ခရီးသွားရတာ နှစ်သက်တဲ့ ကွီး တွေအတွက် ဒီတစ်ခါမှာတော့ Adventure ခရီး ထွက်ဖို့အတွက် အကောင်းဆုံး နိုင်ငံများအကြောင်း ပြောပြပေးချင်ပါတယ်။

စွန့်စားခရီးဆိုတာကတော့ ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ မြေမျက်နှာသွင်ပြင်အမျိုးအစားလည်း မတူညီတဲ့အတွက်ကြောင့် ကြုံတွေ့ရမယ့် စွန့်စားခရီးသည်လည်း တူညီနိုင်မှာမဟုတ်ပါဘူး။

အပျော်ခရီး၊ အလုပ်ခရီး၊ စွန့်စားခရီး စသည်ဖြင့် ခရီးအမျိုးအစား အမျိုးမျိုးရှိတဲ့အနက် စွန့်စားခရီးထွက်ရတာ ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက် Adventure ခရီး ထွက်လို့ အကောင်းဆုံး နိုင်ငံတွေက ဘယ်နိုင်ငံတွေဖြစ်မလဲ။

သြစတြေးလျနိုင်ငံ

ကွီး Adventure ခရီး

သြစတြေးလျနိုင်ငံရှိ ကမ်းရိုးတန်းများသည် မိုင်ပေါင်း သုံးသောင်းကျော် ရှည်လျားပြီး လှပတဲ့ သန္တာကျောက်တန်းများနှင့် ပြည့်နှက်နေတတ်ပါတယ်။ သြစတြေးလျနိုင်ငံသည် လူဦးရေ ထူထပ်မှုအနည်းဆုံးနိုင်ငံဖြစ်တာကြောင် ခရီးသွားလာလို့ကောင်းပြီး စွန့်စားခရီးများ ထွက်လို့ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။

စွန့်စားခရီးသည်များအနေနဲ့ ထိုနိုင်ငံမှာ ပြုလုပ်နိုင်တဲ့ Activities များကတော့ Lady Elliot ကျွန်းမှာ ရေငုပ်ခြင်း၊ Tasmania မီးပင်လယ်ကွေ့မှာ တောင်တက်ခြင်း၊ Kimberley ရေတံခွန်မှာ ရေကူးခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါတယ်။ Kimberley မှာ ရေကူးတဲ့အခါ မိကျောင်းတွေရဲ့ အန္တရာယ်တော့ ကြည့်ရှောင်ရပါလိမ့်မယ်။

အာဂျင်တီးနားနိုင်ငံ

ကွီး Adventure ခရီး

အာဂျင်တီးနားနိုင်ငံမှာတော့ ဆီးနှင်းများ အမြတြစေ ဖုံးလွှမ်းနေတဲ့ ရေခဲတောင်များလည်း ရှိသလို ပြာလဲ့တဲ့ ကန်ရေပြင်ကြီးလည်းရှိပါတယ်။ အချို့နေရာမှာတော့ သစ်ပင်တစ်ပင်မျှ မရှီတဲ့ လွင်တီးခေါင်ဒေသဖြစ်ပါတယ်။ သင့်အနေနဲ့ စွန့်စားခရီး သွားချင်တယ်ဆိုရင်တော့ Patagonia တွင် လေပေါ် ဝဲပျံပြီး ငါးဖမ်းနိုင်သလို စကိတ်စီးခြင်း (သို့) မြင်းစီးခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

Costa Rica

ကွီး Adventure ခရီး

Costa Rica နိုင်ငံရဲ့ လေးပုံ တစ်ပုံသည် တောအုပ်များဖြင့် ပြည့်နှက်နေတဲ့ နိုင်ငံတစိုင်ငံဖြစ်ပါတယ်။ မိုးပျံပူဖောင်း စီးနင်းခြင်း၊ Zip Line ဖြင့် ခုန်ခြင်း၊ တောအုပ်ထဲျွှွင် တောင်တက်ခြင်း အစရှိတဲ့ ပုံသဏ္ဍာန်ပေါင်းမျိုးစုံဖြင့် စွန့်စားခရီးသွားနိုင်ပါတယ်။

နယူးဇီလန်နိုင်ငံ

ကွီး Adventure ခရီး

Adventure နှစ်သက်တဲ့ ကွီး တို့အတွက် ခရီး သွားဖို့အတွက် အရွေးချယ်သင့်ဆုံး နိုင်ငံတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုနိုင်ငံထဲမှာ Adventure ခရီးပေါင်းစုံကို ပြုလုပ်နိုင်လို့ပဲဖြစ်ပါတယ်။ Bungee Jumping ပဲပြုလုပ်ချင်သလား၊ ရွက်လှေပဲစိးချင်သလား၊ ဂူထဲမှာပဲ စွန့်စားမှုများကို ရှာဖွေချင်သလား မျိုးစုံပြုလုပ်နိုင်ပါတယ်။

