အသားအရေ အစိုဓာတ်ထိန်းချင်ပြီး မိမိအသားအရေကို ဂရုစိုက်သော ကွီးတို့အတွက် ခန္ဓာကိုယ်အတွက် Body Scrub တိုက်ခြင်းသည် ရေချိုးတဲ့အချိန်တိုင်း ပုံမှန်ပြုလုပ်သင့်တဲ့ အလေ့အထတစ်ခုပဲဖြစ်ပါတယ်။

Body Scrub အမျိုးအစားများတွင် ကော်ဖီအခြေခံကာ ပြုလုပ်ထားသော Body Scrub ၊ ဆား အခြေခံကာ ပြုလုပ်ထားသော Body Scrub နှင့် သကြားကို အခြေခံကာ ပြုလုပ်ထားသော Body Scrub ဆိုပြီး အမျိုးမျိုးရှိပါတယ်။

Body Scrub ကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် အရေပြားရှိ ဆဲလ်သေများ ဖယ်ရှားပေးကာ အသားအရေက ညိုညစ်ညစ်မဖြစ်တော့ဘဲ အသားအရေကြည်လင်ဝင်းပလာခြင်း၊ အသားအရေ ပိုမိုနူးညံ့ချောမွတ်လာခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးကာ အသားအရေ ကို အစိုဓာတ် ထိန်းပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရစေပါတယ်။

Body Scrub များကို ဘယ်လိုအသုံးပြုရမလဲ။

What Are the Benefits of Body Scrubs?

Photo: Essencespalounge

၁။ အရင်ဦးဆုံး ခန္ဓာကိုယ်ကို ရေနွေးနွေးလေးဖြင့် လောင်းချလိုက်ပါ။

၂။ Scrub များကို လက်ချောင်းထိပ်ဖြင့် ခန္ဓာကိုယ်အနှံသုတ်လိမ်းပေးလိုက်ပါ။

၃။ ထို့နောက် ခေါင်းအစ ခြေအဆုံး စက်ဝိုင်းပုံသဏ္ဍာန် ပွတ်တိုက်ပေးလိုက်ပါ။

၄။ ပြီးရင်တော့ ရေနွေးနွေးလေးဖြင့် ပြန်လည်ဆေးကြောသန့်စင်ပေးလိုက်ပါ။

၅။ ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များကို ရိတ်ချင်ပါက ဒီအဆင့်မှာ ရိတ်နိုင်ပါတယ်။

၆။ ထို့နောက် သဘက်ဖြင့် ခပ်ဖွဖွလေး သုတ်ပေးလိုက်ပါ။

၇။ နောက်ဆုံးမှာတော့ Moisturizer လိမ်းကျံကာ အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။

Body Scrub များကိုဘယ်အချိန်တွေမျာ အသုံးပြုသင့်သလဲ။

What Are the Benefits of Body Scrubs?

Body Scrub များကို နေ့စဉ် အသုံးပြုခြင်း (သို့) တစ်ရက်ခြားတစ်ခါ အသုံးပြုခြင်းသည် အသားအရေကို ယားယံခြောက်သွေ့စေပါတယ်။ ဒါ့ကြောင့် တစ်ပတ်လျှင် နှစ်ကြိမ်ခန့်သာ အသုံးပြုသင့်ပါတယ်။ နှစ်ကြိမ်ထက် ပိုအသုံးမပြုသင့်ပါဘူး။ Sensitive သမားများဆိုလျှင် တစ်ပတ်လျှင် တစ်ကြိမ်သာ အသုံးပြုသင့်ပါတယ်။

Homemade Coffee Scrub ပြုလုပ်နည်း

What Are the Benefits of Body Scrubs?

Photo: Mensopedia

ကွီးတို့အနေနနဲ့ မိမိအိမ်မှာ ကော်ဖီ Scrub လေးကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

လိုအပ်မယ့်ပစ္စည်းများကတော့ ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း၊ ရေနွေးပူ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် အုန်းဆီ နွေးနွေးလေး စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါမယ်။ အရင်ဦးဆုံး ကော်ဖီမှုန့်နှင့် ရေနွေးတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် အုန်းဆီ ထည့်ကာ သမအောင် ထပ်မွှေးပါ။ ရရှိလာတဲ့ ကော်ဖီ Scrub ကို မိနစ်အနည်းငယ်ခန့် အအေးခံပေးလိုက်ပါ။

အေးသွားပြီဆိုရင်တော့ အသုံးပြုလို့ရပါပြီ။

ကွီးတို့အားလုံး စိုပြေဝင်းပကာ နူးညံ့တဲ့အသားအရေလေး ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Healthline.com

Featured Image: Valetmag