပေါက်သေးသေးလေးတွေ ဖောက်ထားပေးပါ။ ထို့နောက် ခုနက ကော်ကပ်ထားတဲ့ စတုရန်းပုံ ကြွေပြား ပန်းအိုး လေးထဲကို ဖြတ်တောက်ထားတဲ့ အအေးဗူး အောက်ခြေကို စွပ်ထည့်လိုက်ပါ။
Photo : Pillar Box Blue
အဆင့် (၃) နောက်ဆုံးအဆင့်အနေနဲ့ အအေးဗူးထဲ မြေသားနဲ့ ပန်းပင်လေးထည့်ပြီး အပင်စိုက်လို့ ရပါပြီ။ အရမ်းကို ရိုးရှင်းလွယ်ကူပြီး ဘတ်ဂျတ်နည်းနည်းနဲ့ အထာကျတဲ့ DIY ကြွေပြား ပန်းအိုး တစ်လုံး ရရှိပြီ ဖြစ်ပါတယ်။
Photo : Pillar Box Blue
မတူညီတဲ့ ကြွေပြား ဒီဇိုင်းလေးတွေကို အသုံးပြုပြီး လှပတဲ့ ရောင်စုံ DIY ပန်းအိုးလေးတွေ ကွီးတို့ အိမ်မှာပဲ ကိုယ်တိုင်ဖန်တီးလိုက်တော့နော်။
Source : Pillar Box Blue
Featured Photo : Pillar Box Blue