ပေါ်တူဂီနိုင်ငံ

ကွီး Adventure ခရီး

ပေါ်တူဂီနိုင်ငံကိုလည်း မေ့ထားလို့မရပါဘူး။ ဝေလငါးများ ကြည့်ရှုချင်တယ်ဆိုရင်တော့ ထိုနိုင်ငံကို အသွးသင့်ဆုံပဲဖြစ်ပါတယ်။ အမြင့်မားဆုံးသော တောင်တင်များအပြင် မီးတောင်များ၊ ရေကန်များ ပေါများပြီး Activities မျိုးစုံကိုလည်း ပြုလုပ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ် ။

ထိုင်းနိုင်ငံ

adventurous trip

မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး Street Food ယဉ်ကျေးမှုသည်လည်း တဟုန်ထိုးမြင့်တက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Adventure နှစ်သက်တဲ့ ကွီး တို့ကတော့ ထိုနိုင်ငံသို့ ခရီး သွားဖြစ်တဲ့အခါ နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိတဲ့ မိုးသစ်တောထဲတွင် Zip Lining ပြုလုပ်ခြင်း၊ ပင်လယ်ပြင်ထဲတွင် လှေစေိးခြင်းအပြင် Pang Mapha ထဲတွင် ဂူအကြောင်းများ လေ့လာခြင်း အစရှိတဲ့ စွန့်စားခရီးမျိုးစုံကို ပြုလုပ်နိုင်ပါတယ်။

ဂရိနိုင်ငံ

adventurous trip

ဂရိနိုင်ငံတစ်ခုတည်းမှာတော့ ကျွန်းစုပေါင်း ၆၀၀၀ ကျော် တည်ရှိပြီး ကမ်းရိုးတန်းမိုင်ပေါင်း ၈၅၀၀ မိုင် ပိုင်ဆိုငထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လှပသော အဖြူရောင် အဆောက်အအုံများ၊ ရင်သပ်ရှုမောဖွယ်ကာ ကမ်းခြေများနှင့် ပြည့်နှက်နေတာဖြစ်ပါတယ်။ စွန့်စားခရီးနှစ်သက်သူများကလည်း တောင်ပေါ်မှာ စက်ဘီးစီးခြင်းပြုလုပ်လေ့ရှိကြတဲ့အပြင် ရေလွှာလျှောစီးခြင်း၊ ရေတံခွန်အောက်တွင် လျှောစီးခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပြီး ဒုတိယကမ္ဘာစစ်တုန်းက အပြိုအပျက်ပစ္စည်းများ ထားရှိတဲ့ က မ်းခြေတွင် ရေငုပန်ခြင်း၊ ဒိုက်ဗင်ထိုးခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

စပိန်နိုင်ငံ

adventurous trip

သဘာဝအလှ နှစ်သက်မြတ်နိုးသူများအတွက် စပိန်နိုင်ငံသည်လည်း မေ့မထားသင့်တဲ့ နိုင်ငံတစ်ခုပါပဲ။ စပိန်နိုင်ငံတွင်းမှာ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ Camp ထွက်ကာ ကြယ်များကို ငေးမောခြင်း အစရှိတဲ့ စိတ်လှုပ်ရှားဖွယ်ရာ Activities များကို ပြုလုပ်နိုင်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များဖြင့် အမြဲတစေ ပြည့်နှက်နေတတ်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

အီတလီနိုင်ငံ

adventurous trip

နိုင်ငံတိုင်းမှာ သဘာဝအလှကိုယ်စီ ပြည့်နှက်နေတတ်ပါတယ်။ အီတလီနိုင်ငံမှာလည်း သြချရလောက်အောင် လှပတဲ့ တောတောင်ရှုခင်းများနှင့် သဘာဝရေမြေများဖြင့် ပြည့်နှက်နေတတ်ပါတယ်။ စွန့်စားခရီးနှစ်သက်သူများကတော့ ရေအောက်ငုပ်ကာ သန္တာကျောက်တန်းများကို တမေ့တမောကြီး ကြည့်ရှုနိုင်ပြီး စကိတ်စိးခြင်း၊ တောင်တက်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

ဘရာဇီးနိုင်ငံ

ကွီး Adventure ခရီး

ဘရာဇီးနိုင်ငံကတော့ တောင်အမေရိကတိုက်ရှိ ကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ Rio ဆိုတဲ့ နာမည်ကြီး Carnival ပွဲတောင် ကျင်းပလေ့ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများကလည်း ထိုအရာကြောင့် သွားလည်လေ့ရှိကြပါတယ်။ ရေတံခွန်များ ပေါများခြင်း၊ မိုးသစ်တောများနှင့် ပြည့်နှက်နေခြင်းကြောင့် စွန့်စားခရီး ထွက်လို့ကောင်းတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ နိုင်ငံတွေထဲက ဘယ်နိုင်ငံကို အသွားချင်ဆုံးပါလဲ။

Adventure ခရီးထွက်ချင်တဲ့ ကွီးတို့အတွက် ဒီနေရာလေးတွေကတော့ ရွေးချယ်သင့်တဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ကွီးတို့အားလုံး နှစ်ခြိုက်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Cntraveler

Featured Image: Warnercnr.colostate