စက်ဘီးစီးခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်တဲ့အားကစားတစ်ခုဖြစ်ပြီး ယနေ့ခေတ်တွင်လည်း တဖြည်းဖြည်းနဲ့ ရေပန်းစားလာတဲ့အားကစားတစ်ခုပဲဖြစ်ပါတယ်။ စက်ဘီးစီးခြင်းကို နှစ်သက်တဲ့ ကွီးတို့သည် သူတို့ရဲ့စက်ဘီးအတွက် ငွေကုန်ကြေးကျခံကာ အရည်အသွေးကောင်းတဲ့အမျိုးအစားများကို ဝယ်ယူလေ့ရှိကြပါတယ်။ အရည်အသွေးကောင်းတဲ့ စက်ဘီးအမျိုးအစားတွေ အများအပြားရှိတဲ့အနက် ကွီး တို့အတွက် ဈေးအကြီးဆုံး Luxury စက်ဘီး များလည်း အမျိုးမျိုးထွက်ရှိလျက်ရှိပါတယ်။

KGS စက်ဘီး

ကွီး Luxury စက်ဘီး

ဒီစက်ဘီးကတော့ ဝယ်သူစိတ်ကြိုက်ဘီးဖြင့် Customized ပြုလုပ်ကာ ဖန်တီးထားတဲ့ ဒီဇိုင်းဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ သုံးသောင်း ပေးဝယ်ရမှာဖြစ်ပါတယ်။

Litespeed

ကွီး Luxury စက်ဘီး

ဒီစက်ဘီးရဲ့ စွမ်းဆောင်ရည်ကလည်း မခေပါဘူး။ ကိုယ်ထည်က တောင့်တင်းခိုင်မာပြီး စီးနင်းတဲ့အခါမျာ ပေါ့ပေါ့ပါးပါးနဲ့ စီးနင်းလို့ကောင်းပါတယ်။ ဈေးနှုန်းကလည်း ကောင်းပါတယ်။ ဒေါ်လာ လေးသောင်း ရှစ်ရာ ပေးဝယ်ရမှာဖြစ်ပါတယ်။

Montante Luxury Gold Collection

ကွီး Luxury စက်ဘီး

ဒီဘီးကတော့ အီတလီ ကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားတာဖြစ်ပြီး မိန်းမစီးဖြစ်ပါတယ်။ ၂၄ ကာရက်ရှိသော ရွှေဖြင့် အလှဆင်ထားတာဖြစ်တာကြောင့် ဈေးနှုန်းကတော့ ဒေါ်လာ လေးသောင်း ခြောက်ထောင် ပေးယယ်ရမှာပါ။

Tiffany & Co

bikes for kwee

ဒီစက်ဘီးလေးကတော့ ဒေါ်လာ ၅ သောင်းကနေ ၇ သောင်းအထိ ရှိပါတယ်။ မိန်းမစီးဖြစ်တာကြောင့် ကွီးတို့ရဲ့ကောင်မလေးက စက်ဘီးစီးရတာ ဝါသနာပါရင် လက်ဆောင်ပေးနိုင်ပါတယ်။

Chrome Hearts x Cervelo

ကွီး Luxury စက်ဘီး

ကွီး တို့အကြိုက် ဒီဇိုင်းအမိုက်စားဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး  Luxury ဆန်တဲ့ စက်ဘီး တစ်စီးဖြစ်ပြီး သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၆၀၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။

Trek Madone 7-Diamond

expensive bike for kwee

ဒီစက်ဘီးကတော့ Nike ၊ Trek Bikes ၊ ကျောက်မျက်ပညာရှင် Alan Friedman နှင့် ဒီဇိုင်နာ lenny Futura တို့ ပူးပေါင်းကာ ထုတ်လုပ်ထားတဲ့ဒီဇိုင်းဖြစ်ပါတယ်။ စိန်၊ ရွှေဖြူနှင့် ရွှေဝါတို့ကို အသုံးပြုကာ အလှဆင်ထားတဲ့ စက်ဘီးလေးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၅၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။

Aurumania

expensive bike for kwee

Aurumania က ထုတ်လုပ်တဲ့ Crystal ရွှေစက်ဘီးလေးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၄၄၀၀ ကုန်ကျမှာဖြစ်ပါတယ်။

Trek Yoshitomo Nara

expensive bike for kwee

ဒီဇိုင်းအမိုက်စားဖြင့် ဆင်မြန်းထားတဲ့ ဒီ Luxury စက်ဘီး သည် ခိုင်ခံ့မှုကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ ပေါ့ပေါ့ပါးပါးနှင့် စီးနင်းလို့ကောင်းပြီး အမြန်နှုန်းတင်ကာ မောင်းနှင်ချင်ရင်လည်း ဘေးအန္တရာယ်ကင်းပါတယ်။

Truck Butterfly Madone

ကွီး Luxury စက်ဘီး

လိပ်ပြာပုံနဲ့ အလှဆင်ထားတဲ့ ဒီ Luxury စက်ဘီး ဟာဆိုရင် ဈေးအကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ ဝယ်သူစိတ်တိုင်းကြိုက် ဒီဇိုင်းရေးဆွဲကာ ခေတ်မှီနည်းပညာဖြင့် ထုတ်လုပ်ထားတာဖြစ်တာကြောင့် စက်ဘီးလေးက ကြည့်ရတာ ခမ်းနားလှပနေတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅ သိန်းဖြစ်ပါတယ်။

Source: Globalbrandsmagazine

Featured Image: Monaco-tribune