ကြိုးပေါင်း သောင်းခြောက်ထောင်နဲ့ ရှုပ်ယှက်ခတ်နေတဲ့ အလုပ်စားပွဲမျိုးကို ဘယ်သူကမှ မလိုချင်ကြပါဘူး။ သပ်သပ်ရပ်ရပ်လေးနဲ့ မြင်ကွင်းရှင်းပြီး ကြည့်လိုက်တာနဲ့ အလုပ်လုပ်ချင်စရာကောင်းတဲ့ အလုပ်စားပွဲမျိုးကိုသာ လိုချင်ကြတာပါ။ ထိုကဲ့သို့ အလုပ်စားပွဲမျိုးနဲ့ အလုပ်လုပ်ချင်တဲ့ ကွီး တို့အတွက် အကောင်းစား ကြိုးမဲ့ ကီးဘုတ် တွေရှိပါတယ်။
ကွီး တို့ရဲ့ ဘတ်ဂျက် အနည်းအများအလိုက် ရွေးချယ်ဝယ်ယူနိုင်ဖို့ရန်အတွက် အကောင်းစား ကြိုးမဲ့ ကီးဘုတ် များကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။
Logitech K780

Logitech က ထုတ်ထားတဲ့ K780 မော်ဒယ်အမျိုးအစားကတော့ အကောင်းဆုံး ကြိုးမဲ့ကီးဘုတ်အဖြစ် သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဈေးနှုန်း ၆၅ ယူရို ပေးဝယ်ရမှာဖြစ်ပါတယ်။ ကွန်ပျူတာအပြင် Tablet များနှင့်လည်း ချိတ်ဆက်နိုင်တာကလည်း သူ့ရဲ့ အားသာချက်တစ်ခုပါပဲ။
AmazonBasics Wireless Keyboard

ဒီကီးဘုတ်လေးကတော့ Amazon က ထုတ်လုပ်တဲ့ ကီးဘုတ်တစ်ခု ဖြစ်ပါတယ်။ သူကတော့ ဘက်ဂျက်ပိုင်း ချွေတာချင်ပြီး အရည်အသွေးကောင်းတာမျိုးလည်း လိုချင်သူများအတွက် သင့်တော်ပါတယ်။ ဈေးနှုန်းကတော့ ၁၇ ယူရိုပဲ ပေးချေရမှာ ဖြစ်ပါတယ်။
Logitech MX Keys Mini

Bluetooth 5.1 ရှိတဲ့ ကီးဘုတ်တစ်ခုဖြစ်ပြီး ဒီဇိုင်းကလည်း သက်သောင့်သက်သာနဲ့ လက်ကွက် ရိုက်နှိပ်နိုင်အောင် တီထွင်ပေးထားတာကို မြင်တွေ့ရမှာပါ။ ဈေးနှုန်းအားဖြင့်တော့ ယူရို ၁၀၀ ပေးဝယ်ရမှာပါ။
Microsoft Surface Keyboard

Microsoft Surface မှ Surface ဖြစ်နေကြတဲ့ ကွီး တို့အတွက် လက်ရှိမှာ ရေပန်းစားနေတဲ့ ကြိုးမဲ့ ကီးဘုတ်တစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၈၀ ကုန်ကျမှာဖြစ်ပါတယ်။ ဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်လေးနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ ကီးဘုတ်တစ်ခုပါ။
Logitech Craft

High-End ကြိုးမဲ့ ကီးဘုတ်မျိုးကို ဝယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ Logitech ရဲ့ Craft မော်ဒယ်အမျိုးအစားကို အသုံးပြုသင့်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၁၄၄ ယူရို ကုန်ကျမှာ ဖြစ်ပါတယ်။
Microsoft All-in-One Media Keyboard

All-In-One ဆိုတဲ့အတိုင်းပဲ ကီးဘုတ်တစ်ခုတည်းနဲ့တင် Feature မျိုးစုံ စုံစုံလင်လင်ပါဝင်တာကို မြင်တွေ့ရမှာပါ။ Mouse မလိုတဲ့ Integrated Touchpad အပြင် Media Controls ပါ ထည့်သွင်းပေးထားတာကို မြင်တွေ့ရမှာပါ။ ဈေးနှုန်းကတော့ ၂၉ ယူရို ပေးဝယ်ရပါလိမ့်မယ်။
Razer Pro Type Ultra

ဒီကြိုးမဲ့ကီးဘုတ်ကလည်း အမိုက်စားပါပဲ။ သူ့တစ်ခုတည်းနဲ့တင် Device လေးမျိုးကို တစ်ချိန်တည်းမှာ ချိန်ဆက်နိုင်ပါတယ်။ Mac ရော PC ပါ ချိတ်ဆက်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၁၆၀ ကုန်ကျမှာဖြစ်ပါတယ်။
Logitech G613

ဂိမ်းဆော့ရတာ နှစ်သက်တဲ့ ကွီး တို့အတွက် အကောင်းစား ကြိုးမဲ့ ကီးဘုတ် တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၉၀ ပေးဝယ်ရမှာပါ။
Logitech K380

သေးသေးကွေးကွေးလေးနဲ့ Compact ဖြစ်တဲ့ ကီးဘုတ်တစ်ခုဖြစ်ပါတယ်။ Logitech ဖန်တွေအတွက်တော့ အကြိုက်တွေ့ကြမှာပါ။ အရောင်ကလည်း ပုံမှန်မြင်တွေ့နေကျ အနက်ရောင်မဟုတ်ဘဲ ဆန်းသစ်တဲ့အရောင်မျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယူရို ၃၃ ပေးချေရမှာဖြစ်ပါတယ်။
Source: Expertreviews
Featured Image: Khojdeal
 
											
				 
									 
	 
	 
	 
	 
	 
	