အပြာရောင် ဂျင်းဘောင်းဘီများသည် လူကြိုက်များတဲ့ ဂျင်းဘောင်းဘီအမျိုးအစားတစ်ခုဖြစ်ပြီး လူကြီး၊ လူငယ် ကျား မ မရွေး ဝတ်ဆင်ကြပါတယ်။ ကွီး တို့အနေနဲ့ Blue Jeans ဖက်ရှင်ကို စတိုင်လ်မိမိနဲ့ ရှိုးထုတ်ချင်ပေမယ့် ဘယ်လိုရှိုးထုတ်ရမှန်းမသိဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကို အသုံးပြုနိုင်ပါတယ်။ အရင်ဦးဆုံး ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို လေ့လာကြည့်လိုက်ရအောင်။
အရပ်ပုတဲ့ ကွီးတို့အတွက်တော့ အရပ်ပိုရှည်အောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ Slim-Fit (သို့) Skinny ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်နိုင်ပါတယ်။ ထိုဂျင်းဘောင်းဘီတွေက ကွီးတို့ကို အရပ်ပိုရှည်သယောင် ကူညီပေးမှာဖြစ်ပါတယ်။
ပိန်ပိန်ပါးပါးကွီးတို့ကတော့ Skinny ဂျင်းဘောင်းဘီများ မဝတ်ဆင်သင့်ဘဲ ဂျင်းခပ်ပွပွ (သို့) Regular Fit ဂျင်းဘောင်းဘီများကို ဝတ်ဆင်သင့်ပါတယ်။ ဒါ့အပြင် ကွီး တို့အနေနဲ့ Blue Jeans တွေ ဝတ်ဆင်တဲ့အခါ ခြေမျက်စိဖုံးနေအောင် မဝတ်ဆင်သင့်ဘဲ ခြေမျက်စိအနည်းငယ် ဖော်ထားကာ ဝတ်ဆင်သင့်ပါတယ်။ နို့မဟုတ်ရင် ဂျင်းဘောင်းဘီက အောက်မှာ ပုံကျနေပြီး ကွီးတို့ရဲ့ ဖက်ရှင်ကို ကြည့်ရဆိုးစေပါတယ်။
ဆောင်ရမယ့်အချက်နှစ်ချက်လည်းရှိပါသေးတယ်။ ထိုအချက်ကတော့ ဂျင်းဘောင်းဘီအပြဲများကို ပွဲတက်အခမ်းအနားတွေမှာ ဝတ်ဆင်ခြင်းနှင့် တစ်ကိုယ်လုံးကို ဂျင်းဝမ်းဆက်ဖြစ်နေအောင် ဆင်မြန်းထားခြင်းပဲဖြစ်ပါတယ်။
ဂျင်းအပြဲများသည် ပွဲတက်အခမ်းအနားများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်ပါဘူး။ ဒါ့အပြင် ဂျင်းဝတ်စုံကို တစ်ကိုယ်လုံး ဝတ်ဆင်တဲ့အခါ ကွီးတို့ရဲ့ဖက်ရှင်သည် ပေါ်လွင်နေမှာမဟုတ်ပါဘူး။ အရောင်မှေးမှိန်သွားတတ်ပါတယ်။
ထိုကဲ့သိ့ုသော အမှားမျိုးကို မလုပ်မိဖို့ရန်အတွက် အခုဖော်ပြပေးမယ့် ဖက်ရှင်စတိုင်လ်များကို လိုက်နာဆင်မြန်းကာ ဝတ်ဆင်မယ်ဆိုရင်တော့ ကွီး တို့အားလုံး Blue Jeans များနဲ့ မိမိုက်ကာ ဆွဲဆောင်မှုရှိနေမှာအမှန်ပါပဲ။
စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိနေစေမယ့် ဖက်ရှင်
