ကွီး တို့အကြိုက် အကွက်အစင်း လိုင်းတွေ နဲ့ Plaid Shirt တွေ ဆိုတာ စကော့တလန်နိုင်ငံက စတင်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။ သိပ်အေးတဲ့ ရာသီဥတုရှိရာ တိုင်းပြည်က လာတဲ့ ဖက်ရှင်ဖြစ်လို့ Heavy Fabric ချည်အထူသား ဖြစ်ပြီး ဆောင်းတွင်းဘက်တွေမှာ အဝတ်များပါတယ်။ အခုတော့ Plaid ကွက်တွေဟာ တစ်ကမ္ဘာလုံးမှာ လူတိုင်း ဝတ်ဆင်နေကြတဲ့ စတိုင်တစ်ခု ဖြစ်လာပါတယ်။ Plaid ကွက်တွေက ဖလန်နယ်ရှပ်တွေနဲ့ ဆင်ပါတယ်။ ဒါပေမယ့် ဒီနှစ်မျိုးက တူတာ မဟုတ်ပါဘူး။

တူတာတွေ ရှိပေမယ့် အသားနဲ့ အဆင်က ကွာခြားတာမျိုး ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Plaid Shirt တွေဟာ ယောကျာ်းတစ်ယောက်ရဲ့ အဝတ်ဗီရိုထဲမှာ အနည်းဆုံး တစ်ထည်လောက်ဖြစ်ဖြစ် ရှိတတ်ကြတာပါပဲ။ တကယ်လို့ ကွီး တို့က Plaid Shirt ဝတ်ရတာ ကြိုက်လို့ တစ်ထည်လောက် ဝယ်မယ်ဆိုရင် အခုပြောမယ့် အချက်လေးတွေတော့ ထည့်စဉ်းစားပေးဖို့ လိုပါတယ်။

(၁) ချည်သား

ကွီး Plaid Shirt စဉ်းစား

Photo : ape to gentleman

ချည် Fabric သားတွေက Plaid Shirt တစ်ထည်ရဲ့ အဆင်အပြင် ၊ ခံစားမှု နဲ့ အမျိုးအစားတွေ‌ပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် Plaid Shirt ဝတ်မယ်ဆို ဘယ်လိုချည် Fabric မျိုး ရွေးမလဲက အရေးကြီးလာပါတယ်။ ရာသီဥတု သိပ်အေးတဲ့ ဆောင်းရာသီလိုမျိုးမှာ ဖလန်နယ် နဲ့ သိုးမွေးသား ဆန်တဲ့ အထူသား Heavy Fabric တွေက လေလုံ အချမ်းပြေနိုင်လို့ ရွေးချယ်သင့်ပါတယ်။ နွေရာသီလို ပူအိုက်တဲ့ ကာလမျိုးမှာတော့ ပေါ့ပလင်လို Oxford စလို ပေါ့ပါးတဲ့ ချည်သားတွေ ရွေးချယ်နိုင်ပါတယ်။

(၂) အကွက် နဲ့ ကာလာ

ကွီး Plaid Shirt စဉ်းစား

Photo : ape to gentleman

Plaid ကွက်တွေ ရွေးတဲ့အခါ ကာလာ အတွဲအစပ်ကလည်း အရေးကြီးပါတယ်။ များသောအားဖြင့် ယောကျာ်းလေးတွေ မျက်စိကျတဲ့ အရောင်တွေက အနီ နဲ့ အပြာကိုမှ မီးခိုးရောင် ၊ အညိုရောင်ဖျော့ဖျော့လေး စွက်ထားတဲ့ ကာလာမျိုး ဖြစ်ပါတယ်။ အရောင်ရင့်ရင့် ကြိုက်သူက အရောင်အရင့် Solid ကာလာတွေ ရွေးနိုင်ပြီး အရောင်မှိုင်း သဘောကျသူကလည်း ကိုယ်ကြိုက်ရာ အရောင်အမှိုင်းထဲကနေ စဉ်းစားသင့်ပါတယ်။

