ခရီးသွားရတာ နှစ်သက်တဲ့ ကွီးတို့ရေ… မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဘယ်လောက်ပဲ ခရီးသွားရတာ ကြိုက်နှစ်သက်နေပါစေ မသွားသင့်တဲ့ နေရာတွေကို ဖော်ပြပေးချင်ပါတယ်။ ဒါပေမဲ့ တားမရဘူး သွားချင်ပသဆိုတဲ့ အသက်တစ်ချောင်း အပိုပါတဲ့ ကွီး တို့က ဒီ ကျွန်း တွေကို သွားရောက် လည်ပတ်နိုင်ပါတယ်။

Marshall ကျွန်းစုတစ်ဝိုက်က Bikini ကျွန်း

Bikini ကျွန်း

ကွီး တို့အတွက် ဒီ ကျွန်း ကတော့ ကမ္ဘာပေါ်ရှိ အန္တရာယ်အများဆုံး ကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်။ ဘာ့ကြောင့် အန္တရာယ်အများဆုံး ဖြစ်ရသလဲဆိုတဲ့ အကြောင်းပြချက် နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ကျွန်တော်တို့ အလွန်အမင်း ကြောက်ရတဲ့ ငါးမန်းတွေ တည်ရှိလို့ ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ ရေဒီယိုဓာတ်သတ္တုကြွခြင်း မြင့်မားနေလို့ပဲ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်ကတော့ ၁၉၅၀ နှောင်းပိုင်းအထိ အက်တမ်ဗုံးတွေကို ဒီနေရာမှာ စမ်းသပ်ခဲ့ကြတာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ကတော့ ထိုကျွန်းကြီး တစ်ခုလုံးသည် အန္တရာယ်များသော ဇုန်တစ်ခုအဖြစ် ကျန်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ ရမ်းဗြဲကျွန်း

ရမ်းဗြဲကျွန်း

ဒီကျွန်းလေးကတော့ ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေတဲ့ ၁၉၄၅ ခုနှစ်တုန်းက နာမည်ကြီးပဲ ဖြစ်ပါတယ်။ ဗြိတိသျှတပ်တွေသည် ဂျပန်စစ်သားတွေကို ထိုကျွန်းဆီသို့ မရောက် ရောက်အောင် ထောင်ချောက်ဆင်ကာ တွန်းပို့ခဲ့ပြီးနောက်မှာတော့ ဂျပန်စစ်သားများအားလုံးနီးပါးသည် ရမ်းဗြဲကျွန်းရှိ မိချောင်းတွေရဲ့ ဗိုက်ထဲမှာပဲ ထာဝရအနားယူ အိပ်စက်လိုက်ရတာ ဖြစ်ပါတယ်။ ထိုဖြစ်ရပ်သည် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းထဲတွင် မိကျောင်းများရဲ့ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ ဂေဟစနစ်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာမှုကြောင့် ထိုခေတ်တုန်းကလောက် မိချောင်းတွေ များများစားစား မကျန်ရှိတော့ပါဘူး။

Caribbean ပင်လယ်ရှိ Saba ကျွန်း

ကွီး ကျွန်း

ဒီနေရာတွေမှာ ပင်လယ်ဓားပြတွေ နေထိုင်ကျက်စားမှု အများဆုံး ဖြစ်တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ ဒါ့အပြင် ပင်လယ်ဓားပြတွေသည် အစာရေစာ ငတ်မွတ်ခေါင်းပါးလာပြီး သေဘေးနဲ့ ကြုံတွေ့ရတော့မယ့်အခါ ကိုယ့်ရဲ့ အဖွဲ့သား အချင်းချင်းကိုတောင် သတ်ပစ်ကာ စားသုံးကြတယ်လို့လည်း ရှေးလူကြီးတွေက ပြောပြခဲ့ကြပါတယ်။

အီတလီနိုင်ငံရှိ Poveglia ကျွန်း

ကွီး ကျွန်း

ရောမအင်ပါယာကတောင် ရှောင်ကြဥ်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သင်္ဘောသားများ၊ ငါးဖမ်းသမားများလည်း လုံးဝကို ခြေမချကြပါဘူး။ အကြောင်းကတော့ ထိုနေရာသည် ပလိပ်ရောဂါ အကြီးအကျယ် ဖြစ်ပွားတုန်းက ကွာရန်တင်းဇုန်အဖြစ် သတ်မှတ်ထားပြီး သေဆုံးသွားတဲ့ လူနာများကိုလည်း ထိုနေရာမှာပဲ မြှုပ်နှံထားတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ Miyakejima

ကွီး ကျွန်း

ဒီကျွန်းသေးသေးလေးမှာ Oyama လို့ခေါ်တဲ့ မီးတောင်အကြီးကြီးတစ်ခု တည်ရှိပြီး ၂၀၀၀ ခုနှစ်က နောက်ဆုံးအကြိမ် မီးတောင် ပေါက်ကွဲတုန်းက ထိုဒေသရှိ နေထိုင်သူတွေသည် မီးတောင်ပေါက်ကွဲခြင်းကြောင့် အန္တရာယ်ရှိတဲ့ အဆိပ်ပြင်းဓာတ်ငွေ့များပါဝင်တဲ့ တိမ်တိုက်ဂတ်စ်တွေနဲ့ ထိတွေ့ခြင်း ခံခဲ့ရပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေက နေထိုင်သူများကို အမြန်ဆုံး ရွေ့ပြောင်းခဲ့ကြပြီး ၅ နှစ်ကြာသည်အထိ ပြန်သွားခွင့် မရအောင် ပိတ်ပင်ထားခဲ့ကြတာပါ။

ကွီး တို့ရော ဒီ ကျွန်း များထဲက ဘယ်ကျွန်းဆီသို့ သွားရောက်လည်ပတ်ချင်ပါသလဲ။

Source: Smapse

Featured Image: Freepik