ကိုယ့်ရဲ့ချစ်သူကောင်မလေးကြောင့် တစ်ခါတရံမှာ စိတ်မွန်းကြပ်သလို ခံစားနေရပါသလား။ ကွီး တို့ရဲ့ ချစ်သူကောင်မလေး က ကွီးတို့ကို ထိန်းချုပ် နေတဲ့အခါ ထွက်ပေါက်ပိတ်နေသလို ခံစားရတာ အမှန်ပါပဲ။
တစ်ယောက်နဲ့တစ်ယောက်သည် ဘယ်လောက်ပဲ ချစ်နေကြပါစေ။ သူ့လွတ်လပ်ခွင့် ကိုယ့်လွတ်လပ်ခွင့်ဆိုတာ ရှိကြတာကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကို အရမ်းကာရော ဝင်ရောက်စွက်ဖက်လာပြီဆိုရင်တော့ ထိုသမီးရည်းစားဆက်ဆံရေးသည် ရေရှည်တည်တံ့ခိုင်မြဲမှာမဟုတ်ပါဘူး။
ကွီး တို့အနေနဲ့ ကိုယ့် ချစ်သူကောင်မလေး ဆီက အခုဖော်ပြပါ လက္ခဏာများ မြင်တွေ့နေရပြီဆိုရင်တော့ သေချာပါတယ်။ ကွီး တို့သည် ထိန်းချုပ်ခံနေရပါပြီ။ ဒါဆိုရင် ဘယ်လိုမျိုး ပြန်လည်တုန့်ပြန်ရမလဲ ဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
ကိုယ်ကချည်းပဲ အပြစ်တင်ခံနေရပါသလား

Photo: Verywellmind
ကိုယ့်လုပ်ရပ်က မှန်နေရင်တောင်မှာ အနည်းငယ် ကတောက်ကဆဖြစ်ပြီးတဲ့နောက်မှာ ကိုယ့်အမှားချည်းပဲ ဖြစ်နေသယောင်ယောင် လွှဲချနေပါသလား။ အမှားတွေ အကုန်လုံးကို သင့်ထံ လွှဲချပြီး သူကတော့ အပြစ်ကင်းသယောင်ယောင်၊ အနစ်နာခံရသူဖြစ်အောင် ပုံဖော်နေပြီဆိုရင်တော့ ကွီးတို့အားလုံး သတိထားဖို့လိုပါပြီ။ မကြာခင်ကပဲ သူ(မ)သည် ကွီးတို့ကို ထိန်းချုပ်တော့မှာဖြစ်ပါတယ်။
သူ(မ) စီစဉ်ထားသလို မဖြစ်လာရင် အလွယ်တကူဒေါသပုန်ထလာတယ်
သူ(မ) အစီအစဉ်အတိုင်း မဖြစ်လာတဲ့အခါ၊ သူ(မ) စိတ်တိုင်းကျ သင်က မဖြည့်ဆည်းပေးတဲ့အခါ သူ(မ)သည် အလွယ်တကူ ဒေါသထွက်လာပြီး သူ(မ)ဖြစ်စေချင်တဲ့အတိုင်း ပြန်လည်လုပ်ခိုင်းပါတယ်။ သူ(မ) ဖြစ်စေချင်သလို မလုပ်ပေးတော့တဲ့အခါ လမ်းခွဲလိုက်တော့မယ်၊ မချစ်တော့ဘူး ဆိုတဲ့ စကားလုံးများနဲ့ ခြိမ်းခြောက်လာပါလိမ့်မယ်။
သင် လုပ်သမျှတွေသည် ဘယ်တော့မှ အကောင်းပြောမခံရဘူး
သင်သည် သူ(မ)အတွက် ဘယ်လောက်ပဲ ဖြည့်ဆည်းပေးနေပါစေ သူ(မ)ဘက်က ကျေနပ်တင်းတိမ်ရောင့်ရဲမှုမရှိဘဲ သင့်ကို ဒီ့ထက်ပိုပြီး ဖြည့်ဆည်းပေးစေချင်ပါလိမ့်မယ်။ တဖြည်းဖြည်း အချိန်ကြာလာသည်နှင့် သင့် စိတ်ထဲမှာ ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက် ဘာကိုမှ မဖြည့်ဆည်းပေးနိုင်ပါလားဆိုပြီး သင်ကိုယ်တိုင်တောင် ထင်မှတ်လာပါလိမ့်မယ်။
သင် ဘာတွေ လုပ်နေသလဲဆိုတာကို မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ မေးခွန်းထုတ်နေမယ်

Photo: iStock
ကိုယ့်ချစ်သူကို ထိန်းချုပ်တတ်တဲ့သူတွေသည် များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိတဲ့သူတွေ များပါတယ်။ ဒါ့ကြောင့် သင် ဘာလုပ်မှာလဲ။ ဘယ်သွားမှာလဲ။ ဘယ်သူနဲ့ သွားမှာလဲ စတဲ့ မေးခွန်းတွေနဲ့ သင့်ကို အမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်နေမှာဖြစ်ပါတယ်။
သင့် ကိုယ်ပိုင်အချိန်တွေကို ဝင်ရောက်စွက်ဖက်နေမယ်

Photo: Goodmenproject
ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမှာလည်း ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အိမ်မပြန်သေးဘူးလား။ ဘယ်တော့ပြန်မှာလဲ စသည်ဖြင့် မေးမြန်းနေခြင်း (သို့) ကိုယ့် သူငယ်ချင်းတွေနဲ့တောင် အပြင်ထွက်ခွင့်မပေးခြင်း၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ကိုတောင် ကိုယ့် စိတ်ကြိုက်အသုံးမပြုနိုင်ဘဲ သူ(မ)အတွက်သာ အချိန်ပေးစေခြင်း စတဲ့အချက်တွေသည် ကွီး တို့ကို ကွီးတို့ ချစ်သူကောင်မလေး က ထိန်းချုပ် နေကြာင်း သိသာထင်ရှားတဲ့အချက်ပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ အခုဖော်ပြသွားတဲ့ အချက်တွေထဲက ဘယ်နှချက်လောက်ကို ကြုံတွေ့ခံစားနေရပါသလဲ။ တစ်ချက်တစ်လေလောက်သာ တွေ့ရတယ်ဆိုရင် ကိစ္စမရှိပေမယ့် အချက်အားလုံးနဲ့ ကိုက်ညီနေမယ့်ဆိုရင်တော့ သင်တို့နှစ်ယောက်ရဲ့ သမီးရည်းစားဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါတယ်။
သင့်အနေနဲ့ ထိုကဲ့သို့ ထိန်းချုပ်ခံနေရတာကို မကြိုက်ကြောင်း၊ သူ့ကို ချစ်တာမှန်ပေမယ့် တစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝကို အခြားတစ်ယောက်က လေးစားရမှာဖြစ်ကြောင်း နားဝင်အောင် ရှင်းပြဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ Healthy Relationship တစ်ခုကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။
Source: Lovepanky.com
Featured Image: Drquintal