အိမ်နေရင်း Informal ဝတ်ကြမယ်ဆိုရင် အရောင် ပိုတောက်တာက အဆင်ပြေပါတယ်။ အပြင်သွားမယ် Weekend ချိန်းထားတာလေးတွေ ရှိတယ်ဆိုရင် Jeans နဲ့ Sneaker ကို အရောင်ခပ်ပါးပါး ရင့်တာမျိုးကို ရွေးဝတ်သင့်ပါတယ်။

(၃) Fit ဖြစ်မှု

ကွီး Plaid Shirt စဉ်းစား

Photo : ape to gentleman

အဝတ်အစား ဝတ်ရာမှာ မပါမဖြစ် ပါတဲ့ အခြေခံစည်းမျဉ်းတစ်ခုက Fit ဖြစ်မှုပါပဲ။ Fit ဖြစ်တယ်ဆိုတာ ကျပ်နေတာကို ပြောတာ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအချိုးအစားအလိုက် ဝတ်ရတာ မကပ်မချောင် အနေတော် အဆင်ပြေပြီး ဝတ်လို့ သက်တောင့်သက်သာရှိနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။

Overshirt ဝတ်လို့ ဆိုဒ်ပွပြီး ချောင်ချိနေတာ ပြဿနာမဟုတ်ပေမယ့် ရိုးရိုး အပေါ် ဝတ် Layering အနေနဲ့ T-Shirt အပေါ်က ထပ်ဝတ်တာမျိုးမှာတော့ နည်းနည်းလောက်ပွရုံနဲ့တင် အဆင်ပြေပါတယ်။ များသောအားဖြင့် Plaid Shirt ဝတ်ရာမှာ Classic Casual Fit ဖြစ်ပြီး ပခုံးအကျ နဲ့ ခါးအကျ မှန်ရင် ဝတ်ရတာ ကြည့်ကောင်းတာပါပဲ။

Plaid Shirt တွေကလည်း Flannel ရှပ်တွေလိုပါပဲ။ Classic Casual ဆန်ဆန် ဝတ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Plaid Shirt တွေကို Denim Raw Jeans တို့ Leather Boots တို့နဲ့ ဝတ်ကြပါတယ်။ တကယ်လို့ Outerwear အနေနဲ့ ဝတ်မယ်ဆိုရင်လည်း အောက်ခံအင်္ကျီကို ခပ်ရှင်းရှင်း Plain Tee လေးတွေ ဒါမှမဟုတ် Neutral Color ရှပ်မျိုးနဲ့ တွဲဝတ်ဖို့ စဉ်းစားသင့်ပါတယ်။

Plaid shirt တွေက Casual ဖက်ရှင်တွေ ဆို‌ပေမယ့် နည်းနည်း Smart ကျအောင်လည်း ဝတ်လို့ ရပါတယ်။ Smart စတိုင် ဝတ်မယ် ဆိုရင် သပ်ရပ်တဲ့ ချည်သားကုတ်နဲ့ ချည် Pant ဘောင်းဘီမျိုး နဲ့ တွဲဝတ်နိုင်ပါတယ်။ အရောင်အနေနဲ့ နက်ပြာ ၊ မီးခိုးမှိုင်း နဲ့ အရောင် သိပ်မတောက်ဘဲ ခပ်ဖျော့ဖျော့ ကြားစပ်ရောင် Neutrals ရောင်မျိုး ဝတ်ဖို့ အကြံပြုချင်ပါတယ်။

Casual အတွက်ကတော့ အဆင်ပြေသလို ဝတ်နိုင်ပါတယ်။ အကြံပြုချင်တာက Regular Fit Jeans နဲ့ Plain White Tee ရှပ်အင်္ကျီ ၊ Chukka Boot ဒါမှမဟုတ် Sneaker တွေနဲ့ တွဲဝတ်ရင် ကြည့်ကောင်းနေမှာပါပဲ။ အရေးကြီးတာက ကာလာအတွဲအစပ် ဆန့်ကျင်ဘက် ဖြစ်လွန်းပြီး အရုပ်ဆိုးမနေဖို့ပဲ ဖြစ်ပါတယ်။

Featured Photo : ape to gentleman