ဒီဖက်ရှင်ကတော့ ဆောင်းရာသီဖက်ရှင်လို့ပြောရမှာပါပဲ။ ဒါပေမဲ့ ကွီးတို့အနေနဲ့ နွေရာသီမှာ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အပေါ်က အနွေးထည်အထူကို ဖယ်လိုက်ရုံပါပဲ။ ကျန်တာကိုတော့ သူ့ပုံစံအတိုင်း ခါးပတ်ကအစ ခါးပတ်အဆုံး ပုံတူကူးကာ ဝတ်ဆင်နိုင်ပါတယ်။
သက်လတ်ပိုင်းအမျိုးသားများအတွက်
ဒီဖက်ရှင်ကတော့ သတ်လက်ပိုင်း ရင့်ကျက်တဲ့အမျိုးသားများအတွက် အသင့်တော်ဆုံးနဲ့ အလိုက်ဖက်ဆုံးဖက်ရှင်ပါပဲ။
အားစိုက်ထုတ်စရာမလိုတဲ့ ဖက်ရှင်
ဟိုနားဒီနား သွားဖို့အတွက်ပဲဆိုရင်တော့ အခုလို ပေါ့ပေါ့ပါးပါးဖက်ရှင်က အသင့်တော်ဆုံးပါပဲ။
လူငယ်ဆန်တဲ့ဖက်ရှင်
ကွီး တို့အနေနဲ့ Blue Jeans နဲ့ ခပ်မိုက်မိုက်လေး ဖက်ရှင်ကျနေချင်တယ်ဆိုရင်တော့ ဒီလိုစတိုင်လ်မျိုး ဝတ်ဆင်နိုင်ပါတယ်။
Skinny Jeans
ဂျင်းအပြာကိုမှ Skinny Jeans များသည်လည်း အခုနောက်ပိုင်းမှာ လူတော်တော်များများ ဝတ်ဆင်လာကြတဲ့ ဂျင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။
ချည်ထည်အကွက်ရှပ်
ချည်ထည်အကွက်ဖက်ရှင်များနဲ့ တွဲဖက်ဝတ်ဆင်ခြင်းကလည်း ကွီးတို့ကို စတိုင်လ်ကျစေမှာအမှန်ပါပဲ။
အထာကျစေမယ့်ဖက်ရှင်
နွေရာသီဖက်ရှင်အတွက်ဆိုရင်တော့ အပေါ်ကုတ်အရှည်ကို ထည့်မဝတ်ပါနဲ့တော့။ ပြီးတော့ သိုးမွှေးဦးထုပ်အစား ရိုးရိုးလျှာထိုးဦးထုပ်နဲ့ဆိုရင် ပိုမိုလိုက်ဖက်နေမှာပါ။ ဆောင်းရာသီရောက်ရင်တော့ ဒီပုံစံအတိုင်း ဝတ်ဆင်နိုင်ပါတယ်။
ဟူဒီနဲ့ တွဲဖက်ဝတ်ဆင်ပါ
ဒီဖက်ရှင်ကလည်း လူငယ်တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ဖက်ရှင်တစ်ခုပါ။
စမတ်ကျကျဖက်ရှင်
အပြာ၊ အနက်နဲ့ အဖြူရောင် အရောင်သုံးမျိုးကို ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုဖက်ရှင်မျိုး ထွက်လာပါလိမ့်မယ်။
အနက်ရောင် အဝတ်အစားများနဲ့ တွဲဖက်ဝတ်ဆင်ပါ
အပြာရောင်နဲ့ အနက်ရောင်သည်လည်း လိုက်ဖက်တဲ့အတွဲအစပ်တစ်ခုပါပဲ။
မြို့ကြီးသားစတိုင်လ်
ခပ်ဟော့ဟော့ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးက ကွက်တိကျနေမှာပါ။
ကွီး တို့အားလုံးလည်း အခုဖော်ပြသွားတဲ့ Blue Jans ဖက်ရှင်စတိုင်လ်များကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Outfittrends
Featured Image: Themanual